* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 30, 2009

'လောကသည် မြဲ၏' 'လောကသည်မမြဲ'

သင်္ခါရအညာဏသုတ်...

သာဝတ္ထိနိဒါန်း...

တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
''အသျှင်ဂေါတမ 'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊ 'လောကသည်မမြဲ' ဟူ၍ လည်းကောင်း။ပ။ 'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ် ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက် အပံ့ကား အဘယ်ပါနည်း'' ဟု (လျှောက်၏)။

ပြုပြင်မှု 'သင်္ခါရ' တို့၌ မသိခြင်းကြောင့်,
ပြုပြင်မှု 'သင်္ခါရ' တို့ ဖြစ်ကြောင်း၌ မသိခြင်းကြောင့်,
ပြုပြင်မှု 'သင်္ခါရ'တို့ ချုပ်ရာ၌ မသိခြင်းကြောင့်,
ပြုပြင်မှု 'သင်္ခါရ'တို့ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်၌ မသိခြင်းကြောင့်
'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊ 'လောကသည်မမြဲ' ဟူ၍ လည်း ကောင်း။ပ။ 'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ် သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ကုန်၏။

'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊
'လောကသည် မမြဲ' ဟူ၍ လည်းကောင်း။ပ။
'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤ သည် ပင်တည်း ဟု (မိန့်တော်မူ၏)။ 610

၎ - သင်္ခါရအညာဏသုတ်၊ ဝစ္ဆဂေါတ္တသံယုတ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP