* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 30, 2009

သာသနာ့အားမာန်

သာသနာတော်မှာ နေအသွင်၊လအသွင် ထင်ရှားကျော်ကြားခဲ့တဲ့ ကျေးဇူးရှင်တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးဟာ သူ့ရဲ့သာသနာကြွေးကြော်သံ ကဗျာလေးတစ်ပုဒ်ကို စပ်ဆိုခဲ့ဖူးပါတယ်။


"ကိုယ်တစ်ယောက်တည်း ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏
ရှေးခါဘိုးဘ၊ လက်ထက်ကပင်
ရသည့်တန်ဖိုး၊ ထပ်မညှိုးဖို့
အားကြိုးမာန်တက်၊ ငါဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်။ " ဟူ၍ဖြစ်ပါတယ်။

ယင်းကဗျာလေးကို ရွတ်ဆိုပူဇော်မိသူတိုင်း ဆရာတော်ဘုရားကြီးရဲ့ သာသနာရေးစိတ်ဓါတ်တွေကို ကြည်ညို၍မဆုံး ပီတိတွေ ဖုန်းလွမ်းနေကြမှာ သေချာပါတယ်။ ဆရာတော်ဘုရားကြီးဟာ သာသနာတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အပြောတင်မဟုတ်ဘဲ အလုပ်နဲ့သက်သေပြကာ နေ့မနား ညမအား ကြိုးစားဆောင်ရွက်တော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ဇွဲ၊လုံလ၊ဝီရိယတို့မှာ သူကိုယ်တိုင်ရေးသားပြုစုခဲ့တဲ့ ကျမ်းစာအုပ်များနဲ့ သံဃာတစ်ထောင်ကျော်ရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးက သက်သေပြလျှက်ရှိပါတယ်။ ညာဘက်တွင်ရှိသော sidebarမှ ဆရာတော် ရေးသားတော်မူခဲ့တဲ့ ကျမ်းစာအုပ်များကို ဒေါင်းလုပ်ရယူ လေ့လာနိုင်ပါတယ်။

ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးမယ့် အတွင်းပိုး၊ အပြင်ပိုးများကိုလည်း မြင်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် တပည့်သံဃာများကို အခုလို ဩဝါဒ ပေးတော်မူခဲ့ပါတယ်…

“ကိုယ်တော်တို့ …သင်္ကန်းခေါင်းမြီးခြုံပြီး အိပ်ကောင်းတုန်း လုပ်မနေကြနဲ့။ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ဖျက်ဆီးပစ်ဖို့ အတွင်းပိုး၊ အပြင်ပိုးတွေရှိနေကြတယ်။ သာသနာ့အပြင်ပိုးတွေက အသိဉာဏ်မကြွယ်ဝသေးတဲ့ အမျိုးသမီးလေးတွေနဲ့ တက်သစ်စလူငယ်၊လူရွယ်တွေကို စည်းရုံးသိမ်းသွင်းပြီး မြန်မာနိုင်ငံ အချို့နေရာတွေမှာ ခြေကုတ်ယူနေကြတယ။် ဒါတွေကို ကိုယ်တော်တို့က ရိပ်မိကြမှာမဟုတ်ဘူး။ တပည့်တော်ကတော့ ဒီအကြောင်းတွေ စဉ်းစားမိတိုင်း သာသနာနောင်ရေးကို ရင်လေးမိတယ်။ ကိုယ်တော်တို့လည်း အလကားမနေကြနဲ့။ နောက်ကျကျန်နေခဲ့လိမ့်မယ်။ တက်သစ်စလူငယ်လူရွယ်တွေနဲ့ အမျိုးသမီးတွေကို ဘာသာရေးစိတ်ဓါတ်၊ အမျိုးသားရေးစိတ်ဓါတ် အသိအမြင်ကြွယ်ဝလာအောင် ဆုံးမသွန်သင်ကြ၊ ဒါလည်း သာသနာပြုတာပဲ ” ဆိုပြီး မိန့်ကြားတော် မူခဲ့ပါတယ်။

ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူတဲ့အထဲမှာ “အမျိုးသမီးတွေကိုလည်း ဘာသာရေးစိတ်ဓါတ်၊ အမျိုးသာရေးစိတ်ဓါတ်တွေ အသိအမြင်ကြွယ်ဝအောင် သွန်သင်ဆုံးမကြ ” လို့ပါရှိပါတယ်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ သာသနာကို ရေရှည်တည်တံ့အောင် လုပ်တဲ့နေရာမှာ သူတို့လည်း အရေးကြီးဆုံးနေရာက ပါဝင်နေပါတယ်။

ဘာလို့ အရေးကြီးဆုံးနေရာက ပါဝင်လဲဆိုရင် သာသနာ့တာဝန်ကို ဆက်လက်သယ်ပိုးကြမယ့် မျိုးဆက်သစ် ရင်သွေးငယ်လေးတွေကို အမျိုးသမီးတွေကပဲ မွေးထုတ်ပေးနိုင်ကြလို့ပါပဲ။ တကယ်လို့များ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက်ဟာ အမျိုးသားရေးစိတ်ဓါတ်၊ ဘာသာရေးစိတ်ဓါတ်တွေ နည်းပါးနေမယ်ဆိုရင် အမျိုးကိုချစ်တဲ့စိတ်၊ ဘာသာကိုတန်ဖိုးထား နားလည်ရမယ့်စိတ်တွေလည်း မရှိတော့ပါဘူး။

အဲဒီအခါမှာ တခြားလူမျိုး တခြားဘာသာတွေရဲ့ စည်းရုံးသွေးဆောင်မှုနောက်ကို ပါသွားပြီး တခြားလူမျိုး၊ တခြားဘာသာတွေနဲ့ အိမ်ထောင်ပြုလိုက်မယ်ဆိုရင် အဲဒီမိန်းကလေးက မွေးဖွားလာတဲ့ ရင်သွေးတွေကလည်း ကိုယ်လူမျိုး၊ ကိုယ်ဘာသာဖြစ်မလာဘဲ တခြားလူမျိုး၊ တခြားဘာသာဖြစ်သွားနိုင်ပါတယ်။ ဒီလိုအရေးကြီးလှတဲ့ ဟာကွက်၊ ပျော့ကွက်၊ ညံ့ကွက်တွေကိုကြည့်ပြီး မဟာဂန္ဓရုံဆရာတော်ကြီးက အမျိုးသမီးထုကိုလည်း အမျိုးသားရေးစိတ်ဓါတ်၊ ဘာသာရေးစိတ်ဓါတ်တွေ အသိအမြင်ကြွယ်ဝအောင် ဆုံးမကြလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီး မိန့်ကြားတဲ့အတိုင်းပဲ အခုခတ်တချို့ မြန်မာအမျိုးသမီးတွေဟာ ကိုယ့်ဘာသာ၊ သာသနာကိုတစ်ဖက်၊တစ်လမ်းက စောင့်ရှောက်ဖို့ဆိုတာတွေ မသိကြတော့ပါဘူး။ မျက်ခွက်ပြောင်ပြောင် မရှက်မကြောက် ဘာသာခြားတွေနဲ့ ယူနေကြတာကို ဒီခေတ်ပတ်ဝန်းကျင်မှာ တွေ့မြင်နေကြရပါတယ်။ အထူးသဖြင့် တိုးတက်တဲ့နိုင်ငံကို လာလုပ်ကိုင်ကြရင်းနဲ့ ဓနဂုဏ်၊ ရာထူးဂုဏ်စသဖြင့် လိုဘက်တဏှာကြောင့် ကိုယ့်ဘာသာကို တန်ဖိုးထားရကောင်းမှန်းလဲ မသိဖြစ်လာကြပါတယ်။ မသိကျိုးကျွန်ပြုလာကြပါတယ်။

မိဘလက်အောက်မှ လွတ်တာကတစ်ပိုင်း၊ ကိုယ်ကိုယ်တိုင် ဘာသာရေးအခြေခံ အားနည်းတာကတစ်ပိုင်း၊ ရေသာခိုအချောင် တိုးတက်၊ချမ်းသာချင်သူ ဖြစ်ချင်တာကတစ်ပိုင်း၊ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ နေ့စဓူဝ ပင်ပန်းဆင်းရဲခြင်းတို့မှ လွတ်မြောက်ချမ်းသာချင်တာတို့ကြောင့် ရခဲလှတဲ့လူဘဝမှာ သာသနာ့နဲ့ကြုံတောင့်ကြုံခဲ ဗုဒ္ဓဘာသာဝင်အဖြစ်၊ ဗုဒ္ဓဘာသာမိသားစုက ပေါက်ဖွားလို့ အနိမ့်ဆုံးအဆင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ် လာဖြစ်ရတာတွေကိုပါ နားမလည်ကြတော့ပါဘူး။


နားလည်ချင်သယောင် ရှိစေဦးတော့၊ အလွယ်လိုက်ချင်တဲ့ ဆန္ဒကြောင့် ဘာသာကိုပါစွန့်ပစ်မှုတွေ မိမိတို့ပတ်ဝန်းကျင်မှာ တွေ့မြင်ကြရမှာပါ။ မိဘတွေအနေနဲ့ကလည်း မသိလိုက် မသိဘာသာနေတက်ကြသလို၊ အသိနောက်ကျသွားတဲ့ မိဘတွေကျပြန်တော့ တားလို့မနိုင်၊ ဆီးလို့မရ ဖြစ်ရပြန်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာသာရေး အခြေခံနည်းတာကတစ်ကြောင်း၊ ကိုယ်မွေးထုတ်ထားတဲ့ သားသမီးကို ကိုယ်ကိုးကွယ်တဲ့ ဘာသာကိုတောင် ကိုယ်ကိုယ်တိုင် ပြန်မရှင်းပြနိုင်မှု၊ ဖြန့်ဝေမှု၊ သာသနာကိုကြည်ညိုတက်အောင်၊ တန်ဖိုးထားတက်အောင် လက်ပွန်းတတီး သွန်သင်ပြသမှု အားနည်းခြင်းတို့ကြောင့် ယခုခေတ်ကာလ သားသမီးများဟာ မြတ်ဗုဒ္ဓတည်ထောင်ထားခဲ့တဲ့ ဗုဒ္ဓသာသနာတော်ကြီးအတွင်းမှာ မွေးဖွားခွင့်ရခဲ့ပြီ်း အင်မတန်မှ ကိုယ်ကျိုးနည်း၊ ဆုံးရှုံးကြရပါတယ်။

ဒါကြောင့် ဘာသာ၊ သာသာနာနဲ့ပတ်သတ်လာရင် ပေါ့ပေါ့ဆဆ မတွေးကြ၊ မလုပ်ကြ၊ မဆုံးဖြတ်ကြပါနဲ့။ အယူဝါဒတိမ်းရင် မိစ္ဆာဒိဋ္ဌိ စာရင်းမှာ ထိပ်ဆုံးမှာပါဝင်တာကြောင့် ပစ္စုပ္ပန်ရော၊ သံသရာမမှောက်အောင် အထူးကြပ်ကြပ်မတ်မတ် အမျိုး၊ ဘာသာ၊ သာသနာကို အသိ၊သတိဖြင့်ကိုယ်ကိုယ်တိုင် ဂရုစိုက်ကာကွယ်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ဗုဒ္ဓသာသာနာတော် အဓွန့်ရှည် တည်တံ့ပြန်ပွားရန်အတွက် ဓမ္မဒါနပြုထားတဲ့ ဤဓမ္မဝဘ်ဆိုဒ်အား တခြားဘာသာဝင်များ လာရောက်ကြည့်ရှုနေပါလျှင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါတယ်လို့ တလက်စတည်း ပြောကြားလိုပါတယ်။ ဗုဒ္ဓဘာသာမှာ စိန်ခေါ်မှုဆိုတာမရှိပါ။ မေတ္တာတရားနှင့်သာ အောင်မြင်တဲ့ဘာသာဖြစ်ပါတယ်။သတ္တဝါများ ကောင်းကျိုး၊ချမ်းသာကိုသာ လိုလားပါ၏။ ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP