* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 20, 2009

နာမပရူ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း (၁)


ကျေးဇူးရှင် (မူလ)ကသစ်ဝိုင်ဆရာတော်ကြီး ဟောကြားတော်မူအပ်သော


နာမပရူ ပရိစ္ဆေဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ တရားတော်


အေကၡယ် သညိေနာ သတၱာ၊ အေကၡယ်သၼိ ံ ပတိ႒ိတာ။

အက္ခေယျံ အပရိညာယ၊ ယောဂ မာယန္တိ မစ္စုနော။


အက္ခေယျသညိနော- အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော နာမ်အစစ် ရုပ်အစစ်၌ အသက်၊ လိပ်ပြာ၊ အကောင်သတ္တ၀ါလို့ အမှတ်မှားနေကြကုန်သော။ အက္ခေယျသ္မိံ-သက်လိပ်ပြာ အကောင်သတ္တ၀ါ မဟုတ်သော နာမ်အစစ် ရုပ်အစစ်၌။ ပတိဋ္ဌိတာ-အသက်၊ လိပ်ပြာ၊ အကောင်သတ္တ၀ါဟု စိတ်ထဲမှာ စွဲစွဲမြဲမြဲ ခိုင်ခိုင်ခန့်ခန့် တည်တည်တံ့တံ့ ဖြစ်နေကြကုန်သော။ သတ္တာ-ပုပုရွရွ မြင်မြင်သမျှ အန္ဓပုထုဇဉ် မှန်သမျှတို့သည်။

အက္ခေယျံ- အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော ရုပ်အစစ် နာမ်အစစ်တွေကို။ အပရိညာယ - ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မသိမမြင်ကြခြင်းကြောင့်။ မစ္စုနော- အိုမင်း၊ နာမင်း၊ သေမင်း၊ မာရ်နတ်မင်း၏။ ယောဂံ-သူပိုင်နက် ထဲတည်းဟူသော (၃၁)ဘုံနယ်ထဲသို့။ အာယန္တိ-မုချမသွေ တစ်လိုက်ထဲလိုက်ပါ၍နေကြရ ကုန်တော့၏တကား။ သာဓု သာဓု သာဓုပါဘုရား။ ။ ။


ဤဒေသနာတော်၏ အဓိပ္ပါယ်ကား ရှေ့နားက နာမ် ရုပ်ကို ရေးထားပြီး၊ နောက်နားက သေတာလေးကို သုံးခုပိုင်းပြီးရေးထားပါ။ (နာမ် - ရုပ် - သေ) နောက်တုန်းကလည်း နာမ်ရုပ်ကို မမြင်ခဲ့လို့ သေဖူးခဲ့ပြီ၊ ယခုလည်း သေတုန်း၊ နောင်ကိုလည်း နိဗ္ဗာန်မရမချင်း သေရလိမ့်အုံးမယ်လို့ဆိုတာ ကျိန်းသေ မှတ်ကြပါ။ (နာမ်ရုပ် - မွေး၊နာ၊အို) အရင်တုန်းကလည်း နာမ်ရုပ်ကို မမြင်ခဲ့လို့ မွေးဖူးခဲ့ပြီ၊ အိုလည်းအိုခဲ့ဖူးပြီ၊ နာလည်းနာခဲ့ဖူးပြီ။ ယခုလည်း မွေးတယ်၊ အိုတယ်၊ နာနေတယ်၊ နောင်ကိုလည်း နာမ်ရုပ်ကို မမြင်သေးသမျှ မွေးရလိမ့်အုံးမယ်၊ အိုရအုံးမယ်၊ နာရပါအုံးမယ်။

ကိုယ်ဆင်းရဲသော ဒုက္ခ၊ စိတ်ဆင်းရဲ ဒုက္ခ၊ ချစ်သောသူတို့နှင့် ကွေကွင်းရတယ်ဆိုသော ဒုက္ခ၊ မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ နေရခြင်း ဒုက္ခ၊ ရတာမလိုလိုတာမရသော ဒုက္ခတွေသည်လည်း နာမ်-ရုပ် မမြင်သမျှ ဤဒုက္ခတွေကို ကြုံခဲ့ဖူး ပေါင်းလည်းများလှပြီ၊ တွေ့ကြုံနေတုန်းလည်း ဖြစ်ပါတယ်။ နောင်ကိုလည်း နာမ်-ရုပ် မမြင်သမျှ တွေ့ကြုံကြရအုံးမယ်။ အပါယ်ဆင်းရဲကိုလည်း အကြိမ်ကြိမ် ကျနေရအုံးပါမယ်။ မကျဖူးသော အပါယ်ဆိုတာ မရှိဘူးနော်။

တိရစ္ဆာန်မျိုးစုံ အကုန်လည်းဖြစ်ဖူးခဲ့ပြီ။ တိရစ္ဆာန်ထက်ဆိုးသော ပြိတ္တာလည်း အကုန် ဖြစ်ခဲ့တယ်။ ပြိတ္တာ ထက်ဆိုးသော အသူရကာယ်မျိုးစုံလည်း အကုန် ဖြစ်ခဲ့ကြပါတယ်။ အသူရကာယ်ထက်ဆိုးတဲ့ ငရဲအနန္တလည်း ကျခဲ့သော အကြိမ်လည်းများလှပြီ။ နောင်ကိုလည်း နိဗ္ဗာန်မရောက်မချင်း ကျရလိမ့်အုံးမယ်ဆိုတာကို သေချာမှတ်ကြပါ။

ဒီတစ်ခါ သံသရာဝဋ်ဆင်းရဲဘေးကြီးများကို ရေးမှတ်ထားကြည့်ပါ။ နာမ်ရုပ်ကို မမြင်ခဲ့တော့ အို၊ နာ၊ သေရေး သံသရာဝဋ်ဆင်းရဲဘေးကြီးတွေကို တွေ့ခဲ့ဖူးတာတွေများလှပြီ။ ယခုလည်း တွေ့ကြုံတုန်းပါ၊ နောင်လည်း နိဗ္ဗာန်မရောက်မချင်း ဧကန်တွေ့ရလိမ့်အုံးမယ်ဆိုတာ ကျိန်းသေမှတ်ကြပါ။

ဆိုးတဲ့ အပြစ်တွေ မှန်သမျှ နာမ်ရုပ် မမြင်ခဲ့လို့ ဆိုတာမှတ်ကြပါ၊ နာမ်ရုပ်များမြင်တဲ့ ပုဂ္ဂိုလ်ကြပြီဆိုရင် ဆိုးတာတွေမရှိတော့ဘူး။ ဒီလို ပုဂ္ဂိုလ်တွေဆိုရင် သမ္မာသမ္ဗောဓိဆုတွေဖြစ်တဲ့ ဘုရားအဖြစ်၊ ပစ္စေကဗောဓိ ဖြစ်တဲ့ ပစ္စေကဗုဒ္ဓါ၊ သာဝကဗောဓိဆုဖြစ်တဲ့ ရဟန္တာအဖြစ် ဒါလေးတွေကိုမှတ်ထားကြပါ။

နာမ်ရုပ်များတကယ်မြင်ပြီဆိုရင် ဘုရားဖြစ်ခဲ့တာတွေလည်းများခဲ့ကြပြီ။ ပစ္စေကဗုဒ္ဓါတွေလည်း များလှပြီ။ ရဟန္တာတွေလည်းများလှပြီ။ နာမ်ရုပ် မမြင်သေးသမျှကာလပတ်လုံး သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ဘုရားဖြစ်ဖို့ ထုံးစံမရှိဘူးနော်။

နာမ်-ရုပ် မမြင်သေးသမျှ အပါယ်ဆင်းရဲက ဘယ်တော့မှ မလွတ်နိုင်ဘူးဆိုတာမှတ်ထားကြပါ။ ဒါကြောင့် အပါယ်လေးပါးမှ လွတ်လပ်ရေးရ ချင်တယ်ဆိုရင် နာမ်-ရုပ်လေးမြင်အောင်လုပ်ကြပါ။နာမ်-ရုပ်မြင်ရတဲ့ အကျိုးကျေးဇူးတွေ အင်မတန်များတယ်ဆိုတာ ကိုပါမှတ်ထားကြပါ။ နာမ်ရုပ်တကယ်မြင်မယ်ဆိုရင် ဘာဝနာ မယဒါနအဖိုးတန်လည်းဖြစ်ပါတယ်။ နိဗ္ဗေဓ ဘာဝီယ သီလ အဖိုးတန်လည်း ဖြစ်ပါတယ်။ နိဗ္ဗေဓ ဘာဝီယ သမထ အဖိုးတန်လည်းဖြစ်ပါတယ်။ နာမ်ရုပ်မြင်တယ်ဆိုရင် လောကီချမ်းသာတွေနှင့် ပြည့်စုံစေနိုင်ပြီး ဘေးအမျိုးမျိုး ရန်အမျိုးမျိုး ရင်ဆိုင်တိုးရာတွင်လည်း အမှန်စင်စစ် အားကိုးရာလည်းမည်ပါပေတယ်။

“သေခါနီးလျှင် တရားမြင် ဘ၀ပြောင်းတာ နောက်မှထင်၊ သမဏနတ်သား သက်သေတင်” ဆိုတဲ့ အင်္ဂုတ္ထိုရ်ကျမ်း ပါဋ္ဌိတွင်ပါရှိသည့်အတိုင်း နာမ်-ရုပ်မြင်တဲ့ကျေးဇူးတွေက အကျိုးများ လှပါတယ်။ ဒါကြောင့် အက္ခေယျံ-အသက်လိပ်ပြာ အကောင်သတ္တ၀ါမဟုတ်သော နာမ်အစစ် ရုပ်အစစ်တွေကို၊ အပရိညာယ-ပိုင်းခြားထင်ထင် ကိုယ့်ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် မတွေ့မမြင်ကြသည့်အတွက်ကြောင့် မစ္စုနော-အိုမင်း နာမင်း သေမင်း မာရ်နတ်မင်း၏၊ ယောဂံ-သူပိုင်နက်ထဲတည်းဟူသော သုံးဆယ့်တစ်ဘုံနယ်ထဲသို့၊ (သို့) မွေး-သေ၊ မွေး-သေ အဆက်မပြတ်တို့ ပရမတ်သံသရာနယ်ထဲသို့၊ အာယန္တိ-မုချမသွေ လိုက်ပါ၍နေကြကုန်တော့၏ တကား။ သာဓု သာဓု သာဓုပါဘုရား။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP