* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 12, 2011

သုညတ တရားနာရမှ သုညတနိဗ္ဗာန်ရောက်နိုင်ပုံ

မိုးကုတ်ဆရာတော်ဘုရား ပေးခဲ့သတိ မမေ့လျော့နှင့်
အိုနာ သေဘေး အဘယ်သားသ္မီးမဆိုထားနှင့်
ဘုရားရှင်တော်ကိုယ်တော်တိုင်ပင် မတားဆီးနိုင်
ထိုထိုဒုက္ခ မရဏအား၊ ဘယ်သူအားကိုး ရှိ၍သာလျင် အားကိုးလွဲပြီး နေနေကြပြီ။
မရေမရာ ရထား ဂတိကား၊ မိုးပေါ်မြောက်ပစ်၊ တုတ်ကဲ့ သို့ပင်၊
ကျချင်ရာကျ ဖြစ်ချင်ရာဖြစ၊် အရင်းတစ်လှည့် အဖျားတစ်လှည့် ပြုတ်ကျသလို
ယနေ့သူဋ္ဌေး နက်ဖြန်ခွေး၊ ယနေ့ ရဟန်း နက်ဖြန် သန်း ကားသေချာနေပြီ ဖြစ်ဖို့ရာပင်.
သို့ပေရာကြောင့် ရွေးဖို့လိုပြီ မြဲဂတိကား၊ ရဖို့ရာပင် မှတ်ပါ သုံးချက် အကျင့်ဖြင့်ကား -
- “ငါ” လည်းမဟုတ် “အတ္တ”ပြုတ်သော်
- “ငါ့ဥစ္စာ” ခေါ် “အတ္တနိယ”ကား ဘယ်တွင်ရှိတော့
- “ငါ ငါ့ဥစ္စာ မဟုတ်” အမြင်မှန်ဖြင့်၊ ဆိုက်ပြီး “သုညတ”ဒိဋ္ဌိပြုတ်၍၊

မဖောက်မပြန် သောတပန်ဖြင့် မြဲဂတိ လမ်း မြတ်နိဗ္ဗာန်သို့ သွားနိုင်ပေမည်။
ဒုက္ခဖြစ်လေသမျှ ခန္ဓာကပင် သိ၍စေချင် ဂရုဏာရှေ့ထား ဘုရား၊ ရဟန္တာတို့
ကျေးဇူးအနန္တ ဆပ်လို လျင်ဖြင့် ကျင့်၍သည်ပင် ဒိဋ္ဌိကိုဖြုတ် မဂ်ကိုဆုတ်၍
မိုးပေါ်မြောက်ပစ် တုတ် မကျခင် ရဖို့လိုပြီ မြဲဂတိပင်...

အားလုံးသော ဓမ္မမိတ်ဆွေများ သူတော်ကောင်း တရား နာကြား ခွင့်ရကြပြီး ကျင့်ကြံ ပွားများ ခြင်းဖြင့် အတ္တ၊ အတ္တနိယ သေ၍ သုညတ နိဗ္ဗာန် မြင်ခြင်းဖြင့် ကောင်းကင် မြောက်သော တုတ် ဘဝမှ လွတ်မြောက်ကြပြီး မြဲဂတိလမ်း နိဗ္ဗာန်လမ်းကို လျှောက်လှမ်း သွားနိုင်ကြပါစေ...

မိုးကုတ်ဆရာတော် ဘုရားကြီး၏ သုညတ (အနတ္တ) တရားတော်မှ ထုတ်နှုတ် ရေးသား ထားခြင်း ဖြစ်ပါသည်။


တရားတော်နာယူရန်


Download

မေတ္တာဖြင့်...

သန့်ဇင်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP