ဝါဆိုလပြည့်နေ့
(၁) မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့တွင် အလောင်းတော် သန္ဓေယူတော်မူသည်။
(၂) မဟာသက္ကရာဇ် (၉၇) ခုနှစ်၊ ၀ါဆိုလပြည့် တနလာင်္နေ့တွင် အလောင်းတော် တောထွက်တော်မူသည်။
(၃ )မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇီ) တို့အား မိဂဒါဝုန်တော ဓမ္မစကြာတရားတော်ကို တရားဦးအဖြစ် ဟောကြားတော်မူသည်။
(၄) မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ၀ါဆိုလပြည့် မိစ္ဆာတိတ္ထိတို့အား ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာ ပြတော်မူသည်။
အကျယ်သိလိုပါက " မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များ" ကို ဖတ်ပါ click

0 comments:
Post a Comment