* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 20, 2011

"ကိုရင်လေး ဂုဏ်ထူးနဲ့ အောင်အောင်ဖြေနော်"

ပြီးခဲ့သော ဧပြီလလောက်ကဖြစ်သည်။ မိမိသည် ဧရာဝတီတိုင်း၊ ညောင်တုံးမြိုံ့ နယ်၊ပဲရုံဆိပ်ကျေးရွာသို့ ကြွရောက်ခဲ့ရပေသည်။ အကြောင်းမှာ ထိုပဲရုံဆိပ်ကျေးရွာ၌ နှစ်စဉ်နှစ်တိုင်း ညောင်တုံးမြို့လုံးဆိုင်ရာ စာမေးပွဲနှင့် တရားပွဲကျင်းပလေသောကြောင့် တရားဟောရန် ကိစ္စဖြင့် ကြွရောက်ခဲ့ရပေသည်။ မိမိသည် ထိုပဲရုံဆိပ်ကျေးရွာ ရွာဦးကျောင်းရှိ သိမ်ကျောင်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်ခဲ့ရလေသည်။ မိမိသည် နောက်နေ့နံနက် ညတရားဟောရန်အတွက် စာကြည့်နေသည်။ ထိုစဉ် ဒါယကာတစ်ဦးသည် အခင်းများယူရန် အတွက် သိမ်ကျောင်းပေါ်သို့ ရောက်ရှိလာသည်။ ထိုဒါယကာသည် မိမိစာကြည့်နေသည်ကို မြင်သောအခါ
"ကိုရင်လေး ဂုဏ်ထူးနဲ့အောင် အောင် ဖြေနော်"ဟု ပြောကာ သိမ်ကျောင်းပေါ်မှ ဆင်းသွားလေသည်။ စာကို စိတ်ဝင်တစား ကြည့်နေသော မိမိသည် တစ်ပါးတည်းပြုံးလျှက်ကျန်နေခဲ့တော့သည်။ ဆက်လက်၍ မိမိသည်
"အော် ငါ့အရပ်ကလည်း ကိုရင်လေးအခေါ်ခံရလောက် ပုပါပေ၏၊ ဒီအရပ်ကလည်း လူပုံအလယ်မှာ တော်တော်
လေးကို အရှက်တကွဲအကျိုးနည်းအောင် လုပ်ပါပေ၏”ဟု မိမိအရပ်ကိုပင် အပြစ်တင်မိလေတော့သည်။
ထို့နောက် သိမ်ကျောင်းထဲချည်း နေရသည်ကို ငြီးငွေ့သဖြင့် အောက်ဆင်းကာ လမ်းလျှောက်ခဲ့လေသည်။ ထိုစဉ်
ကျောင်းသားပေါက်စနှစ်ယောက်သည် သူတို့၏ ဦးဇင်းကို ရှိခိုးနေလေသည်။ ထိုကျောင်းသားပေါက်စနှစ်
့နှင့် သူတို့၏ ဦးဇင်းအကြားတွင် ဆင်ရုပ်ကြီးရှိနေလေရာ မိမိက ကျောင်းသားလေးများကို
“မောင်ကျောင်းသားတွေ မင်းတို့က ဦးဇင်းကို မရှိခိုးပဲနဲ့ ဘာကြောင့် ဆင်ရုပ်ကြီးကို ရှိခိုးနေတာလဲ”ဟု စ နောက် လိုက်လေသည်။ ထိုအခါ ကျောင်းသားလေးများက
“ဆင်ရုပ်ကို ရှိခိုးနေတာ မဟုတ်ပါဘူး၊ ဦးဇင်းကို ရှိခိုးနေတာပါ ကိုရင်လေး”ဟု ပြောသောအခါ ဆရာဖြစ်သော ကန်တော့ခံ ဦးဇင်းက မိမိကို အားနာသွားကာ
“ခွေးမသားတွေ ဦးဇင်းမှန်းမသိ၊ ကိုရင်မှန်းမသိ၊ အဲဒီဘုန်းဘုန်းက ဒီနေ့ည တရားဟောမဲ့ တရားဟောဆရာ
တော်ကွ”ဟု ဆဲဆိုကာ ငေါက်ငန်းလေတော့သည်။ ထိုအခါ မိမိက
“ဦးဇင်းရယ်မသိလို့ခေါ်တာခေါ်ပါစေ၊တပည့်တော်ရဲ့အရပ်ကိုကအလွန်ပုတာကိုး”ဟုကြားမှဝင်ကာ တောင်းပန်ရလေသည်။
ဆက်ကာ ညည်းချင်းထုတ်မိသည်ကာ
“တော်တော် အရှက်တကွဲ အကြိုးနည်းအောင် လုပ်တဲ့ ဒီအရပ်ပါပေသည်တကား”ဟူ၍ပင် ဖြစ်သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP