* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

ဘာဝနာမွေးနေ့ ဖြစ်ပါစေ

မွေးနေ့  မှာ တရားများနဲ့ ပျော်မွေ့ နိုင်ပါစေ။
မွေးနေ့ ဆိုတာလည်း နေ့ တိုင်းမွေးတဲ့ မွေးနေ့ ကို
ပြောချင်တာပါ။ တကယ်တမ်းမွေးခဲ့တာက တစ်ရက်ထဲ။
ခဏလေးမွေးခဲ့တဲ့ နေ့ ရက်ကို အကြောင်းပြု လို့  လူတွေက
ဘုန်းကြီးတွေက စမွေးခဲ့တဲ့နေ့ က ရေတွက်လျှင်
ဘယ်နှစ်နှစ်မြောက်ပြီ ဆိုတဲ့ နေ့ ကိုဘဲ မွေးနေ့ ကို လုပ်ကြလေရဲ .။
တရားနဲ့ ကြည့်ရင် ခဏမစဲ မွေးနေတာပါပဲ။

မွေးနေ့ မှာ မွေးနေ့ လက်ဆောင်တွေ အဖြစ်
အရှင့်ရဲ့  ဘလော့စပေါ့မှာ တွေ့ ရရဲ့ ။ လူတွေရဲ့ 
မွေးနေ့ လက်ဆောင်လေးတွေ။ကိတ်မုန့် တွေနဲ့ ။
မွေးနေ့ အတွက် ဆုတောင်းလေးတွေနဲ့ ။
ဓမ္မဘရားသား တစ်ပါးအနေနဲ့  စားမရတဲ့  ကိတ်မုံ့ ကို
လည်း မွေးနေ့  လက်ဆောင် အဖြစ်မပေးချင်။

သူတို့ အနေနဲ့ 
ပျော်စရာလည်းဖြစ်။အရှင်လည်း ကြည်နူးပီတိ ဖြစ်ကောင်းဖြစ်မယ်.။
အရှင် ဒီနေ့ ဆွမ်းးကပ်သလိုမျိုးသာ လက်တွေ့  ကပ်လိုက်ချင်ရဲ့ ။
သို့ သော် အဝေးရောက်နေပေမယ့် စိတ်က နီးစပ်နေတဲ့
တပည့်တော် အဖို့  အရှင်ကို မွေးနေ့ လက်ဆောင် အဖြစ်
တကယ်လက်တွေ့ ကျသော ယနေ့ လို ဆွမ်းးကပ်ခြင်းမျိုး။

နေ့ စဉ်စောင့်ထိန်းတဲ့ သီလ။ တရားဘာဝနာများ နှလုံးသွင်းခြင်း၊
နဲ့ တရားများ ဟောပြောပြသခြင်းများ၊ ဘလော့စာမျက်နှာကဖြန့် ဝေ
ခြင်းများ....အားလုံးကောင်းသော ဓမ္မ္မ များနဲ့  နေ့ စဉ် မွေးနေတဲ့
မွေးနေ့ တိုင်း ပျော်ရွှင် နိုင်ပါစေ ကြောင်း မွေးနဲ့ လက်ဆောင် တစ်ခု
အဖြစ် ပို့ သလိုက်ပါတယ်။

အရှင့်ရဲ့ 
ဓမ္မဘရားသား
အရှင်တေဇောဘာသ
ဂျာမဏီနိုင်ငံ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP