* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

အလှူကို ပေးလှူရပါ၏လော ...

ဒါရုကမ္မိကသုတ်...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ ဒါရုကမ္မိက* သူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ဒါရုကမ္မိက သူကြွယ်အား မြတ်စွာဘုရားသည်-

''သူကြွယ် သင်၏ အမျိုး၌ အလှူကို ပေးလှူရပါ၏လော'' ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်၏ အမျိုး၌ အလှူကို ပေးလှူရပါ၏၊ ထိုအလှူကိုလည်း ရဟန္တာမူလည်း ဖြစ်ကုန်သော အရဟတ္တမဂ်သို့ ရောက်သည်မူလည်း ဖြစ်ကုန် သော အရညကင်ဓူတင် ပိဏ္ဍပါတ်ဓူတင် ပံ့သကူဓူတင်ကို ဆောက်တည်ကြသည့် သဘော ရှိကုန်သော ရဟန်းတို့၌ အကျွန်ုပ် ပေးလှူရပါ၏ဟု(လျှောက်၏)။



သူကြွယ် ကာမဂုဏ် ခံစားမှုရှိသော သားမယားတို့ဖြင့် ကျဉ်းမြောင်းသည့် အိမ်ယာ၌ စိုးအုပ်နေသော ကာသိတိုင်းထွက် စန္ဒကူးနှစ်ကို သုံးဆောင်သော ပန်းနံ့သာ နံ့သာပျောင်းကို ဆောင်သော ရွှေငွေကို သာယာသော လူဖြစ်သည့်
သင်သည် ''ဤရဟန်းတို့သည် ရဟန္တာတို့ဟူ၍ လည်းကောင်း၊ ဤရဟန်းတို့သည် အရဟတ္တမဂ်သို့ ရောက်သော ရဟန်းတို့ဟူ၍ လည်းကောင်း'' ထိုအကြောင်းကို သိနိုင်ခဲ၏။

သူကြွယ် အရညကင်ဓူတင် ဆောက်တည်သော ရဟန်းသည် ပျံ့လွင့်သူ (ကျူပင်ကဲ့သို့) ထောင်လွှားသူလျှပ်ပေါ်သူ နှုတ်ကြမ်းသူ ဖရိုဖရဲ ကြဲသော စကားရှိသူ သတိ လွတ်ကင်းသူ ဆင်ခြင်ဉာဏ် မရှိသူ တည်ကြည်မှု မရှိသူ တုန်လှုပ်သော စိတ်ရှိသူ ပကတိ ဟင်းလင်းပွင့်သော ဣနြေ္ဒရှိသူ အကယ်၍ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် အရညကင်ဓူတင် ဆောက်တည်သော ရဟန်းသည် မပျံ့လွင့်သူ (ကျူပင်ကဲ့သို့) မထောင် လွှားသူ မလျှပ်ပေါ်သူ နှုတ်မကြမ်းသူ ဖရိုဖရဲကြဲသော စကားမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူ တည်ကြည် သော စိတ်ရှိသူ စောင့်စည်းအပ်သော ဣနြေ္ဒရှိသူ အကယ်၍ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ရွာနီးကျောင်း၌ နေသော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် ရွာနီးကျောင်း၌ နေသော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ပိဏ္ဍပါတ်ဓူတင်ကို ဆောက်တည်သော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် ပိဏ္ဍပါတ်ဓူတင်ကို ဆောက်တည်သော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ပင့်ဖိတ် လှူဒါန်းသည့် ပစ္စည်းကို ခံယူသော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ထိုက်၏။

သူကြွယ် ပင့်ဖိတ် လှူဒါန်းသည့် ပစ္စည်းကို ခံယူသော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ပံ့သကူဓူတင်ကို ဆောင်သော ရဟန်းသည် ပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ ထိုက်၏။

သူကြွယ် ပံ့သကူဓူတင်ကို ဆောင်သော ရဟန်းသည် မပျံ့လွင့်သူ။ပ။ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ဆောင်သော ရဟန်းသည် ပျံ့လွင့်သူ (ကျူပင်ကဲ့သို့) ထောင်လွှားသူ လျှပ်ပေါ်သူ နှုတ်ကြမ်းသူ ဖရိုဖရဲ ကြဲသော စကားရှိသူ သတိ လွတ်ကင်းသူ ဆင်ခြင်ဉာဏ် မရှိသူ တည်ကြည်မှု မရှိသူ တုန်လှုပ်သော စိတ်ရှိသူ ပကတိ ဟင်းလင်းပွင့်သော ဣနြေ္ဒရှိသူ အကယ်၍ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ကဲ့ရဲ့ ထိုက်၏။

သူကြွယ် ဒါယကာတို့ လှူဒါန်းသော သင်္ကန်းကို ဆောင်သော ရဟန်းသည် မပျံ့လွင့်သူ (ကျူပင်ကဲ့သို့) မထောင်လွှားသူ မလျှပ်ပေါ်သူ နှုတ်မကြမ်းသူ ဖရိုဖရဲ ကြဲသော စကားမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ် ရှိသူ တည်ကြည်သူ တည်ကြည်သော စိတ်ရှိသူ ဣနြေ္ဒကို စောင့်စည်းသူ အကယ်၍ ဖြစ်ပါမူ ထိုရဟန်းကို ထိုအကြောင်းဖြင့် ချီးမွမ်းထိုက်၏။

သူကြွယ် တိုက်တွန်း၏၊ သင်သည် သံဃာအား အလှူတို့ကို ပေးလှူလေလော့၊ သံဃာအား အလှူကို ပေးလှူသော သင်၏ စိတ်သည် ကြည်လင်လိမ့်မည်၊ စိတ်ကြည်လင်မှု ရှိသော သင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရလိမ့်မည်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တပည့်တော်သည် ယနေ့မှစ၍...
သံဃာအား အလှူကို ပေးလှူပါတော့မည် ဟု (လျှောက်၏)။ 59

၅ - ဒါရုကမ္မိကသုတ်၊ မဟာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။



* ။ သစ်လုပ်ငန်းဖြင့် အသက်မွေး၍ ဒါရုကမ္မိကသူကြွယ်ဟု ခေါ်သည်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP