* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 30, 2009

မွေးအိုသေကို ရင်မဆိုင်လို ဒီလိုလူကို ဘာလို့ ခေါ်မယ်...?

မွေးအိုသေကို ရင်မဆိုင်လို ဒီလိုလူကို ဘာလို့ ခေါ်မယ်...?

မွေးအိုသေဟာ သဘာဝပါ...
သေပြီးရင်လဲ မွေးဦးမှာ...
စက္ကန့်လေးတောင် မခြားပါ...
ရင်ဆိုင်ရမယ် သဘာဝပဲကွယ်...

သေလို့ သေမှန်းတော့ မသိကြတယ်...
ဒို့တတွေရဲ့ ရုပ်နာမ်တရားရယ်...
အမြဲတန်းကွယ် သေနေတယ်...
တစ်စက္ကန့်ဝယ် ရုပ်ပေါင်းရယ် ...
ကုဋေငါးထောင်ကျော် သေနေတယ်...
နာမ်ပေါင်းကတော့ ကုဋေသိန်းချီကွယ်...
သေတာရှိရင် မွေးတာရှိမယ် ...
သူကတော့ အလွတ်ပေါ့ကွယ်... (ရဟန္တာ)
ဖြစ်ပြီးရင် ပျက်ကြရမှာ...
ပျက်ပြီးရင် အသစ်ဖြစ်ဦးမှာ...
မွေးတာသေတာ သဘာဝပါ၊ မဆန်းကြယ်လှပါ...

ဆန်းနေတာက သံသရာ တစ်လျှောက်မှာ...
ဓါတ်ကောင်းလေးတွေ မကိန်းကြတာ...
သူကလည်း ကိုယ့်ကို မနာလို...
ကိုယ်ကလည်း သူ့ကိုနည်းတူ...
ငြိမ်းချမ်းမှုရယ် ရဖို့မလွယ်တယ်...
ဒီကမ္ဘာကြီး စစ်ဖြစ်နေတယ်...
သံသရာမှာ ပြန်ဆုံရင်တောင် ...
ညှိုးသူရန်ဘက် ဖြစ်ကြဦးမယ်...

ပါရမီဆိုတာ ဖြည့်ကြရတယ် ...
ဖြည့်တဲ့သူကို သာဓုခေါ်မယ်...
ဖြည့်တယ်ဆိုတာ ကိုယ့်အတွက်ရယ်...
သူ့အတွက်ကတော့ အနည်းငယ်...
ဒီလို ဒီလို သိထားရမယ်...
ပေးတဲ့သူက အသစ်ရမယ်...
ယူတဲ့သူက အဟောင်းစားတယ်...

ကျုပ်ကတော့ အဟောင်းလည်းစားတယ်...
အသစ်ကိုလည်း ယူဦးမယ်...
သင်ကကော ဘာတွေကြံမယ်...
မှန်မှန်ပြောပါ....။

ကဲ မှန်မှန်ပြောပါတဲ့ ဒကာဒကာမတို့ ကိုယ့်ဟာကို တိုးတိုးသာပြောကြပေါ့လေ...။
(မသိသေးသူတွေအတွက်ပါ) အဟောင်းစားတယ်ဆိုလို့ ဒီဘုန်းကြီးတမျိုးကြီးတော့ မလုပ်လိုက်ပါနဲ့ဦးနော်... ကုသိုလ်ကံ အကျိုးတရားတွေကို ခံစားတာ ပြောတာပါ... အသစ်ဆိုတာကတော့ ကုသိုလ်အသစ်တွေကို ဆိုလိုတာလေ...။ ဆက်ပြောရမယ်ဆိုရင်တော့ အဟောင်းက မစားချင်လည်းစားရမှာပါ၊ အသစ်ကတော့ ကြိုးစားပြီး လုပ်ယူကြရပါတယ်။ နေ့စဉ်နေ့တိုင်း လေ ဘာတွေလုပ်နေကြလဲ၊ ရှာမယ် ဖွေမယ် စားမယ် ပျော်မယ် ပါးမယ် အိပ်မယ် ကာမဂုဏ်မှီဝဲမယ်လေ။ ဒါဘဲလား ဒါလောက်နဲ့ဆိုရင်တော့ ဘုန်းကြီးတို့ သာသနာနဲ့ တွေရကျိုး ဘယ်လိုနပ်ပါ့မလဲ။ ကျောင်းရှေ့လာနေတဲ့ ကျီးကန်းရယ် စာကလေးရယ် ရှဥ့်ရယ် သူတို့တတွေကော တစ်နေ့ တစ်နေ့ ဘာတွေလုပ်ကြသလဲ။ ဘုန်းကြီးဖြေစရာတောင် မလိုလောက်ပါဘူးလေ အားလုံးအားလုံး သိကြပြီးသားတွေပါ။ ဒါဆို အတူတူဖြစ်နေပြီ သူတို့နဲ့များ အကုန်တူမယ်ဆိုရင်လေ ကိုယ့်မှာ လူဖြစ်ရကျိုး သာသနာနဲ့တွေ့ရကျိုး ဘယ်လိုနပ်ပါ့မလဲ။

ဒကာဒကာမတို့ ပြုလိုက်ကြပါ ...
ဒါန သီလ ဘာဝနာ...
သူ့ထက် တဆင့်မြှင့် ပါရမီ ထိုက်တဲ့ ဒါန သီလ ဘာဝနာ...
သူ့ထက် တဆင့်မြှင့် ဥပပါရမီ ထိုက်တဲ့ ဒါန သီလ ဘာဝနာ...
သူ့ထက် တဆင့်မြှင့် ပရမတ္ထပါရမီ ထိုက်တဲ့ ဒါန သီလ ဘာဝနာ...

ကဲ ဒီကနေ့ အဆုံးအမကတော့...
ပေးနေတဲ့ ကုသိုလ်တွေကို...
လက်ကလေး ...
တစ်ချောင်းပါတဲ့သူ တစ်ချောင်းနဲ့ကောက်...
နှစ်ချောင်းပါတဲ့သူ နှစ်ချောင်းနဲ့ကောက်...
တဖက်ပါတဲ့သူ တဖက်နဲ့ကောက်...
နှစ်ဖက်ပါတဲ့သူ နှစ်ဖက်နဲ့ကောက်ပေါ့...။

ကျောပိုးအိတ်နဲ့ပါဘုရား ဆိုတဲ့သူကိုတော့ အားရပါးရ သာဓုခေါ်ပါတယ်။

ကြားဖြတ်ပေါ့...။ ပြောစရာတစ်ခုကျံတာက တခြားတော့ မဟုတ်ပါ၊ ဘုန်းကြီးရဲ့ မကောင်းတဲ့အကျင့်ကလေး ကြွားမလို့ပါ၊ ဓါတ်ပုံရိုက်တာ နဲနဲ ၀ါသနာပါတယ်။ ကျောင်းလာတဲ့သူတွေဆို ဓါတ်ပုံတန်းရိုက်တာဘဲ၊ ခုတော့ ဘုန်းကြီး ၀တ်လည်တယ်ထင်တယ်၊ ခဏခဏ ဓါတ်ပုံ အရိုက်ခံနေရတယ်။ ၄.၃၀.၀၉ ဓါတ်ပုံရိုက် သွားပါဦးမယ်လို့...။

စာအသစ်နဲနဲလေး နောက်ကျမှာမို့...


ဒကာဒကာမအားလုံး စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...။
ဦးလောကနာထ
၎.၃၀.၂၀၀၉

ကဗျာမဟုတ်ဘာမဟုတ်ဆိုတော့ ပြင်ချင်တဲ့သူ ပြင်ချင်သလို ပြင်နိုင်ပါတယ် ပြင်ပေးလို့ရပါတယ်။
အကုန်လုံးပါလေ ပုံကော စာတွေကော ဘုန်းကြီးစိတ်ဓါတ်ကောပေါ့...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP