* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 28, 2009

အနေလည်းတတ် အသေမြတ်ဖို့

ရာသီစက်ဝန်းကား တရွေ့ရွေ့နှင့် ပြောင်းလဲလည်ပတ်လာခဲ့ရာ ယနေ့ဆိုလျှင် မြန်မာသက်ကရာဇ် ၁၃၇၁ ခု နယုန်လဆန်း ၄ ရက် ၊ ( 27 May 2009) သို့ပင် ရောက်ခဲ့ပေပြီ...။ယနေ့သည် ဆရာတော် အရှင်တိက္ခဉာဏာလင်္ကာရ၏ (၃၁) နှစ်မြောက် မွေးနေ့မင်္ဂလာ နေ့ထူး နေ့မြတ်လည်း ဖြစ်ပေသည်။

သက္ကရာဇ်တွေ တစ်နှစ်ပြီး တစ်နှစ်တိုးလာသလို လောကကြီးမှာနေဖို့ရန်လည်း တစ်နှစ်ယုတ်လျှော့ခဲ့ပေပြီ...။မလွဲမသွေ ကြုံတွေ့ရမည့် သေခြင်းတရားကို ရဲဝံ့စွာရင်ဆိုင်နိုင်ဖို့၊ အသေတက်ဖို့မှာလဲ လွန်စွာမှအရေးကြီးလှပေသည်။

အနေတက်မှလည်း အသေတက်ပါလိမ့်မည်... ဟူသော စကားအတိုင်း ဆရာတော်အရှင်သည် သီရိလင်္ကာနိုင်ငံ တွင်သတင်းသုံးနေထိုင်လျှက်ရှိပြီး တရားဓမ္မချမ်းသာကို ရှာမှီးလိုကြကုန်သော တိုင်းနိုင်ငံအသီးသီးမှ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ဓမ္မမိတ်ဆွေ ဒကာ၊ဒကာမတို့အား အသေလည်းတက်၊အနေလည်းမြတ်စေရန် မြတ်စွာဘုရားရှင်၏ တရားဓမ္မများကို မိမိတက်စွမ်းသလောက် လက်လှမ်းမှီသလောက် ဟောပြလမ်းညွန်တော် မူခဲ့ပါသည်။ တပည့်နောင်လာနောင်သားတို့ အားထားလေးစားရသော သာသနာ့ အာဇာနည် တစ်ပါးပေတည်း...။

မွေးနေ့အမှတ်တရ အဖြစ် ~
ဆရာတော် ၏ သက်တော် (၃၁)နှစ်မှသည် နောင်နှစ်ပေါင်း များစွာထိ ဘာသာ၊သာသနာ ၏ တာဝန် များကို ကျန်းမာစွာဖြင့် ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေကြောင်း အဝေးတစ်နေရာမှ ဆုမွန်ကောင်း တောင်းလိုက်ပါသည် ဘုရား။

EI MI KO
Design & Application Engineer


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP