မင်းကို ရင်ဆိုင်နိုင်ဖို့…
ဒီနေ့ ကြားရတာ သူငယ်ချင်း အသုဘ
သတိရမိတာ ငါ့အလှည့် ဘယ်ခါကျ
မရဏ တံခါးခေါက်သံ နားစွင့်ရန် မေ့နေ
အသိလွတ် ပျော်နေဖန် ကာမဂုဏ်နယ်တွေ
တစ်နေသာကုန်တယ် ကုသိုလ်ရေး မတွေး
မရဏမင်းရေ မင်းကတော့ ချိန်မရွေး
မင်းကျော့ကွင်း မလွတ်သေးဘဲ ငါ့ဘ၀ သံသရာထဲ
မျောရသော်လည်း
မင်းစိန်ခေါ်မှု ရင်ဆိုင်ပြုမည်
ဓမ္မအင်အားတွေ
ငါစုထားပြီ.....
သတိရမိတာ ငါ့အလှည့် ဘယ်ခါကျ
မရဏ တံခါးခေါက်သံ နားစွင့်ရန် မေ့နေ
အသိလွတ် ပျော်နေဖန် ကာမဂုဏ်နယ်တွေ
တစ်နေသာကုန်တယ် ကုသိုလ်ရေး မတွေး
မရဏမင်းရေ မင်းကတော့ ချိန်မရွေး
မင်းကျော့ကွင်း မလွတ်သေးဘဲ ငါ့ဘ၀ သံသရာထဲ
မျောရသော်လည်း
မင်းစိန်ခေါ်မှု ရင်ဆိုင်ပြုမည်
ဓမ္မအင်အားတွေ
ငါစုထားပြီ.....
အရှင်ဉာဏဒီပ

0 comments:
Post a Comment