* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 6, 2011

ကြေငြာဘလော့ဂ် တင်ပါသည်


ကြေငြာ ဘလော့ဂ်တင်ပါသည်

၁။ တိပိဋက ပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကြီး

တိပိဋက ပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကြီးကို
ဂျာမဏီနိုင်ငံ ဖရိုက်ဇင်းမြို့ တွင်
နေ့ စဉ် ရွတ်ဖတ် ပူဇော်သွားပါမည်။

၂။ သစ်မရတော့ ၀ါးဖောင်နှင့်ကွပ်ဆိုသလို

ယမန်နှစ်က ပါဠိတော် စာအုပ်များ မရှိသည့်အတွက်
ကွန်ပျူတာဖြင့် ၀ါတွင်းသုံးလကာလ
မဟာပဋ္ဌာန်း စာအုပ် ၅ အုပ်ကို ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

၃။ ဓမ္မဒါနအလှူရှင်များ

ယခုနှစ်တွင် ထိုအတွေ့ ကြုံများ ရှိခဲ့သည့်အတွက်ကြောင့်
မြတ်ရောင်နီ၏
ရဟန်းဒကာ ဒကာမများနှင့်
နီးစပ်ရာရာ စေတနာရှင် ဒကာ ဒကာမတို့ စုပေါင်းကာ

ပိဋကပါဠိတော် အုပ်၄၀ ၊ အဋ္ဌကထာ ၅၁အုပ်၊ ဋီကာ ၂၆ အုပ်
လှူဒါန်းထားပါသည်။


၎။ စာအုပ်များ တစ်ပြိုင်နက်မရောက်

၎င်းစာအုပ်များမှာ ယခုအချိန်ထိ တစ်ပြိုင်နက် မရောက်လာသေးပါ။
နဲနဲချင်း ရောက်ကာ၊
နှစ်လအတွင်း အကုန်ရောက်လာပါမည်ဟု သိရပါသည်။


၅။ ပိဋက လှူဒါန်း ပူဇော်ပွဲ

ထိုစာအုပ်များရောက်လာပါက
ပိဋက လှူဒါန်း ပူဇော်ပွဲကြီး ကျင်းပသွားပါမည်။




မှတ်ချက်။ ။ နတ်နှင့် တကွသော အို သူတော်ကောင်း အပေါင်းတို့ 
တိပိဋက ပါဠိတော် ရွတ်ဖတ် ပူဇော်ပွဲကြီး စတင် နေပါပြီ။
သာဓုလည်းခေါ် နာလည်း နာယူနိုင်ကြပါပြီ။




မြတ်ရောင်နီ
( ၀၄ ၊ ၀၆ ၊ ၂၀၁၁ )


ဒီနေရာကလေးမှာ ရေးပါ..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP