* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 8, 2009

ပပဥၥတရား


ရှည်လျားလှသော ဘ၀သံသရာတွင် ပုထုဇဉ်သတ္တ၀ါ အနန္တတို့သည် သံသရာနယ်ချဲ့တရားတို့၏ ပြုပြင်မှု၊ လွှမ်းမိုးမှုကို အမြဲထာဝရ ခံနေကြရသည်။ ၃၁-ဘုံတည်းဟူသော လောကမှလည်း မလွတ်မြောက်နိုင်ဘဲ တ၀ဲလည်လည် ခံစံနေကြရသည်။ မြတ်ဗုဒ္ဓသည် သံသရာရှည်စေသော အကြောင်းများစွာကို သတ္တ၀ါတို့၏ စရိုက်အားလျော်စွာ ၄၅-၀ါပတ်လုံး အမျိုးမျိုးဖွင့်ပြ၍ ရှင်းလင်း ဟောကြားတော်မူသည်။

ထိုသို့ဟောကြားရာတွင် အရင်းခံဖြစ်သော အယူအစွဲများကိုလည်း ညွှန်ပြတော်မူခဲ့၏။ ယင်းတို့မှာ လူတိုင်းတွင် အနုသယအနေနှင့် ရှိနေကြသော ထင်သုံးလုံး ဖြစ်သည်။ လူတကိုယ် ထင်တတလုံး-ဟုလည်း ပြောစမှတ်ပြုကြ၏။ တရားသဘောအရ လူတကိုယ် ထင်တလုံး ရှိနေကြပါသည်။
၁။ မိမိကိုယ်ကို မိမိပိုင်သည်ဟု ထင်နေသော တဏှာ-ထင်တလုံး။
၂။ ဤကိုယ်ကို ငါ-ဟု ထင်နေသော မာန-ထင်တလုံး။
၃။ ဤခန္ဓာကိုယ်မှာ ဘ၀တခုမှ ဘ၀တခုသို့ ပြောင်းသွားသော ၀ိညာဉ်ရှိ၏ဟု ထင်နေသော ဒိဋ္ဌိ-ထင်တလုံး။

ထိုထင်သုံးလုံးသည်သံသရာရှည်စေသော နယ်ချဲ့အစွဲများ ဖြစ်သည်။ ယင်းထင်သုံးပါးဖြစ်သော တဏှာ-မာန-ဒိဋ္ဌိသည် သတ္တ၀ါတို့အား သံသရာ၌ ရှည်မြင့်စွာ စုန်ဆန်လှည့်လည်စေတတ်သောကြောင့် ပပဉ္စ-အမည် ပေးတော်မူခဲ့သည်။ မာန်ယစ်စေသော အခြင်းအရာ၊ မေ့လျော့သော အခြင်းအရာ၊ အမှားကို နှလုံးသွင်းသူအဖြစ်သို့ ရောက်စေသောအခြင်းအရာကြောင့်လည်း ပပဉ္စ-အမည် ခေါ်ရသေး၏။

ယင်းပပဉ္စ တရားတို့၏ အစွမ်းဖြင့် သံသရာတွင် နစ်မွန်းနေကြရခြင်း၏ အကြောင်းရင်းမှာ နယ်ချဲ့ရန်သူကို မသိမြင်ခြင်း၊ သို့သော်လည်း ပယ်သတ်နည်းကို မသိခြင်း၊ နည်းကို သိသော်လည်း လေးနက်စွာ အားထုတ်ကျင့်သုံးမှု မရှိခြင်းတို့ ဖြစ်လေသည်။ ထို့ကြောင့် ရှေးဦးစွာ တဏှာ-မာန-ဒိဋ္ဌိ တို့၏ အကြောင်းခြင်းရာတို့ကို စေ့ငုစွာ နားလည်သိရှိရန် လိုအပ်ပေသည်။ အပြောလွယ်ပါ၏။ တကယ်သိရှိ နားလည်ရန် သဘောပေါက်ရန် မလွယ်ပါ။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုစိတ်ကို အဓိပတိတပ်၍ ဆရာကောင်း သမားကောင်းများထံ ဆည်းကပ်နည်းယူကာ စနစ်တကျ လေ့လာသင်ယူမှသာ သဘောပေါက်ပါမည်။

တဏှာသည် အနုသယအနေအားဖြင့် ကာမရာဂါနုသယ၊ ဘ၀ရာဂါနုသယ ဟူ၍ အမည်နှစ်မျိုး ခံယူလျက် သတ္တ၀ါတို့အား နယ်ချဲ့လျက်ရှိသည်။ ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်-သုံးဦး။ သို့မဟုတ်-အနာဂါမ်-ပါ လေးဦးတို့အား နယ်ချဲ့နိုင်၏။
မာနာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဟူ၍ လေးဦးတို့ကို တပြောင်းပြန်ပြန် ကျင်လည်စေသည်။
ဒိဋ္ဌာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ် တဦးကိုသာ နယ်ချဲ့စေနိုင်သည်။

အနည်းဆုံး သောတာပန်စခန်းရောက်အောင် ကြိုးစားအားထုတ်ထားလျှင် ဤပပဉ္စတရားသည် အလွန်ဆုံး ခုနစ်ဘ၀သာ နယ်ချဲ့နိုင်တော့သည်။ သို့ဖြစ်၍ ယခုကဲ့သို့ ဒုလ္လဘ လူ့ပဒေသာပင်ကို ရနေသော အချိန်ကာလကောင်းတွင် ပညာဉာဏ်ကြီးမား၊ ကရုဏာရှေ့ထား၍ ကြိုးစားသင်ကြားပေးနေကြသော ဆရာသမားကောင်းများကို ဆည်းကပ်လျက် သံသရာဝဋ်မှ ကျွတ်လွတ်ရေး၊ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ရေးကို ကြိုးစားတော်မူကြပါဟု နှိုးဆော်အားပေးလိုက်ရပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP