* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

*သူတို့ပေးသော မွေးနေ့လက်ဆောင်-၂ (သို့) စိန်စီသောနေ့ရက်များဖြင့်*

လောက ရတနာတစ်ခု ရဖို့အရေး ရွှံညွန်တွေ သဲမြေတွေ ထဲကနေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း တူးဖော်ကြ ရပါတယ်. ရလာတဲ့ ဒီရတနာကို ရောင်းတန်းဝင် ဖြစ်အောင် လူ့ ခန္ဓာကိုယ်မှာ ၀တ်ဆင်လို့ ရအောင် ကျောက်သွေး ဆရာရဲ့ အပြုအပြင်ကို ခံယူကြရ ပြန်ပါတယ်. ကျောက်သွေး ဆရာကောင်းရဲ့ အပြုအပြင်ကို ခံရတဲ့ ဒီ ရတနာဟာ အဆင့်မှီ ရတနာ ဖြစ်ခွင့် ရပါတယ်။ ဒီလို အပြုအပြင် ခံထားရတဲ့ လှပတဲ့ ရတနာကို ၀တ်ဆင်မှ ၀တ်ဆင်သူ မှာလည်း စိတ် ရွှင်လန်းမှု ဂုဏ်ယူ ၀င့်ကြွားမှု ဖြစ်ရတာပါ။ အော်… လောက ရတနာတောင် ရတနာ အစစ် ဖြစ်ဖို့ မလွယ်ကူလှ ပါဘူး။

လူ့ဘ၀ ဆိုတာလည်း အနှစ်အသား ပြည့်ဝတဲ့ ရွှေရည်ပြည့် စိန်ရည် ပြည့်တဲ့ တကယ့် ရတနာ အစစ် တစ်ခုပါ. ဒါပေမယ့် အဲဒီ ရတနာဟာ လိုချင်မှု မကျေနပ်မှု တွေဝေမှု ပြန့်လွင့်မှု ကိုယ့်ကိုယ်ကိုသာ ဟုတ်တယ် ထင်ပြီး လူများ လုပ်သမျှ အကောင်း မထင်မှု သံသယ များမှု စတဲ့ လူ့ အရည်အသွေးကို လျော့ကျ စေတဲ့ စိတ် ညစ်ညူးကြောင်း ရွှံဗွက် သို့မဟုတ် စိတ်အမြင် မကြည်လင်တဲ့ သဲမြေထဲမှာ နစ်မြုပ် နေပါတယ်.

အဲဒီ စိတ် ညစ်ညူးကြောင်း ရွှံဗွက် ကနေ ရုန်းထွက် နိုင်ဖို့ သို့မဟုတ် စိတ်အမြင် မကြည်လင်တဲ့ သဲမြေထဲ ကနေ ဖော်ထုတ် နိုင်ဖို့ တစ်ခု တည်းသော နည်းလမ်း ကတော့ ဓမ္မကို လက်တွေ့ ကျင့်သုံးခြင်း ပါပဲ။ မသိသေးတဲ့ ဓမ္မကို သိအောင် သိပြီးသား ဓမ္မကို ကိုယ့် နှလုံးသားထဲ ရောက်အောင် ကျင့်ကြံ ပွားများ အားထုတ်ခြင်းဟာ လူ ပီသတဲ့ လူဖြစ်ဖို့ ရတနာ ထိုက်တဲ့ လူ့ဘ၀ကို ပုံဖော်ဖို့ အကောင်းဆုံးသော အခွင့်အရေး တစ်ခုပါ၊

တခါတရံ လူ့ဘ၀ ရတနာကြော ပေါ်မှာ လူဖြစ်ခွင့် ရကြပါလျက် ရတနာကို အသုံးချရ မယ်လို့ ဆုံးဖြတ်နိုင်တဲ့ ဆင်ခြင်ဉာဏ် မရှိတာ မျိုးတွေ အသုံးချရ မယ်လို့ သိပြန်တော့ ရတနာကို ကောက်ယူ နိုင်တဲ့ လက်မရှိတာ မျိုးတွေ ကြုံရပြန် ပါတယ်။ ရတနာကို အသုံးချရ မယ်လို့ သိတော့ သိပါရဲ့ ကောက်ယူနိုင် စွမ်းတဲ့ လက်တွေလည်း ပါပါရဲ့… သို့သော် လက်တွေ့ မလုပ်မိတာ မျိုးတွေ ကြုံရတတ် ပြန်တယ်…

ဒါကြောင့် ထူးခြားတဲ့ လူ့ဘ၀ ရတနာ ထူးခြား မြင့်မြတ်တဲ့ လူ့စိတ်ဓာတ် အရည်အသွေး တွေကို ဖော်ထုတ်နိုင်ဖို့ အချိန် ရှိသလောက် အချိန် ရသလောက် ဓမ္မကို လေ့လာ ပွားများ အားထုတ် ပြင်ဆင် အသုံးချသင့် ပါတယ်၊ ဓမ္မဆိုတဲ့ လောက သဘာဝကြီးကို သိအောင် လေ့လာခြင်း သိပြီးလို့ လက်တွေ့ လိုက်နာခြင်းဟာ တကယ့်ကို ကြည်နူးစရာ ကောင်းတဲ့ ရတနာ တွေကို ဖော်ထုတ် ယူနေခြင်းလည်း ဖြစ်ပါတယ်။

မွေးနေ့ မွေးရက် ရောက်လာတဲ့ မွေးနေ့ရှင် အနေနဲ့လည်း စက္ကန့် တိုင်းကို စိန်စီနိုင်ဖို့ သို့မဟုတ် နေ့ရက် တိုင်းကို စိန်စီနိုင်ဖို့ ရှိပြီးသား စိတ်ကောင်း လေးတွေကို ပျောက်မသွား စေဘဲ ရှေ့တိုးပြီးသာ လေ့လာ ကျင့်ကြံခြင်း. ကျင့်ကြံ နိုင်အောင် ကြိုးစား ခြင်းဖြင့် စိန်စီတဲ့ နေရက်တွေကို ထာဝစဉ် ပိုင်ဆိုင် နိုင်တဲ့ မွေးနေ့ရှင် တစ်ယောက် ဖြစ်နိုင် ပါစေလို့ ဆန္ဒပြုချင် ပါတယ်….


(၃၀-၀၅-၂၀၀၉ )နေ့မှာ ကျရောက်မည့် ဖိုးသားရဲ့ ၂၄ နှစ်ပြည့် မွေးနေ့ မင်္ဂလာ အတွက် မွေးနေ့ လက်ဆောင် ပေးပို့ပါသည်။

အရှင်တိက္ခာဉာဏာလင်္ကာရ (ယော)

++++++++++++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား

5/28/2009, THUR:, 3:08:55 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP