* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 20, 2011

သီတဂူဝါဆိုသင်္ကန်းကပ် (ရန်ကုန်)

ဆရာတော်ကြီးနှင့်အတူ တွေ့ရသည့် ဥက္ကဌ ဦးအောင်ရွှေ

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ နံနက် (၉း ၀၀) နာရီက သီတဂူ ကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် (ရန်ကုန်) တွင် သီတဂူသာသနာပြုအဖွဲ့နှင့် သဲကုန်းအသင်း သူ/သား များ၏ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အာရှတော်ဝင်မိသားစုက သီတဂူဗုဒ္ဒတက္ကသိုလ် ပြုပြင်ထိန်းသိမ်းရေးအတွက် အလှူငွေ (၂၅၆)သိန်း လှူဒါန်းခဲ့သည်။

သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရက ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဒသာသနာ၏ အထူးခြား ဆုံးသမိုင်းနေ့အဖြစ် နားလည်ခံယူရန်နှင့် ထိုနေ့ထိုရက်၏ ထူးခြားမှု ၀ိသေသဂုဏ်၊ ဗုဒ္ဒသာသနာ၏ အဓိကအနှစ်သာရများ (သီလ၊ သမာဓိ၊ ပညာ)၊ တက္ကသိုလ်များကို ထူထောင် လုပ်ဆောင်ရေးနှင့် မြန်မာပြည် တွင်ပြုပြင် ရမည်များကို အလှူရေစက်ချတရားအဖြစ် ဟောကြားချီးမြှင့်ပြီး ကြွရောက်လာသည့် သံဃာတော်များကို တပါးချင်းစီအလိုက် ၀ါဆိုသင်္ကန်းနှင့် န၀ကမ္မအလှူငွေ များ ကပ်လှူပူဇော်ကြသည်။

အဆိုပါ ၀ါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လာရောက်ပြီး ၀ါဆိုသင်္ကန်း ကပ်လှူခဲ့သည်။ ဆရာတော်က ဦးအောင်ရွှေကို “အသက်ဘယ်လောက်ရှိပြီလဲ”မေးရာ ဦးအောင်ရွှေက “ကိုးဆယ့်ငါးနှစ်” ဖြေပြီး “ ဒကာကြီး တစ်ရာပြည့် ကျင်းပမယ်” ဟု ဆရာတော်က အားပေး စကား ပြောကြားခဲ့သည်။

ကပ်လှူပူဇော်အပြီးတွင် အလှူရှင်ဒါယကာဒါယိကာများ၊ အသင်းအဖွဲ့များက ဆရာတော် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြရာ သီတဂူဆရာတော်ကပင် ဦးအောင်ရွှေကို အမှတ်တရ ဓာတ်ပုံ တွဲရိုက်ရန် ဖိတ်ခေါ်ပြီး ရိုက်ကူးခဲ့သည်။ ကပ်လှူပွဲတင် သံဃာတော်များ၊ သီလရှင်များကို ဆွမ်းနှင့်အချိုပွဲများ ကပ်လှူ ခဲ့ပြီး ကြွရောက်လာသည့် လူပုဂ္ဂိုလ်များကို အုန်းထမင်းနှင့် ကြက်သား၊ ရွှေတောင်ထမင်းသုတ်၊ အချိုမုန့်ပွဲများ တည်ခင်း ကျွေးမွေးခဲ့သည်။

ဤနေရာမှ ကူးယူဖော်ပြသည်

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၇-၇-၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP