* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 15, 2011

စိတ္တသုခကျောင်း (ဒယ်ဂူး၊ ကိုရီးယား) စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

စိတ္တသုခ ဒကာဒကာမများ၏ တတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ လစဉ်တရားပွဲ၊ ရွှေမြန်မာတွေ့ဆုံပွဲနှင့် ဒါဆန် ရွှေညီအစ်ကိုများ၏ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကုသိုလ်ယူနိုင်ကြစေဖို့ ကြွရောက်ကြပါရန် ကျောင်းအကျိုးဆောင်များနှင့် အလှူရှင်များက လေးစားစွာဖြင့် အလေးထားကာ ဖိတ်ကြားလိုက်ပါသည်။

အလှူနေ့ရက် = ၁၇-၇-၂၀၁၁ (ဝါဆိုလပြည့်ကျော် ၂-ရက်)၊ တနင်္ဂနွေနေ့
ဧည့်ခံကျွေးမွေးချိန် = မနက် (၁၀)နာရီမှ နေ့လယ် (၂)နာရီအထိ
တရားနာချိန် = နေ့လယ် (၁)နာရီ
နေရာ= စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၊ ဒယ်ဂူးမြို့
အရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူရှင် = ဒါဆန်စက်မှုဇုံ ရွှေညီအစ်ကိုများ



မှတ်ချက်။ ။ အလှူနေ့တွင် စိတ္တသုခ ဒကာဒကာမများက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာကျောင်း၌ စုပေါင်းပေးပို့လှူဒါန်းထားသည့် ဝါဆိုသင်္ကန်းအလှူ၊ ပညာရေးအလှူနှင့် တစ်နေ့တာ ဆွမ်းအလှူ ကုသိုလ်တော်များကိုလည်း တစ်ပေါင်းတည်း ရေစက်သွန်ချ အမျှအတမ်းပေးဝေမည် ဖြစ်ပါသဖြင့် မပျက်မကွက် ကြွရောက်ကြပါရန် ထပ်မံ၍ အသိပေး ဖိတ်ကြားအပ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP