* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 6, 2011

မနာလိုမဖြစ်တော့ပါဘူး

လောကမှာ လူအများပြောဆိုနေတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။
ကိုယ့်ထက်သာ မနာလို တဲ့။ မနာလိုဖြစ်တယ်ဆိုတာကလည်း ကိုယ်က
သူများကို မနာလိုဖြစ်တာရယ်၊ ကိုယ့်ကို သူများက မနာလိုဖြစ်တာရယ်
ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ကိုယ့်ထက်သာ မနာလို ဖြစ်တယ်ဆိုတာ သူက
ကိုယ့်ထက်သာနေလို့ပါ။ အမှန်တကယ်တော့ မနာလိုဖြစ်တာကို အမှားလို့
မဆိုချင်ပါဘူးလေ။ ကိုယ့်ထက်သာတာကို မနာလိုဖြစ်ရမှာလား၊ ကိုယ့်ထက်
သာအောင် ကြိုးစားထားတာကို အားကျဝမ်းမြောက်ရမှာလား ဆိုတာကို
မသိသည်ကသာ........။
အမှန်တော့ ပုထုဇဉ်မှန်သမျှဟာ မနာလိုဖြစ်မှုနဲ့ မကင်းကြပါ။ အနည်းနဲ့
အများဆိုသလို မနာလိုဖြစ်ဘူးကြမည်သာ။ အနာဂါမ်ဖြစ်သွားသောသူသည်သာ
မနာလိုဖြစ်မှုကို အပြီးတိုင်ပယ်တာပါ။ သို့ဆိုလျှင် ပုထုဇဉ်ဘ၀မှာကော မနာလို
မဖြစ်အောင် နေလို့မရပေဘူးလားလို့ မေးစရာဖြစ်လာပါတယ်။ နေလို့ရသောနည်း
လမ်း နှစ်နည်းရှိပါတယ်။ ပထမတစ်နည်းက သူ့ကံနဲ့သူ ကိုယ့်ကံနဲ့ကိုယ် ဆိုတဲ့
ကံနဲ့ ကမ္မဖလ၊ ကံ၏ အကျိုးကို ယုံကြည်သွားပြီဆိုလျှင်သူကံကောင်းလို့ ကိုယ့်
ထက်သာနေသည်ကို မနာလို မဖြစ်တော့ပါဘူး။
နောက်တစ်နည်းက ကိုယ်က သူများထက်အစစ အရာရာ သာနေပြီဆိုလျှင်လည်း
မနာလိုမဖြစ်တော့ပါဘူး။ စဉ်းစားကြည့်ပါ။ မနာလိုဖြစ်တဲ့နေရာမှာ ကိုယ့်ထက်သူက
ပိုလှလို့ မနာလိုတာ၊ ကိုယ့်ထက်ပိုချမ်းသာလို့၊ ကိုယ့်ထက်ပိုရာထူးကြီးလို့ ၊ တစ်ချို့
ဆို ကိုယ့်ထက်ပိုပြီး ကုသိုလ်လုပ်နိုင်လို့ကို မနာလိုဖြစ်ကြတယ်။ ထို့ကြောင့်ကိုယ်သည်
သူများတွေထက် အစစ အရာရာ သာလွန်နေမည်ဆိုလျှင် ကိုယ့်အောက်နိမ့်ကျ သူများ
အပေါ် ဘယ်မနာလို ဖြစ်တော့မလဲ။ ကုသိုလ်အနေနဲ့ မနာလို ဖြစ်တာ ပြောရရင် ကိုယ်
ကသူများထက် လှူနိုင်တန်းနိုင် သူများထက် သီလတွေ စောင့်ထိန်းနိုင်၊ သူများထက်
ဝေယျာဝေစ္စတွေ ပိုလုပ်နိုင် ဒါဆို သူများတွေကတောင်မှ ကိုယ့်ကို မနာလို ဖြစ်နေပေ
အုံးမည်။ ကိုယ်ကတော့ ဘယ်သူ့မှ မနာလိုမဖြစ်တော့ဘူးပေါ့။ ထိုနည်းနှစ်နည်းထဲက
ကံ၊ ကံ၏ အကျိုးကို ယုံလို့ပဲဖြစ်စေ၊ သူများထက်သာနေလို့ပဲ ဖြစ်စေ မနာလို မဖြစ်
အောင်နေရပါမယ်။ ဒါကြောင့် စိတ်ကလေးငြိမ်းအေးနေဖို့ မနာလို မဖြစ်တော့ပါဘူး...။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP