* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

အချိန်ကို ပြန်လည်ဝါးမြို အသုံးချနိုင်ပါစေ

ယနေ့ ၂၇ရက်မေလ ၂၀၀၉နေ့သည်
သူငယ်ချင်း ယောကြီး၏ မွေးနေ့ဖြစ်သည်။ ရင်းနှီး
သည့် သူငယ်ချင်းတစ်ယောက်အနေဖြင့် အရှင်တိက္ခဥာဏကို ယောနယ်သားဖြစ်၍
ယောကြီးဟု ဘော်ဒါအသိုင်းဝိုင်းများ သမုတ်သည့် အမည်သညာဖြစ်သည်။

သူငယ်ချင်း
ရေ..ကိုယ့်မွေးနေ့အတွက် ဆောင်းပါးလေး ရေးပေးပါဦးလို့ တောင်ဆိုးနေတာ မွေးနေ့
မတိုင်ခင် နှစ်ပတ်ကျော်ကျော်လောက်ကဖြစ်သည်။ ရေးမယ်ရေးမယ်နဲ့ ကြံစည်လိုက်
တိုင်း ခေါင်းထဲမှာ ဘာမှပေါ်သဖြင့် နောက်မှပဲ နောက်မှပဲလို့အချိန်တွေများစွာ ကျော်
ဖြတ်လာခဲ့သည်မှာ ယနေ့မနက်သည် သူငယ်ချင်း၏ မွေးနေ့ပင်ဖြစ်နေပါတော့သည်။

ညကပဲ အွန်လိုင်းမှာ တွေ့သဖြင့် မွေးနေ့ဆောင်းပါး ဘယ်လိုလဲမေးမှ အင်းဟုတ်သားပဲ
လို့သတိဝင်လာပြီး သူငယ်ချင်း အိပ်ယာထရင် ဖတ်ရပါစေမယ်လို့ ကတိပေးလိုက်
သဖြင့် ယခု ယောကြီးမနိုးခင် ကြိုးစားကာ ရေးလိုက်ရသည့် မွေးနေ့ဆောင်းပါးမဟုတ်
သော်လည်း မွေးနေ့အတွက် ရင်ထဲမှပေါ်လာသည့် ၀ိဇာတပတ္ထနာသ၀ဏ်လွှာ ဖြစ်ပါ
သည်။

“ကာလသည် သတ္တ၀ါတို့ကို စား၏’’ စာပေလေ့လာသူအများပညာရှင်တို့ အကျွမ်း
ဝင်သည့် စကားလုံးတစ်ခုဖြစ်သည်။ ကာလော ဃသတိ ဘူတာနိ ဆိုသည့် ပညာရှင်တို့
မိန့်ဆိုသည့် စကားကို ဘာသာပြန်ဆိုခြင်းပါ။ မွေးနေ့ဆိုသည့် ဝေါဟာရသည် အချိန်ကို
ဖေါ်ပြသည့် စကားလုံးဖြစ်သည်။ မွေးဖွားသည့်နေ့ရောက်တိုင်း နှစ်၏ တကျော့ပြန်
လည်ပတ်ခြင်းဖြစ်သည်။ တကျော့ပြန်လည်ပတ်သည်ဟု ဆိုသော်လည်း နောက်ဆုတ်
သွားခြင်းမဟုတ်ပါ။ ရှေ့သို့သာ တိုးကာတိုးကာ ရွေ့လျားခြင်းဖြစ်သည်။

ယခု သူငယ်ချင်း၏ ၃၀နှစ်မွေးနေ့မှ ၃၁ နှစ်မွေးနေ့အဖြစ် ရှေးသို့တိုးကာ နှစ်၏ တပတ်
ပြန်လည်လာခြင်းဖြစ်သည်။ အသက်အားဖြင့် ရှေးသို့တိုးလာသော ရက်နှစ်တို့၏
တပတ်လည်လာသော သူငယ်ချင်း၏ မွေးနေ့တွင် သူငယ်ချင်း တယောက်နေဖြင့်
ထုံးတမ်း စဉ်လာအတိုင်း မွေးနေ့ဆိုတောင်းပေးချင်ပါတယ်… သူငယ်ချင်း သကလရဋ္ဌ
သာသနောပကာရ ၀ိသိဋ္ဌပုဂ္ဂလ ဖြစ်ပါစေလို့။

တိုင်းပြည်အကျိုး သာသနာအကျိုးကို သယ်ဆောင်နိုင်သည့် အာဇာနည်ကောင်း
တယောက် ဖြစ်စေချင်သည်မှာ သူငယ်ချင်း၏ အွန်လိုင်းတရားပွကို ကြားနာပြီးကတည်း
ကရင်ထဲမှာ ပေါက်ဖွားလာသည့် ဆန္ဒ တစ်ခုပါ။

သူငယ်ချင်း၏ တရားနာသူအပေါင်းကို နားလည်အောင် ပြောပြရှင်းပြနိုင်သည့် စွမ်းရည်
ရှိနေသည်ကို ရိပ်စားမိသည်။ သူငယ်ချင်းကို မြှောက်ပင့်ကာပြောချင်းမဟုတ်။
ဖြစ်လာမည် မဖြစ်လာမည်ကိုတော့ မပြောနိုင်သော်လည်း သူငယ်ချင်း စွမ်းရည်ကို
အထင်ကြီးမိသဖြင့် အထက်ပါအတိုင်း ဆုတောင်းပေးခြင်းဖြစ်သည်။

သူငယ်ချင်းအတွက် ဆုတောင်းပေးသည့် စကားလုံးသည် ဒေါက်တာနန္ဒမာလာဘိဝံသ
(ရန်ကုန် ထေရ၀ါဒတက္ကသိုလ်၊ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့၏
ပါမောက္ခချုပ်) အရှင်သူမြတ် ရွေးချယ်ကာ ရွှေကျင်နိကာယ အဓိပတိ သာသနာပိုင်
ဝါဆိုဆရာတော် ဘုရားကြီးမှ သီတဂူဆရာတော်ကို အပ်နှင်းသည့် ဘွဲ့ဖြစ်သည်။
မိမိအရမ်းပင် နှစ်သက်မြတ်နိုးသည့် နာမည်ဖြစ်သည်။

ထို့ကြောင့် နောင်တချိန်
တိုင်းပြည်နှင့် သာသာနာကို သူငယ်ချင်း စွမ်းစွမ်းတမံဆောင်ရွက်မည့် စိတ်ဓာတ်အင်
အားများစွာ ကိန်းအောင်းလာစေဖို့ သူငယ်ချင်းအတွက် ဆုတောင်းပေးခြင်းလည်း
ဖြစ်သည်။

သူငယ်ချင်းရေ..ကာလတွေက ၀ါးမျိုးခြင်းကိုခံလာခဲ့တာ ယခုသူငယ်ချင်း ၃၁နှစ်ပင်ရှိခဲ့
ပြီ။ သူငယ်ချင်းကလည်း အချိန်ကို ပြန်လည် အသုံးချဝါးမျိုးနိုင်ခဲ့လို့ မာစတာဘွဲ့ကြီးကို
အောင်မြင်စွာ ဆွတ်ခူး၊ ဗုဒ္ဓ၏ ဓမ္မတွေကို ဖြန့်ဖြူနိုင်တဲ့ ရဟန်းတပါးဖြစ်နေပါပြီ။

ရှေ့ဆက်၍လည်း အချိန်က ဒို့တတွေကို ၀ါးမျိုနေဦးမှာပဲ။ ဒို့ကိုဝါးမျိုးတဲ့အချိန်တွေကို
အကျိုးရှိရှိ အသုံးချပြီး. ကိုယ်ဆုတောင်းပေးတဲ့ ပတ္ထနာသ၀ဏ်လွှာလေး သူငယ်ချင်းဖြစ်
ပါစေ…အချိန်ကိုပြန်လည် ၀ါးမျိုး အသုံးချနိုင်တဲ့ ၀ိသိဋ္ဌပုဂ္ဂလဖြစ်ပါစေ..

မနက်ဖြန်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP