* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 15, 2011

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ မှဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း နှစ်ပတ်လည်အစီအစဉ်

စစ်ကိုင်းမြို့
မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်းနှစ်နှစ်ပြည့် နှင့်

စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တောင်ဘက် လပြည့်ဝန်းလမ်းသွယ်မှ သီလရှင်ကျောင်းတိုက် များသို့သွားသောလမ်း ပေ၅၅၀ ကွန်ကရစ်လမ်းဖွင့်ပွဲ၊ရေစက်ချပွဲနှင့် စစ်ကိုင်းမြို့ မြရတနာ အနာကြီးရောဂါသည်

ရပ်ကွက် ကံသစ်လှိုင်ဘုန်းတော်ကြီးကျောင်းတွင် ရေလောင်းကုဋီ (၂)ခန်းတွဲ (RC) ရေစက်ချအခမ်းအနား ကို ၁၁.၇.၂၀၁၁ ရက်နေ့ နံနက် ၅ နာရီတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်းသွယ် သဒ္ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။ ထိုနေ့ နံနက် ၅း၀၀ နာရီအချိန်တွင် သံဃာတော် အရှင်သူမြတ်တို့အား ကိုကျော်ဇောလင်း+မခိုင်ဝတ်မှုန်၊သား-နောင်ဘုန်းမြတ်သူ(စင်္ကာပူ)၏ ၂နှစ်ပြည့်မွေးနေ့ အလှူ အဖြစ် အရုဏ် ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခဲ့ပြီး သံဃာ အပါး (၈၀၀) တို့အား မေတ္တာရှင်ဆရာတော်နှင့် နာယက ဆရာတော်ကြီးများ ဦးဆောင်လျှက် အလှူရှင်အသီးသီးတို့မှ နတ်သုဒ္ဓါဒံပေါက်ဆွမ်းလောင်းလှူ၍ ဗလာမပါစာရေးတံမဲများနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြပါသည်။

၁၁.၇.၂၀၁၁ ရက်နေ့ ည (၇း၃၀) အချိန်တွင် မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ နာယက ဆရာတော်ဖြစ်တော်မူသော မြစကြာ ဆရာတော် အရှင်ဣန္ဒကာ ဘိဝံသ မှ စစ်ကိုင်းမြို့ ကျက်သရေဆောင် ဆင်များရှင် ဘုရားရင်ပြင် တွင် တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးချီးမြင့်ခဲ့ပါသည်။

၁၂.၇.၂၀၁၁ ရက်နေ့ ည (၇း၃၀) အချိန်တွင်လည်း အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) မှ လည်း စစ်ကိုင်းမြို့ ကျက်သရေဆောင် ဆင်များရှင်ဘုရားရင်ပြင် တွင် တရားရေအေးအမြို့က်ဆေးကိုတိုက်ကျွေးချီးမြင့်ပြီး စာရေးဆရာ ဦးဘုန်း(ဓါတု)မှလည်း စာပေဗဟုသုတနှင့်ပါက်သက်၍ ဟောကြား သွားခဲ့ပါသည်။


အထူးအစီအစဉ်အနေဖြင့်
ဆွမ်းလောင်းအသင်းအစီအစဉ်ကို live အနေဖြင့် ၁၁.၇.၂၀၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၄း၃၀ အချိန်မှစ၍

စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း web စာမျက်နှာ ဖြစ်သော www.everyoneit.com မှ တိုက်ရိုက်ထုတ်လွှင့်မှုများလင့်မှတဆင့်

http://www.myanmartube.net/video/9/ တွင် မြန်မာစံတော်ချိန် ၆း၃၀ အချိန်အထိ တကမ္ဘာလုံးသို့ထုတ်လွှင့်ပေးခဲ့ပါသည်။


ထိုအစီအစဉ်များကို http://www.myanmartube.net/2011/06/myittarshin/ တွင် ပြန်လည်ကြည့်ရှု ကြည်ညိုနိုင်ကြပါသည်။

မှတ်တမ်းဓာတ်ပုံများကိုတော့ ၁၁.၇.၂၀၁၁ ၊ ဆွမ်းလောင်းအသင်း (၂) နှစ်ပြည့် ဆွမ်းလောင်းလှူပွဲ မှတ်တမ်းဓာတ်ပုံများ ပို့စ်တွင် ပြန်လည် ကြည့်ရှု့နိုင်ကြပါသည်။



အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP