ဇူလိုင်လတွင် လှူဒါန်းမည့်နေရာများ
ယခုဇူလိုင်လတွင် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အနေဖြင့် လှူဒါန်းရန်နေရာများကို အောက်ပါတိုင်း သတ်မှတ်၍ လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။
၁။ ဦးဝိလာသ
ဝိလာသရာမ မော်ကျွန်းကျောင်း၊ အောင်မင်္ဂလာရပ်ကွက်၊ ၂ လမ်း၊ သင်္ကန်းကျွန်းကြီးကျေးရွာ၊ မင်္ဂလာဒုံမြို့နယ် (အောင်စည်းခုံဘုရားအနီး)ဖြစ်ပါသည်။ ၄င်းဘုန်းတော်ကြီးကျောင်းနေရာတွင် ကိုရင်များ၊ ကျောင်းသားများအတွက် ညအချိန် စာပေကို မီးအဆင်မပြေမှုကြောင့် ခက်ခဲစွာကြိုးစားနေရပါသည်။ သောက်ရေအတွက်လည်း လိုအပ်လျှက်ရှိနေသောကြောင့် ထိုနေရာတွင် မီးစက်၊ ရေစက်များ လှူဒါန်းသွားမည်ဖြစ်ပါသည်။
၂။ အ.လ.က( ဖိုးခေါင်) ဖိုးခေါင်ကျေးရွာအုပ်စု ၊ သုံးဆယ်မြို့ ၊သာယာဝတီမြို့နယ် ၊ ပဲခူးတိုင်း (အနောက်ပိုင်း) ဖြစ်ပါသည်။ ထို အ.လ.က ကျောင်းတွင် ကျောင်းသားများအတွက် စာသင်ခုံတန်းများ မပြည့်စုံသောကြောင့် စာသင်ခုံများ လှူဒါန်းသွားမည်ဖြစ်ပါသည်။

0 comments:
Post a Comment