* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

အကောင်းဆုံးသာ ယူသွားပါ

ကုသိုလ်နဲ့ အသက်ဆက်တဲ့ မွေးနေ့ပွဲလေး ဖြစ်ဖို့ ဓမ္မပို့စ်များ မွေးနေ့ပူဇာရေးပို့ကြ မွေးနေ့ဆုတောင်း မွေးနေ့ကဒ်များပေးပို့ကြတဲ့ ကနေဒါ နော်ဝေ အီတလီ ထိုင်ဝမ် မော်စကို ဂျပန် ဖီလစ်ပိုင် စင်္ကာပူ ထိုင်း သီရိလင်္ကာ အမေရိကန် နိုင်ငံမှ ဓမ္မမိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်..

မွေးနေ့အမှတ်တရ အဖြစ် အွန်လိုင်းတရားပွဲလေး ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ကိုဝင်းမြင့်နဲ့ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်..

ပြောင်းလဲနေတဲ့ လောက.. အကျိုးရှိ အကျိုးမဲ့နှစ်မျိုးပြတတ်တဲ့ လောကကြီးမှာ ကောင်းတဲ့ပြောင်းလဲမှုတွေကို ရှာဖွေနေကြပြီး ဘ၀မှာ အကောင်းဆုံး အကျိုးတရားတွေကို ကျင့်ကြံနေကြ တဲ့ သူတော်စင် ညီအကို မောင်နှမတွေကို တတ်နိုင်သလောက် ဓမ္မစကား ပြောကြားခွင့်ရလို့လဲ ဦးဇင်းရဲ့ ၃၁ နှစ်ပြည့် မွေးနေ့ပွဲလေးဟာ ပိုပြီး စိုပြေခဲ့ရပါတယ်.

သံဃာတွေကို ဆက်ကပ်တဲ့ အစာအာဟာရတွေကို ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ရဟန်းညီအကိုများကိုလဲ ကျေးဇူးတင်ရပါတယ်..

စက္ကန့်တိုင်းမှာ စိန်စီထားနိုင်ဖို့ အကောင်းဆုံးတွေကို ဥာဏ်မှီသလောက် ဥာဏ်ရှိသလောက် ယူနိုင်သလောက် လောကကြီးထဲကနေ ယူသွားကြပါစို့လို့သာ ဆန္ဒပြုချင်ပါတယ်.....

အရှင်တိက္ခဥာဏ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP