* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 15, 2011

ခွဲခွါချိန်

လူတိုင်း မဖြစ်မနေ ခွဲခွါရပါမယ်။
ခွဲခွါခြင်း တစ်မျိုးမျိုးနဲ့ ပေါ့။
ရှင်ခွဲနဲ့  ၊ မရှင်တဲ့ ပြန်မဆုံနိုင်တဲ့ အခွဲပါ။

ဘယ်လိုပင် ခွဲခွဲ၊ ခွါခွါပေါ့။
ခွဲကာစ အနေကြာပြီ ဆိုတာနဲ့  အမျှ
စိတ်ခံစားမှုလေးတွေ
အနည်းနဲ့  အများဆိုသလို
ဖြစ်တတ်ကြလေရဲ့ ။

သိထားသင့်တာကတော့
လူတိုင်း ခွဲရမှာ သေချာတာကိုပါပဲ။

ခွဲခွါချိန်မှာ စိတ်ခံစားမှုဟာ ၀မ်းနည်းမနေသင့်ဘူး။
ဘာလို့ လဲ ၊ လူတိုင်းခွဲရမှာ သေချာလို့ ပဲပေါ့။

ခွဲခွါချိန် ၀မ်းနည်းခြင်း စိတ်ခံစားချက်တွေဟာ
ပုထုဇဉ် သဘာဝပေမို့  လူတိုင်းရှိကြပါတယ်။

ပုထုဇဉ် မဆိုထားနဲ့  သောတာပန် အဆင့်တောင်
ခွဲခွါချိန်မှာ ၀မ်းနည်းမှုလေးတွေ ဖြစ်လာတယ်ပေါ့။

ခွဲခွါချိန်မှာ ဘာလို့ ဒီလို ဖြစ်ကြရတာလဲ။
ခင်မင်မှုတွေကို ရင်းနှီးမြှုပ်ခဲ့လိုပေါ့။
ခင်မင်မှုတွေကလည်း ၀မ်းနည်းကို ဖြစ်စေတတ်တာကိုး။

ခွဲခွါပေမယ့် မကွဲကွာ ဖို့ တော့ အရေးကြီးပါတယ်။
အမြဲတမ်း အချင်းချင်းအပေါ် မေတ္တာတွေ
အပြန်အလှန် ရှိကြရမယ်ပေါ့။

မေတ္တာတွေ အမြဲရှိပြီးနေခဲ့ရင်
ခွဲခွါနေကြပေမယ့် မကွဲကွာကြဘူးပေါ့။

ခွဲခွါနီးရင် ပြန်တွေ့ ဆုံကြဖို့ 
မကွဲတဲ့ စကားလေးတွေ ပြောကြတယ်။
ဖြစ်သင့်တဲ့ စကားလေးတွေပဲပေါ့။

ခွဲခွါနီးရင် ပြောလိုက်သေးတာက
အရေးကြီးတဲ့စကား... သတိထားပါတဲ့။
မြန်မာလို ပြောလေ့ရှိတာက ဂရုစိုက်ပါ။

ပြီးတော့ အဆင်ပြေပါစေ။

အောင်မြင်ပါစေပေါ့။

ပြီးတော့....။

ခွဲခွဲခွါခွါ ဖြစ်ချိန်မှာ
အရေးကြီးတာ၊

ဖြစ်သင့်တာ၊
မှာသင့်တာက...


ဘယ်အရာမဆို
သတိထား

ကြိုးစား
အသိပွါး အောင်
လုပ်ကြပါ ...ဆိုတာပါပဲ။




မှတ်ချက်။။ အမှတ်တရအနေနဲ့ 
ကဗျာမဟုတ်တဲ့ စာသားများကို ရေးခြစ်မိပါတယ်။



မြတ်ရောင်နီ

( ၁၃ ၊ ၀ ၇ ၊ ၂၀၁၁ )





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP