* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 7, 2009

ဘိက္ခုသုံးမျိုး - မဟာစည်ဆရာတော်ဘုရားကြီး

“ဘိက္ခု”ဆိုတာ အကျဉ်းချုပ်အားဖြင့် သုံးမျိုးလောက် ရှိပါတယ်။

“ဘိက္ခတိ ယာစတီတိ ဘိက္ခု” တဲ့။
တောင်းတတ် အလှူခံတတ်လို့လဲ ဘိက္ခုလို့ ခေါ်တယ်တဲ့။

“ဘယံ ဣက္ခတီတိ ဘိက္ခု” တဲ့။
ဘယံ-ဘေးကို၊ ဣက္ခတိ-ရှုတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏ တဲ့။
ဘေးကို ရှုတတ်လို့တဲ့။ သံသရာဘေးတွေကို ရှုမြင်တတ်တယ်တဲ့။
သံသရာမှာ ဘဝအသစ်ဖြစ်ရင် ဖြစ်ရာဘဝမှာ အိုရမယ်၊ နာရမယ်၊ သေရမယ်၊ အဲဒီ ဘေးတွေကို မြင်တတ်လို့ ဘိက္ခုပဲတဲ့။
သံသရာဘေးတွေကို မြင်ပြီး သံသရာဘေးတွေက လွတ်မြောက်အောင် ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ် ‘ဘိက္ခု’လို့ ခေါ်တယ်။
သင်္ကန်းဝတ်ထားသည်ဖြစ်စေ၊ မဝတ်ထားသည်ဖြစ်စေ သံသရာဘေးက လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတွေ ရှာကြံ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို ‘ဘိက္ခု’လို့ ခေါ်တယ်။

“ကိလေသေ ဘိန္ဒတီတိ ဘိက္ခု” တဲ့။
ကိလေသေ-ကိလေသာတို့ကို၊ ဘိန္ဒတိ-ဖျက်ဆီးတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘိက္ခု-ဘိက္ခုမည်၏။
ကိလေသာ ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်၊ ဒါကတော့ မဂ်ရောက် ဖိုလ်ရောက် ပုဂ္ဂိုလ်ပဲ။
ကိလေသာကို ပယ်နိုင်တဲ့ ပုဂ္ဂိုလ်၊ အထက်တန်း ရောက်သွားပြီ။


(မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသော
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသည့် “သစ္စာလေးပါးတရားတော်” - စာ ၄၄၄-၄၄၅ မှ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP