* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 20, 2011

မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ ဓမ္မိကာရာမမြန်မာကျောင်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ၊ ၁၆-ရက်

မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ ဓမ္မိကာရာမမြန်မာကျောင်းတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ၊ ၁၆-ရက်၊ စနေနေ့၊ ည ၈-နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ ယခုနှစ် ပီနန်ကျောင်းတွင် ပီနန်ဆရာတော်ဘုရားကြီး အပါအ၀င် ၀ါဆိုသံဃာ ၅-ပါး ရှိပါသည်။ တာဝန်ခံဆရာတော် ဦးဝိစိတ္တ၊ ဦးဇောတိပါလ၊ ဦးအနိရုဒ္ဓါလင်္ကာရ၊ အမေရိကန်ရဟန်းတော် ဦးသောပါကနှင့် စာရေးသူတို့ ဖြစ်ပါသည်။

အခမ်းအနားကို ည ၈-နာရီတွင် စတင်ခဲ့ပါသည်။ ကျောင်းကော်မတီအဖွဲ့ အကျိုးတော်ဆောင် မစ္စတာယပ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။ အခမ်းအနားကို ပီနန်ဆရာတော်ကြီး သင်ကြားလမ်းညွှန်ထားသည့်အတိုင်း ရတနာသုံးပါးကို ရှိခိုးပြီး စတင်ခဲ့သည်။ တာဝန်ခံဆရာတော် ဦးဝိစိတ္တထံမှ ငါးပါးသီလကို ခံယူပြီး ကျောင်းဝတ်ရွတ်စဉ်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ပြီးလျှင် စာရေးသူမှ ၀ါဆိုအဓိပ္ပာယ်၊ ၀ါဆိုသင်္ကန်းအကြောင်း၊ ၀ါဆိုသင်္ကန်းဆက်ကပ်သည့်ဓလေ့ဖြစ်ပေါ်လာပုံ စသည်တို့ကို ရှင်းလင်းဟောကြားခဲ့ရသည်။ ပြီးလျှင် သံဃာတော်များအား ၀ါဆိုသင်္ကန်းနှင့် အခြားလှူဖွယ်များကို လှူဒါန်းကြသည်။ မြန်မာအခမ်းအနားများနှင့် မတူသည်မှာ ကြွရောက်လာသော ပရိသတ်များက သံဃာတော်များအား ၀ါဆိုဖယောင်းတိုင်များ လှူဒါန်းကြခြင်း ဖြစ်သည်။ ၀ါဆိုဖယောင်းတိုင် လှူဒါန်းခြင်းဖြင့် အနန္တော အနန္တငါးပါးအပေါ် ပြစ်မှားခဲ့သည်များ ရှိခဲ့လျှင် ကျေပျောက်နိုင်သည်ဟု ယုံကြည်ကြသည်။

နောက်ဆုံးအနေဖြင့် သံဃာတော်များဦးဆောင်ပြီး ၀ါဆိုဖယောင်းတိုင်ကို ထွန်းညှိကာ ကျောင်းတိုက်စေတီကို လှည့်လှည်ပူဇော်ကြသည်မှာ ကြည်နူးစရာ ကောင်းလှပါသည်။ ည ၉-နာရီကျော်ခန့်တွင် ကော်မတီအဖွဲ့ဝင်များနှင့် စုပေါင်းဓာတ်ပုံရိုက်ပြီး ၀ါဆိုပွဲအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။



























































0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP