ဆရာတော်ရဲ့ သဘောတရား
အမှန်တရားကို စတင်နားလည်လက်ခံလာတာလေးကို ချပြတာပါ။ တကယ်ရှိတဲ့ ပရမတ်
ကို ဘယ်ပုံဘယ်နည်း ပညတ်တင်တယ်ဆိုတာလေးပါ။ပညတ်အတင်လွဲရင်တော့ တစ်ဘဝ
လုံး အမှားကြီးမှားတော့မှာပါ။ တကယ့်တရားမှာ သိတဲ့အသိဥာဏ်ဟာ အင်မတန် တန်ဖိုး
ကြီးမားပါတယ်။ဘုရားရှင်က ရှင်အာနန္ဒာကိုတရားရဖို့ဟာ ၁၀၀ ရာခိုင်နှုန်း ဆရာသမား
ပေါ်မှာ မူတည်တယ်လို့ဟောခဲ့ပါတယ်။ ခုခေတ်တရားလုပ်သူတွေလည်း ဆရာသမား
ရှာကြပါတယ်။ စစ်မှန်တဲ့ဆရာဖြစ်ဖို့လိုပါ့မယ်။ဒီနေရာမှာ ဆရာတော်ဦးဥတ္တမသာရ ရဲရဲ
တောက်မိန့်ကြားသွားတာလေးတစ်ခုကိုပြောပြချင်ပါတယ်။“စာအုပ်ဖတ်နေရင်အဲဒီစာအုပ်
ရေးတဲ့သူကိုယ်တိုင်ကတရားမသိသေးရင်အချည်းအနည်းပဲတဲ့”။ဆိုလိုတဲ့အဓိပ္ပါယ်က
မထိရောက်ဘူးဆိုတာကိုပြောချင်တာပါ ဆရာတော်က လမ်းတစ်ခုကိုချပြတဲ့နေရာမှာ
ဒီလမ်းဆုံးကိုရောက်ဖူးတဲ့သူချပြမှသာ ပြီးပြည့်စုံမှာပါ တဲ့။လမ်းတစ်ဝက်ပဲရောက်ဖူးတဲ့သူ
ချပြရင် တစ်ဝက်ပဲ ချပြနိုင်မှာပါ။ နောက်တစ်ခုကတော့ ကိုယ်ထင်ရာ
ကိုယ်အမှန်တရား မလုပ်ဖို့ပါ။ဒီနေရာမှာလဲ မှတ်သားမိတဲ့စကားလေးတစ်ခွန်းကိုပြောပြချင်
ပါတယ်။ ဆရာတော်ရဲ့ သူခိုးကို သူခိုးဖမ်းတယ်ဆိုတဲ့စကားလေးပါ။ကျွန်တော်တို့ဟာ
ကိလေသာ ပလပွနဲ့ ပုထုဇဉ်တွေပါ။ဒီတော့ ဒီစိတ်နဲ့ တရားရှုရင် ငါပါတဲ့စိတ်နဲ့ ငါကိုဖမ်းဖို့
ကြိုးစားနေသလိုဖြစ်နေပါတယ်။ဒီတော့ ရှုတိုင်းရှုတိုင်းမှာ အရှုခံရော ရှုဥာဏ်ရော ငါဖြုတ်
တဲ့ ရှုနည်းလိုပါ့မယ်။ဒီလမ်းကတော့ အတိုဆုံးပါပဲတဲ့။ဆိုလိုတာက ၀ါကျတစ်ခုမှာ Subject
, Verb, Object ဆိုတဲ့ သုံးလုံးပါမှ ပြီးပြည့်စုံပါတယ်။ ကျွန်တော်တို့စိတ်မှာ ဖြစ်ပေါ်တဲ့စိတ်
ဟာလဲ ဒီသဘောတရားပါပဲ။ စားတယ် (Verb), ဘယ်သူစားနေတာလဲ (Subject),ဘာကို
စားတာလဲ (object)။ဒီတော့ ဒီ Subject , object တွေကို စွန့်ဖို့လိုပါတယ်။ဒါမှ စားတယ်
စားတာကစားနေတာပဲလေ။ကြားတာကလဲကြားရုံသက်သက်ပဲလေ။ငါကြားတယ်
ဘာကိုကြားတယ်တွေ ၀င်မရှုပ်စေပါနဲ့။ကိုယ်အထင်နဲ့ကိုယ် ငါဝင်ရှုပ်နေလို့ ငါစားတယ်
ငါကြားတယ် လုပ်နေတာပါ။ဒါလေးကို ဆရာတော်က ကိုယ်ထင်ရာ ကိုယ်အမှန်တရားလုပ်
နေရင် ဒီသံသရာကဆုံးမှာ မဟုတ်တော့ပါဘူးတဲ့။တကယ်တော့ အရာရာဟာ ပရမတ်ပါ။
ဒီပရမတ်ကိုပဲ ဘာပဲညာပဲလို့ ငါအသိနဲ့ သတ်မှတ်လိုက်ကြတာပါ။အတိတ်က အ၀ိဇ္ဇာနဲ့
သင်္ခါရ အကြောင်းကြောင့် အခုလက်ရှိဘ၀မှာ ခန္ဓာစဉ်ပေါ်မှာပဲလေ။ရှောင်လို့မရတော့်
ပါဘူးနော်။ဒါကြောင့် မြင်ကြားနံစားတွေးသိ ဆိုတဲ့ ခန္ဓာလေးတွေပေါ်နေအုန်းမှာပါနော်။
ဒါကိုပဲ ငါပဲ သူပဲလုပ်နေအုန်းမယ်ဆိုရင်တော့ မဆုံးသောလမ်းကိုလျှောက်ရအုန်းမယ်ဆို
တာကို ကျွန်တော်တို့ မမေ့ဖို့လိုပါတယ်။နောက်ဆရာ့တော်ရဲ့ တရားမှာ နည်းလမ်းကချပြရုံ
ဟောပြ ရုံနဲ့ နားမလည်နိုင်တာလေးက ထူးခြားနေပါတယ်။ ဒါကိုက စာဖတ်ပြီး အပေါ်ယံ
သဘောနဲ့ ဝေဖန်ချင်တဲ့သူတွေအတွက် အတားအဆီးတစ်ခုပါ။တကယ်ယုံကြည်ပြီး တကယ်လုပ်ချင်
တဲ့သူတွေအတွက်သာဖြစ်ပါတယ်။ဆရာတော်ကလဲ မိန့်ပါတယ် “မိုးဟာ ရွာဖို့ရာက
သူ့အလုပ်ပါတဲ့ ခံတာမခံတာ သူ့အလုပ်မဟုတ်ပါဘူးတဲ့ အခုလည်းဆရာတော်က
မိုးကုတ်ဆရာတော်ကြီး သဲအင်းဂူဆရာတော်ကြီး စွန်းလွန်းဆရာတော်ကြီးတဲ့ ချပြ
ခဲ့တဲ့အမှန်တရားကြောင့် သူအခုလို သိမြင်ခဲ့တာပါတဲ့ ဒါ့ကြောင့်သူလည်း ဒီအမှန်
တရားကိုချပြတာပါတဲ့။တလောကလုံးက အယူမှား အမှတ်မှားနေတာကို သူနည်းလမ်း
အမှန်ကိုချပြဖို့ တာဝန်သူ့မှာရှိပါတယ်တဲ့”။တကယ်တော့ တရားလုပ်တာဟာ ငါနဲ့ရှာလို့
မရပါဘူး။ဘုရားတရားဆရာသမားအပေါ် ယုံကြည်တဲ့ စိတ်နဲ့လုပ်ရတာပါ။နောက်ဒီတရား
က စိတ်တော်လှန်ရေးတရားပါ။ပုံမှန်တော့မဟုတ်ပါဘူး။တစ်ငါငါယူနေတဲ့ အရူးစိတ်ကို
ဒီပရမတ်ပဲရှိတယ်ဆိုတဲ့ ယုံကြည်မှုနဲ့တွန်းလှန်နေတာပါ။တကယ်တော့ အရာရာဟာ
ပရမတ် မဟုတ်ပါဘူး။ပရမတ်ကို အရာရာလို့ထင်နေတာပါ။ ဆရာတော့်ဆီက ကြားရခဲ
တဲ့ စကားတခွန်းကြားခဲ့ရပါတယ်။အဲဒါကတော့ ဖြစ်ပြီးပျက်တယ်ဆိုတာ တစ်ခုခုပျက်တာ
မဟုတ်ပါဘူး။ဥပမာ ဖန်ခွက် ကျကွဲတာကို ဆင်ခြင်ပြီး ပျက်သွားပြီလို့ယူလို့မရပါဘူး။
တကယ်တော့ ဖြစ်ပြီးပျက်နေတဲ့ သဘောလေးတွေသာရှိနေတာပါ။ဒါကို ဘာပျက်တယ်
ညာပျက်တယ် လို့ယူနေမယ်ဆိုရင်တော့ ကိုယ့်အယူနဲ့ကိုယ်ထင်နေတဲ့အပျက်သာဖြစ်
ပါလိမ့်မယ်တဲ့။နောက်တစ်ခုချပြသွားတာက တကယ်ရှိနေတာဟာ စိတ် စေတသိတ်
ရုပ် နိဗ္ဗာန်ပါတဲ့။နိဗ္ဗာန်ကတော့ အကျိုးဖြစ်လို့မျှော်နေစရာမရှိပါဘူးတဲ့။အကြောင်းဖြစ်တဲ့
အလုပ် စိတ် စေတသိတ် ရုပ်တို့ရဲ့ စက္ကန့်မလတ် တရစပ် ဖောက်ပြန်နေတဲ့ အမှန်တရား
ကိုသိရင် အလိုလိုရမှာပါတဲ့။တကယ်တော့ ဆရာတော့်တရားမှာ အရေးအကြီးဆုံးကတော့
သမုဒယ သစ္စာရဲ့ သဘောအမှန်ကိုနားလည်နေဖို့ပါပဲ။ဒီသမုဒယသစ္စာရဲ့ သဘောအမှန်
သည်ပင်လျှင် ဒုက္ခသစ္စာပါ။ ဆ၇ာတော့် တရားနည်းလေးကိုနောက်မှ ဆက်ပါ့မယ်။
သိင်္ခ

0 comments:
Post a Comment