* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 12, 2011

မေမေ

(မေးလ်ထဲကို ရောက်လာတဲ့ နှစ်သက်မိတဲ့ ပုံပြင်လေးပါ။ ကိုယ့်အယူအဆတွေနဲ့ အစပ်အဟပ် မတည့်တာတွေ ပါနေပေမယ့် ရည်ရွယ်ချက်လေးက ချစ်စရာကောင်းနေတာမို့ နှစ်သက်မိတာပါ။ ဒါကြောင့် ဘာသာပြန်ပြီး တင်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဖတ်ကြည့်ပေါ့။)


ဟိုးရှေးရှေးတုန်းက လူ့လောကကို ရောက်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ ကလေးလေးတစ်ယောက်ရှိသတဲ့။ တစ်နေ့မှာ ကလေးလေးဟာ ဘုရားသခင်ကို မေးလိုက်တယ်။
“မနက်ဖြန်ကျရင် တပည့်တော်ဟာ လူ့ပြည်ကို အပို့ခံရတော့မယ်လို့ သူများတွေ ပြောနေကြတယ်၊ ဒါပေမယ့် အရမ်းကျဉ်းပြီး အကူအညီမဲ့တဲ့ အဲဒီကမ္ဘာမှာနေဖို့ ဘယ်လိုလုပ် သွားရပါ့မလဲ”
ထိုအခါ ဘုရားသခင်က
“နတ်သမီးတွေ အများကြီးထဲက ငါ မင်းအတွက် တစ်ယောက်ကို ရွေးထားတယ်။ သူက မင်းကို စောင့်နေလိမ့်မယ်။ အစစအရာရာ မင်းကို ဂရစိုက်ပါလိမ့်မယ်”လို့ ဖြေလိုက်တယ်။




ဒါပေမယ့် ကလေးလေးက ပြောပြန်တယ်။
“အို.. ဘုရားသခင်… ကောင်းကင်ဘုံကတည်းက ကျွန်ုပ်ကို ပြောပြပါ။ ဒီမှာ သီချင်းဆိုပြီး ပြုံးရုံကလွဲလို့ ကျွန်ုပ် ဘာမှလည်း မလုပ်ရဘူး။ ဒါမှသာ ကျွန်ုပ်ပျော်ရွှင်ဖို့ လိုအပ်ချက် ဖြစ်လို့ပါ”
ထိုအခါ ဘုရားသခင်က
“မင်းရဲ့ နတ်သမီးက နေ့တိုင်း မင်းကို သီချင်းဆိုပေးလိမ့်မယ်။ အဲဒီအခါ မင်းဟာ နတ်သမီးရဲ့ မေတ္တာနဲ့ ပျော်ရွှင်ရပါလိမ့်မယ်”လို့ ဖြေလိုက်တယ်။



ထို့နောက် ကလေးလေးက ပြောပြန်တယ်။
“အို .. ဘုရားသခင် … လူတွေ စကားပြောတဲ့အခါ ကျွန်ုပ် ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။ လူတွေပြောတဲ့ ဘာသာစကား ကျွန်ုပ်မှ မသိတာလေ”
ထိုအခါ ဘုရားသခင်က
“ကလေးလေးရယ် မပူပါနဲ့။ ဒါက လွယ်ပါတယ်။ မင်းရဲ့ နတ်သမီးက အလှဆုံးနဲ့ အချိုသာဆုံး စကားလေးတွေ မင်းကို ပြောပါလိမ့်မယ်။ ဒီစကားလေးတွေကို မင်း အမြဲ ကြားနေရမှာလေ။ စိတ်ရှည်လက်ရှည် ကြင်ကြင်နာနာနဲ့ အဲဒီဘာသာစကား ဘယ်လို ပြောရမလဲဆိုတာကို နတ်သမီးက ဂရုတစိုက်နဲ့ သင်ပေးပါလိမ့်မယ်”လို့ ဖြေလိုက်တယ်။



“အို … ဘုရားသခင် .. ကျွန်ုပ် ဘုရားသခင်နဲ့ စကားပြောချင်ရင် ဘယ်လို လုပ်ရပါ့”
ထိုအခါ ဘုရားသခင်က ပြုံးပြီး
“အော် ကလေးလေးရယ် … မင်းရဲ့ နတ်သမီးက မင်းလက်လေးတွေကို စုကိုင်ပြီး ဘယ်လို ဆုတောင်းရမယ်ဆိုတာ သင်ပေးပါလိမ့်မယ်”လို့ ပြောလိုက်တယ်။



ကလေးလေးက ဆက်ပြန်တယ်။
“အို ဘုရားသခင် .. ကမ္ဘာမြေပေါ်မှာ လူဆိုးတွေ ရှိတယ်လို့ ကြားဖူးတယ်။ ဘယ်သူတွေက အကာအကွယ်ပေးမှာလဲ”
ထိုအခါ ဘုရားသခင်က ကလေးလေးကို ပွေ့ဖက်လိုက်ပြီး
“မင်းရဲ့ နတ်သမီးက အသက်အန္တရာယ်ကြုံနေရင်တောင်မှ မင်းကို ကာကွယ်ပေးပါလိမ့်မယ်”လို့ ပြောလိုက်တယ်။



ထိုအခါ ကလေးလေးက ဆိုပြန်တယ်။
“ကျွန်ုပ်တော့ အမြဲတမ်း ၀မ်းနည်းနေတော့မှာပဲ။ ဘာလို့လည်းဆိုတော့ အရှင့်ကို နောက်ထပ် မတွေ့နိုင်တော့လို့လေ”
ထိုအခါ ဘုရားသခင်က ကလေးလေးကို ပွေ့ဖက်လိုက်ပြီး
“မင်းရဲ့ နတ်သမီးက ငါ့အကြောင်းကို တဖွဖွ ပြောနေမှာပါ။ ငါ့ဆီကို ဘယ်လို ပြန်လာရမလဲဆိုတာလည်း သင်ပေးမှာပါ။ တကယ်တော့ ငါက မင်းဘေးနားမှာ အမြဲတမ်း ရှိနေမှာပါ”လို့ ဆိုလိုက်တယ်။


ထိုခဏ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းသွားတယ်။ ဒါပေမယ့် ကမ္ဘာမြေပြင်က အသံတွေ ထွက်ပေါ်လာခဲ့တယ်။




ကလေးလေးဟာ အလျင်အမြန်ပဲ တိုးတိုးညှင်းညှင်းလေး မေးလိုက်တယ်။
“အို .. ဘုရားသခင် .. ကျွန်ုပ် အခု သွားရတော့မယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်နတ်သမီးရဲ့ နာမည်လေး ပြောပြပါအုံးလား”
ထိုအခါ ဘုရားသခင်က ပြန်ပြောလိုက်တယ်။
“မင်းရဲ့ နတ်သမီး နာမည်က အရေးမကြီးပါဘူး။ မင်းဟာ နတ်သမီးအမည်ကို ရိုးရိုးလေးပဲ “မေမေ”လို့ ခေါ်ပါလိမ့်မယ်”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP