* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 30, 2009

ကာဠုဒါယီအမတ်၏ မြတ်စွာဘုရားအား ပင့်လျှောက်သော ဂါထာများ...

မင်းကွန်းတိပိဋကဆရာတော်၏ မဟာဗုဒ္ဓ၀င် ၃- မှ...

ကာဠုဒါယီအမတ်၏ မြတ်စွာဘုရားအား ပင့်လျှောက်သော ဂါထာများ...

ဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရှိတော်မူပြီးနောက်...
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးမှ မြတ်စွာဘုရားအား ဖူးမျှော်လို၍၊ အမတ်တစ်ဦးကို အခြံအရံ တစ်ထောင်နှင့် စေလွှတ်ပါသော်လဲ၊ အမတ်ပေါင်း ကိုးဦးနှင့် အခြံအရံ ကိုးထောင်သာ ရှင်ရဟန်းဖြစ်သွားသည်။ မြတ်စွာဘုရားက ကြွတော်မမူလာ ထိုအခါ ဖွားဘက်တော် ကာဠုဒါယီအမတ်နှင့် အခြံအရံတို့ကို လွှတ်တော်မူသည့်အခါ၊ ကာဠုဒါယီမှ ဂါထာပေါင်း ခြောက်ဆယ်ကို ရွတ်ဆိုပူဇော် ပင့်ဖိတ်မှ မြတ်စွာဘုရား ကြွတော်မူလာလေသည်။

ဒီဂါထာခြောက်ဆယ်က တန်ဖိုးရှိလှပါတယ်၊ ကာဠုဒါယီအမတ်ဟာ ကဗျာ ဂါထာ စီကုံးတဲ့အရာမှာ အလွန်တော်ပါတယ်။ ဘုန်းကြီး အသံနဲ့သွင်းပြီးတော့တောင် တင်ပေးချင်ပါသေးတယ်၊ ဒါပေမဲ့ သိတဲ့အတိုင်း အသံကလဲမရ အဆိုကလဲမပိုင်ဆိုတော့ ဒကာဒကာမတို့အတွက် ခြောက်ခြောက်သွေ့သွေ့ကြီးပေါ့၊ စာဖတ်တဲ့အခါ ကိုယ်တစ်ယောက်ထဲဆိုတော့ အသံထွက်ပြီး ကဗျာဆိုသလိုလေးသာဆိုပါ ပိုပြီးကောင်းပါတယ်။
ကဗျာဆရာတွေပါခဲ့ရင် မြန်မာကဗျာလေး စီလိုက်ပါ ခေတ်လူငယ်တွေအတွက် ပိုကောင်းသွားတာပေါ့...။
dj လက်ထဲရောက်သွားရင်တော့ ဒုက္ခ...။ (dj ဆိုတာ သေသေချာချာတော့မသိပါ ခေတ်ကကွာသွားပြီလေ)

စိတ်ဝင်စားခဲ့ကြရင် ဆက်ပြီးတင်ကြတာပေါ့...
ခုတော့ ၁၁-မီးငြိမ်းအောင် ၁၂-ပိုဒ်တင်ပေးလိုက်ပါတယ်...။











0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP