* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 6, 2011

Facebookက အမေးတစ်ပုဒ် (၁)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta) မှာ တင်ထားတဲ့ “အူမတောင့်မှ သီလ စောင့်မယ် ဆိုရင်ဖြင့်…” ဆိုတဲ့ ပို့စ်အောက်မှာ မေးထားတဲ့ အမေးလေးတစ်ပုဒ်ပါ။ စိတ်ဝင်စားစရာ ကောင်းပြီး သိသင့်တယ်ထင်လို့ ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။

Thet Naing
ကျေးဇူးကြီးမားလှပါတယ် အရှင်ဘုရား။ သိချင်တာလေး တစ်ခုမေးလျှောက်ပါရစေ ထမင်းမစားရရင် သေတော့မှာမိုလို့ သူများထမင်းခိုးစားလိုက်တယ် (သီလတော့ ပျက်သွားပီပေါ့ ) ဒါပေမဲ့ အဲဒီထမင်းစားလိုက်ရတဲ့ အတွက် မသေတော့ပဲနဲ့ သက်တမ်းရှိသလောက် နောက်ထပ် နှစ် ၂၀ လောက် တရားအားထုတ်ပီးတော့ သေတာနဲ့ ထမင်းအငတ်ခံပီး အဲဒီနေ့မှာပဲ သေတာ ဘယ်ဟာ ပိုမြတ်ပါသလဲ အရှင်ဘုရား။ တပည့်တော် အထင်တော့ အဲဒီ ဖောက်ဖျက်လိုက်တဲ့ သီလ အကုသိုလ်လေးကို နှစ် ၂၀ မှာ သီလ ဘာဝနာ တရားတွေအားထုတ်ပီး ကုသိုလ်တွေနဲ့ ချေဖျက်လိုက်မယ် ဆိုရင်ကော ပိုမကောင်းဘူးလား လို့ တွေးမိပါတယ်။ လူ့ဘဝဆိုတာကလဲ ရခဲတဲ့ ဒုလ္လဘထဲမှာ ပါတယ်မို့လား အရှင်ဘုရား။ အဲဒါလေးတစ်ချက်လောက် ဖြေကြားပေးပါ။
May 31 at 4:13am • UnlikeLike • 2 people

Ashin Vicitta ‎>>> Thet Naing
သူတော်ကောင်းတွေ ဆိုရင်တော့ အသက်ကို အသေခံပြီး သီတော့ အပျက်ခံကြမှာ မဟုတ်ပါဘူး။ ကျန်းမာရေးအရ ၊ ကုသိုလ်ရေးအရ အစားအစာ စားတဲ့အပေါ်မှာ သီလနဲ့ ပတ်သက်ပြီး ပြောစရာမရှိပေမယ့် ခိုးစားတယ်၊ ခိုးတယ်ဆိုတဲ့ သီလကို ချိုးဖောက်ပြီး စားတဲ့အပေါ်မှာတော့ သီလအပြစ်က ကြီးသွားပြန်ပါတယ်။ ပုထုဇဉ်တွေဖြစ်နေလို့ ဒီလိုလေးတွေ တွေးနိုင်ကြပေမယ့် အဲဒီလို အတွေးလေးတွေကစပြီး သီလချိုးဖောက်စရာတွေ များလာတော့တာ ဖြစ်ပါတယ်။ နောင်အနှစ် ၂၀အထိ တရားအားထုတ်ပြီး နေဖို့ဆိုတာလည်း စကားအဖြစ်ပြောကြတာ ဖြစ်ပါတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာတောင် မပြောနိုင်တဲ့ သေခြင်းတရားက ရှိနေသေးတော့ နှစ်၂၀ဆိုတာ ဝေးပါသေးတယ်။ တကယ်လို့များ မစားရင်သေမှာဖြစ်တဲ့ အဲဒီ အခိုက်အတန့်မှာ အသက်အသေခံပြီး သီလကိုလုံအောင်ထိန်းကာ တရားအမှတ်နဲ့ သေသွားမယ်ဆိုရင် သေချာပေါက် သုဂတိဘဝကို ရောက်နိုင်မှာဖြစ်ပါတယ်။ နောင်နှစ်၂၀နေပြီး တရားရမယ်၊ သေပြီး သုဂတိဘဝကို ရောက်မယ်ဆိုတာက မသေချာလှပါဘူး။ နောက် လူ့ဘဝရခဲတယ်ဆိုတာ မှန်ပေမယ့် လူ့ဖြစ်ပြီး လူ့အကျင့်သိက္ခာတွေ မထိန်းဘဲ နေနေတယ်ဆိုရင်လည်း ရခဲတဲ့လူ့ဘဝဟာ တန်ဘိုး မရှိပြန်ပါဘူး။ ဘုရားရှင်ကတော့ သီလမလုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှည်ရတာက ပိုမြတ်တယ်လို့ မိန့်တော်မူပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေက အသက်နဲ့ သီလယှဉ်လာရင် အသက်ကို အသေခံကြတယ်လို့ ဆိုကြတာ ဖြစ်ပါတယ်။
May 31 at 10:33am • LikeUnlike • 15 people
Mmon Htet, April Wang, Su Su Aung and 12 others like this.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP