* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 12, 2011

လိုတရ ဘဂ၀ါဂုဏ်တော် ဘုရားရှိခိုး


၁။ သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန - အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “ အဏိမာ ” ဘုန်းတော်။
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပေါ့လျင်မြန် ၊ ဈာန်ပျံကြွသွားနိုင်သော “ လဃိမာ ”ဘုန်းတော် ။

ကိုယ် တော်သဏ္ဍာန် ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “ မဟိမာ ”ဘုန်း တော် ။

ဆီးတာကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွရောက်နိုင်သော “ ပတ္တိ ”ဘုန်း တော် ။

အဆင်းအတန်တန် ပုံသဏ္ဍာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော “ ပါကမ္မ ” ဘုန်းတော်။

ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “ ဤသိတာ ” ဘုန်းတော်။

သမာပတ်ဈာန် အဘိညာဉ်ကို ၀င်စံလိုက တစ်ခဏချင်းပိုင် ၀င်စားနိုင်သော “ ၀သိတာ ” ဘုန်း တော်။

ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် စောလျင်မသွေ ပြီးဆုံးစေနိုင်သော “ ယတ္ထကာမ ၀သာယိတာ ” ဘုန်းတော် ။
ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ “ ဣဿရိယ ”ဘုန်းတော် ။

၂။ ကိလေသာရန် ပယ်ဖျက်ရန်ဖို့၊ နိဗ္ဗာန် ဖိုလ်မဂ် ကိုးချက်အပြား၊ လောကုတ္တရာတရားဟူသော “ ဓမ္မ ” ဘုန်းတော် ….

၃။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍၊ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ်၊ ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်း ဟူသော “ ယသ ” ဘုန်းတော် …

၎။ ရွှေမျက်နှာတော် လက်ခြေတော်မှ၊ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့်၊ လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော “ သိရီ ” ဘုန်းတော် ….

၅။ အလိုတော်အတိုင်း တောင့်တတိုင်းပင်၊ မဆိုင်းမတွ ပြီးစီးရသည့် “ ကာမ ” ဘုန်းတော် ….

၆။ တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော “ ပယတ္တ ” ဘုန်း တော် ။
ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း ၊ ဘဂ၀ါ - ဘဂ၀ါ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော် မူပါပေ သည်တကား ….

ဘဂ၀ါ ဂုဏ်တော်တွင် ပါဝင်သော ဘုန်းတော် ( ၆ ) ပါး ဘုရားရှိခိုးလို့လဲ ခေါ်ပါတယ် ၊ နံပါတ်စဉ် တပ်ထားသော ဘုန်းတော်များကိုသာ ရေတွက်သောကြောင့် ၆ ပါး ဖြစ်ရသည် ။ စာရေးသူတို့ အရွယ် ငယ်ငယ် ၁၀ နှစ်သား လောက် ကတည်းက ကျက်မှတ်ထားခဲ့ဖူးတဲ့ ဘုရားရှိခိုးစာပုဒ်လေးတွေပါ။ အကျိုးကျေးဇူးတွေ ကတော့ ဂုဏ်တော်တွေကို သေသေချာချာ စေ့စေ့စပ်စပ် ဖြေးဖြေး ရွတ်ဆို ကြည့်ရုံနဲ့ ရင်ထဲ နှလုံးသားထဲမှာ ပီတိတွေ ပြည့်ကာကြက်သီးမွေးညှင်းတွေထစေနိုင်လောက်အောင်အထိ
ပြောင်မြောက် ထိမိလှတဲ့ စာသား လေး တွေမို့ ရွတ်ဆို ပွားများကြည့်ကြပါကုန် ……

ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများလိုသူတိုင်း ရွတ်ဆိုသင့်သော ဂုဏ်တော်များပါပေ …..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP