စာသင်စာချအကျိုး
~~~~ ~~~
စာချ စာသင်၊ အလုပ်ခွင်ဝယ်
နေ့စဉ်မွေ့လျော်၊ များသူတော်တို့
ရွှင်ပျော်လုံ့လ၊ သဒ္ဓါကြွ၍
ဉာဏစင်ဖြူ၊ သင်ယူမူကား
ထိုသူစီးပွား၊ သုတများသဖြင့်
စဉ်းစားဉာဏ်ဝယ်၊ အမြင်ကျယ်၏၊
မကွယ်စေကာ၊ ကိလေသာလည်း
သူ ငါ ရုန့်ကြမ်း၊ ဖြစ်စတမ်းသို့
ဗရမ်းဗတာ၊ ဖြစ်မလာဘဲ
ဣဿာ မစ္ဆရ၊ မထကြွဘူး၊
ရာဂဒေါသော၊ မာန မော တို့
အပြောမကျယ်၊ သေးငယ်ငယ်မှ၊
စ၍ပဟာန်၊ တဒင်္ဂံဖြင့်
ဝိက္ခမ္ဘန၊ ပယ်နိုင်ကြသည်
သင် ချ အကျိုး၊ စာ တန်ခိုးတည်း...။ ။
နေ့စဉ်မွေ့လျော်၊ များသူတော်တို့
ရွှင်ပျော်လုံ့လ၊ သဒ္ဓါကြွ၍
ဉာဏစင်ဖြူ၊ သင်ယူမူကား
ထိုသူစီးပွား၊ သုတများသဖြင့်
စဉ်းစားဉာဏ်ဝယ်၊ အမြင်ကျယ်၏၊
မကွယ်စေကာ၊ ကိလေသာလည်း
သူ ငါ ရုန့်ကြမ်း၊ ဖြစ်စတမ်းသို့
ဗရမ်းဗတာ၊ ဖြစ်မလာဘဲ
ဣဿာ မစ္ဆရ၊ မထကြွဘူး၊
ရာဂဒေါသော၊ မာန မော တို့
အပြောမကျယ်၊ သေးငယ်ငယ်မှ၊
စ၍ပဟာန်၊ တဒင်္ဂံဖြင့်
ဝိက္ခမ္ဘန၊ ပယ်နိုင်ကြသည်
သင် ချ အကျိုး၊ စာ တန်ခိုးတည်း...။ ။
မဟာဂန္ဓာရုံဆရာတော်
(သမ္မေဟ၀ိနောဒနီ ဘာသာဋီကာ ဒု- ၁၈)
(သမ္မေဟ၀ိနောဒနီ ဘာသာဋီကာ ဒု- ၁၈)
သာသနာ့ဝန်ထမ်း ရှင် ရဟန်းတို့၏ စာသင် စာချ အကျိုးတရားများကို ဖော်ကျူး၍ ဦးခိုက်ပူဇော်ပူဇော်ပါသည်
Show/Hide


0 comments:
Post a Comment