* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 8, 2009

ဒေါက်တာအရှင်ဇယတိဿရဲ့-သစ္စာပါရမီ-တရားရိပ်သာသစ်(စင်္ကပူ)


လေးစားချစ်ခင်ရပါသော စင်္ကပူနိုင်ငံမှ ဓမ္မမိတ်ဆွေ အပေါင်းတို့ရှင့်---

ကြားဘူးနားဝရှိတဲ့ စကားအရဆိုရင် လုပ်ငန်းခွင်စိတ်ဖိစီးမှု(stress) အများဆုံး နိုင်ငံ သုံးနိုင်ငံ ရှိပါတယ်တဲ့။ အဲဒါတွေကတော့ ၁-ကိုရီးယား၂-ဂျပန် ၃-စင်္ကပူ လို့ဆိုပါတယ်။

တစ်ခါက ကျွန်မရဲ့ ဂျီတော့ ထဲမှာ ဝင်လာတဲ့ ဓမ္မမိတ်ဆွေတစ်ယောက် ကို မှတ်မိနေပါတယ်။ ဓမ္မ ဘလော့ဂါ ပါလား--- ကျေးဇူးပြုလို့ သူခံစားနေရာတွေ အတွက် အရေးတစ်ကြီး နားလည် ကုစားပေးနိုင်မဲ့ ဘုန်းဘုန်း တစ်ပါး(သို့မဟုတ်) တရားရိပ်သာ တစ်ခုခု ရဲ့ သတင်းအချက်အလက် ရချင်ပါတယ်တဲ့။

ကျွန်မ ကဘယ်နိုင်ငံကလဲမေးတော့ စင်္ကပူကပါတဲ့။ အဲဒီ အချိန်က အခါအားလျော်စွာ ပိုင်းလော့ဆရာတော်ဘုရားကြီး စင်္ကပူ ရောက်နေတဲ့အခါနဲ့ တိုက်ဆိုင်နေတော့ အလွယ် တစ်ကူ တရားနာယူဘို့ လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။

ဓမ္မသတင်းတွေရဲ့ အရေးပါမှုကို ကျွန်မနားလည်သဘောပေါက်ခဲ့ပါတယ်။Stress Management ဟာ တကယ်လိုအပ်နေခဲ့ ပါပြီ..။ကျွန်မတို့ ဓမ္မ ဘလော့ဂါ-Dhamma Blogger တွေဟာ သံဃာတော်တွေနဲ့ လူတွေကြားပေါင်းကူးတံတား ဖြစ်နေရမယ်ဆိုတာ ခံစားသိ လေးရရှိခဲ့ပါတယ်။

အခုဖော်ပြချင်တဲ့ဓမ္မ သတင်းလေးကတော့ ဆရာတော် ဒေါက်တာ အရှင်ဇသတိဿ ရဲ့တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပေးမဲ့ တရားရိပ်သာ အသစ်လေးပါ။လိုအပ်သူများ ဆက်သွယ်ဆောင်ရွက်၊အားထုတ် နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင့်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP