* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 20, 2011

ဓမ္မစကြာ (၂၆၀၀) အခါတော်နေ့

၀၁၁ ခုနှစ် ဇူလိုင်လ (၁၆)ရက် စနေနေ့
၁၃၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဓမ္မစကြာ (၂၆၀၀) အခါတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်၏။

ယခင်နှစ်များ၌ ဓမ္မစကြာအခါတော်နေ့ဟု သီးခြား ကျင်းပ ပြုလုပ်ခြင်း မရှိသော်လည်း ဝါဆိုပွဲတော်၌ ဓမ္မစကြာကို ရွတ်ဖတ် ပူဇော်ကြ၏။

နံနက် ၁၁ နာရီတွင် မြတ်စွာဘုရားရှင်အား စုပေါင်း၍ ဆွမ်းတော် ဆက်ကပ် လှူဒါန်း ပူဇော်ကြ၏။





ထိုနောက် လောကချမ်းသာဆရာတော်အား စုပေါင်း ဆွမ်းကပ်ကြ၏။ အရှင်ဝိမလနှင့် အရှင်ဝဏ္ဏိတတို့နှစ်ပါး အပြင်သို့ ဆွမ်းစား ကြွရသောကြောင့် ကျောင်း၌ ဆရာတော်တစ်ပါးသာ ရှိ၏။

တစ်အိမ်တစ်ခွက် ချက်ပြုတ် ယူလာကြကာ ကပ်လှူကြသောကြောင့် ဟင်းအမယ် စုံ၏။
အရသာမျိုးစုံကို စားသောက်ကြရ၏။



မွန်းလွဲ ၁-နာရီတွင် ဆရာဦးအောင်ဇေယျက ဗုဒ္ဓဂယာ သိမှတ်ဖွယ်ရာများကို ဓာတ်ပုံများ ဝေဝေဆာဆာ slideshow ဖြင့် ဗဟုသုတဖြစ်ဖွယ် မှတ်သားဖွယ် ရှင်းလင်း တင်ပြ၏။





မွန်းလွဲ ၂ နာရီတွင် ဓမ္မစကြာသုတ်တော်ကို သပြေကန်ဆရာတော်ဘုရားကြီး၏ ရှစ်လုံးဖွဲ့ နှိုးဆော်ချက် အမေးအဖြေ လင်္ကာများဖြင့် စုပေါင်း ရွတ်ဆို ပူဇော်ကြ၏။




မွန်းလွဲ ၃ နာရီတွင် လောကချမ်းသာဆရာတော်က ဝမ်းမြောက်ဖွယ် အနုမောဒနာတရား ချီးမြှင့်ပြီး တစ်နေ့တာ ဆည်းပူး ပွားများ ပြုလုပ်ခဲ့ကြသော ကောင်းမှုကုသိုလ် အစုစုတို့အတွက် ဆုတောင်း အမျှပေးဝေကြလေသည်။




သာဓု ... သာဓု ... သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP