* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, July 20, 2011

မိုးနှင့်တူသောလူသားများ


မော်ကွန်းသစ် ဘလော့မှ ကူးယူဖေါ်ပြပါသည်။အဆုံးအမပေးတဲ့ အရှင်ဘုရားလည်း ကိုယ်စိတ်နှစ်ဖြာအေးချမ်းပါစေ။

မိုးနှင့်တူသော လူသားများ


လူဆိုတာဘာလဲ?
အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ခွဲခြားသိရမယ်၊ သိတဲ့အတိုင်း လိုက်လုပ်တတ်ရမယ်။ ဒါမှသာ လူမည်ပါသတဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်ရင်၊ လူဖြစ်ရကျိုးနပ်ချင်ရင်၊ လူမည်တဲ့ လူတစ်ယောက်ဖြစ် ချင်တယ်ဆိုရင် အကြောင်းအရာတစ်ခု မိမိနဲ့ ကြုံတွေ့လာတိုင်း ကောင်းတာလား၊ ဆိုးတာလားဆိုတာ အရင်ဆုံးသိအောင် သရုပ်ခွဲပေးပါ။ ပြီးတော့ ကောင်းတာဆိုရင် ကံ၊ကံရဲ့ အကျိုး ယုံကြည့်တဲ့ စိတ်ထားနဲ့ ဆက်လုပ်ဖို့ ကိုယ့်မှာတာဝန်ရှိသလို၊ မကောင်းတာဆိုရင်လည်း "ဒီမကောင်းတာကိုလုပ်မိရင် အဲဒီ မကောင်းတာကြီးက တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ငါ့ကို ဆင်းရဲခြင်းတွေ မေးလိမ့်မယ်"ဆိုတဲ့ အတွေးနဲ့ မလုပ်ဖြစ်အောင် မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို နိုင်အောင်ထိန်းပါ။

အဘိဓမ္မာခုနှစ်ကျမ်းထဲမှာ ပုဂ္ဂလပညတ်ကျမ်းဆိုတာရှိပါတယ်။ အဲဒီကျမ်းက ပုဂ္ဂိုလ်အမျိုးအမျိုးကို ကွဲကွဲပြားပြား၊ ခြားခြားနားနားသိစေရန်အတွက် သူအကန့်နဲ့သူ တကန့်စီ ဒီလို မိုးနဲ့ဥပမာပေပြီးတော့ ခွဲခြားပြသပေးထားပါသေးတယ်။

မိုးလေးမျိုး
(၁) ခြိမ်းလျှက် မရွာသော မိုး၊
(၂) ရွာလျှက် မခြိမ်းသော မိုး၊
(၃) ခြိမ်းလည်းခြိမ်း၊ ရွာလည်းရွာသော မိုး၊
(၄) ခြိမ်းလည်းမခြိမ်း၊ ရွာလည်းမရွာသော မိုး၊

(၁) လောကမှာ လူတချို့ဟာ ပါးစပ်ကသာပြောတယ်၊ ပြောတဲ့အတိုင်း လက်က လက်တွေ့မလုပ်ကြဘူး။ ဒီလိုပြောရုံသာပြောပြီး၊ ပြောတိုင်းလိုက်မလုပ်တတ်တဲ့ သူဟာ ခြိမ်းလျှက် မရွာသောမိုးနဲ့တူကြတယ်။

(၂) လောကမှာ လူတချို့ဟာ အလုပ်ကိုတော့ လုပ်ကြတယ်၊ ပြောတော့ မပြောကြဘူး၊ ဒီလို လုပ်ရုံသာ လုပ်ပြီး၊ မပြောတဲ့သူဟာ ရွာပေမယ့် မခြိမ်းတဲ့ မိုးနဲ့တူကြတယ်။

(၃) လောကမှာ လူတချို့ဟာ အလုပ်လည်းလုပ်ကြတယ်။ ပြောလည်းပြောကြတယ်။ ဒီလို ပြောလည်းပြော၊ လုပ်လည်းလုပ်တဲ့သူတွေဟာ ခြိမ်းလည်းခြိမ်း၊ ရွာလည်းရွာတဲ့မိုးနဲ့တူကြတယ်။

(၄) လောကမှာ လူတချို့ဟာ အလုပ်လည်း မလုပ်ကြဘူး၊ ပြောလည်း မပြောကြဘူး၊ ဒီလူတွေဟာ ခြိမ်းလည်း မခြိမ်း၊ ရွာလည်း၊ မရွာတဲ့မိုးနဲ့တူကြတယ်။

သင်ရော ဘယ်လိုလူစားမျိုးလဲ?

မော်ကွန်းသစ်
7း58am 20.6.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP