* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 6, 2011

ပညာရေးအလှူတော်အလှူရှင်များစာရင်း

၂၀၁၁-၂၀၁၂ ပညာသင်နှစ် အတွက် ယခုပူးတွဲပါ လျှောက်လွှာဖြင့် အောက်ပါကျောင်းသား ၃ ဦးမှ အခက်အခဲများကို တင်ပြကြပြီး ပညာရေးစရိတ် လျှောက်ထား တင်ပြခဲ့ကြသည်-
(က) ၁၀ တန်းတက်မည့် ကျောင်းသူ မဆုမြတ်ဝေသည် အဖေ၊ အမေမရှိတော့ဘဲ အဘိုးအဖွားတို့ အုပ်ထိန်းမှု အောက်တွင် နေထိုင်လျက်ရှိသူ။
(ခ) တန်းတက်မည့် ကလေးငယ် မအိအိအောင်သည် အသက် ၇၀ ကျော်ရှိသည့် အဘွားဒေါ်မြခင်၏ အုပ်ထိန်းမှု အောက်တွင် နေထိုင်လျက်ရှိသူ။
(ဂ) တန်းတက်မည့် ကလေး မောင်သက်ကိုကိုအောင်သည် မိဘနှစ်ပါးစလုံး မရှိကြတော့ဘဲ အဘိုး၏ အုပ်ထိန်းမှု အောက်တွင် နေထိုင်လျက်ရှိသူ။


၁။ အထက်ပါ ကျောင်းသားများ နှင့်အတူ အုပ်ထိန်းသူများ၊ ၎င်းတို့ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးတို့ ၃၀-၄-၂၀၁၁ရက် (စနေနေ့)တွင် ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးတော်ဆောင် အဖွဲ့သို့ လာရောက် တွေ့ဆုံကြသဖြင့် ကလေးများ၏ အခက်အခဲကို အသေးစိတ် မေးမြန်းကြည့်ရှုရာ ၁၀ တန်းတက်မည့် ကျောင်းသူ မဆုမြတ်ဝေ သည် အဖေ၊ အမေမရှိတော့ဘဲ အဘိုးအဖွားတို့ အုပ်ထိန်းမှုအောက်တွင် ကျောင်းတက်နေပြီး ၎င်းအတွက် ကျောင်းစရိတ်လိုအပ်ချက်မှာ ကျူရှင်လခ တစ်လ ၃၅၀၀၀ ကျပ်၊ ရွာနှင့်အထက်တန်းကျောင်းသို့ ခရီးစရိတ် အပါအ၀င်မုန့်ဖိုး ၅၀၀ ကျပ်၊ တစ်လအတွက် ၁၅၀၀၀ ကျပ်၊ စုစုပေါင်း တစ်လလျှင် ၅၀၀၀၀ ကျပ်(ငါးသောင်းကျပ်) လိုအပ်လျက်ရှိကြောင်း၊ တစ်နှစ်စာ(၁၀ လစာ) ငါးသိန်းကျပ် လိုအပ်လျက်ရှိကြောင်း သိရှိခဲ့ရသည်။
၂။ ၈ တန်းတက်မည့်ကလေးငယ် မအိအိအောင်သည် အဘွား ဒေါ်မြခင်၏ အုပ်ထိန်းမှုအောက်တွင် ကျောင်းတက်နေရပြီး အဘွားမှာ အသက် ၇၀ ကျော်ရှိနေသောကြောင့် ကျောင်းစရိတ်အတွက် ထောက်ပံ့ရန် အခက်အခဲဖြစ်လျက်ရှိသည်။ ၎င်းအတွက် လိုအပ်ချက်မှာ ဘာသာစုံကျူရှင်အတွက် တစ်လ ၆၀၀၀ ကျပ်၊ ရွာနှင့်ကျောင်း နေ့စဉ်ခရီးစရိတ်အပါအ၀င်မုန်းဖိုး တစ်နေ့ ၅၀၀ ကျပ်တစ်လလျှင် ၁၅၀၀၀ ကျပ် လိုအပ်ပြီး စုစုပေါင်း တစ်လလျှင် ၂၁၀၀၀ ကျပ် လိုအပ်ကြောင်း၊ တစ်နှစ်စာ(၁၀ လ)အတွက် ၂၁၀၀၀၀ ကျပ် လိုအပ်ကြောင်း သိရှိခဲ့ရသည်။
၃။ ၇ တန်းတက်မည့်ကလေး မောင်သက်ကိုကိုအောင် မိဘနှစ်ပါးစလုံးမရှိကြတော့ဘဲ အဘိုး၏အုပ်ထိန်းမှုအောက်တွင် ကျောင်းတက်နေရပြီး ၎င်းအတွက်လိုအပ်ချက်မှာ ကျူရှင်နှင့်မုန့်ဖိုး တစ်လ ၆၀၀၀ ကျပ်၊ တစ်နှစ်စာ ၆၀၀၀၀ ကျပ်(ခြောက်သောင်းကျပ်) လိုအပ်ကြောင်း အသီသီးမေးမြန်းသိရှိခဲ့ရသည်။

အထက်ပါကိစ္စနှင့်ပတ်သတ်၍ ရုရှနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသားများထံမှအလှူငွေများကောက်ခံခဲ့ရာ စေတနာသဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါသည်။လှူဒါန်းကြသောအလှူရှင်များစာရင်းနှင့်တက္ကသိုလ်ကျောင်းများစာရင်းကိုအများသူငါဝမ်းမြောက်ဝမ်းသာသာဓုအနုမောဓနာခေါ်ဆိုနိုင်စေရန် အောက်တွင်ဖေါ်ပြလိုက်ပါသည်။
ဇွန်လ ၄ ရက်(စနေနေ့)မှစ၍ နှစ်ဝက်တစ်ဖြတ် လှူသွားမှာဖြစ်ပြီး ကလေးများ မေလ ၂၅ ရက်နေ့ ကျောင်းအပ်ရန်နှင့် စာရေး ကိရိယာများဝယ်ရန်အတွက် ၁၀ တန်းကလေးကို ၂၀၀၀၀ ကျပ်၊ ၈ တန်းကလေးကို ၁၀၀၀၀ ကျပ်၊ ၇ တန်းကလေးကို ၁၀၀၀၀ ကျပ်အား လှူဒါန်း လိုက်ဲပြီးဖြစ်သည်။

ပညာသင်ထောက်ပံ့စရိတ် အတွက် ကလေးများ၏ ကိုယ်တိုင်လျှောက်ထားခြင်း လက်ရေးမူလျှောက်လွှာ-



ကျောင်းအပ်ရန်နှင့် စာရေး ကိရိယာများဝယ်ရန်အတွက် လှူဒါန်းမှုမှတ်တမ်း -


ဓမ္မမိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာပြီး အများအကျိုး အစဉ်သယ်ပိုးရွက်ဆောင်နိုင်ကြပြီး အလိုရှိရာနိဗ္ဗာန်ရောက်ကြောင်း ပါရမီ တရားများ ဆည်းပူးအားထုတ်နိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP