“လဲကျရင် ပြန်ထကြပါ”
ဒီတစ်ခါတော့ စာရေးသူ စာပေဟောပြောပွဲတစ်ခုမှ နားထောင်မှတ်သားခဲ့ဖူးတာလေးကို ပြောပြချင်ပါတယ်။ ပြောပြတာလေးကို ဖတ်ပြီးတဲ့အခါမှတော့ စာဖတ်သူ ကိုယ်ပိုင်ခံစားချက်အရပေါ့ အတွေးများစွာ တွေးပေးလို့ရပါတယ်။ လောလောဆယ်တော့ အရင်ဖတ်ကြည့်ရအောင်ပါ။
တစ်ခါက ချီကာဂိုနိုင်ငံရဲ့ ထောင်တစ်ခုက ထောင်မှူးတစ်ယောက်ဟာ စိတ်မသက်မသာနဲ့ မပျော်မရွှင်ဖြစ်နေပါတယ်။ ဘာလိုလဲဆိုတော့ တစ်ခါထောင်ကျဖူးပြီးတဲ့ ထောင်သားတစ်ယောက်တစ်ယောက်ဟာ မကြာခဏဆိုသလို ခြောက်လတစ်ခါ၊ လေးလတစ်ခါ၊ တစ်ပတ်တစ်ခါ စသည်ဖြင့် ပြန်ပြန်ရောက်လာကြလို့ပါ။ ဒီတော့ သူက သူရဲ့အုပ်ထိန်း ညွှန်ပြမှု့ညံ့ဖျင်းလို့ပဲဆိုပြီးတော့ စိတ်မကောင်းဖြစ်နေတာပါ။ ဒီတော့ ထောင်သားတွေ နောက်တစ်ခါ ပြစ်မှု့များကျူးလွန်ပြီး ရောက်မလာဖို့အတွက် အသိတရားရအောင်ဆိုပြီးတော့ နာမည်ကြီး တရားဟောဆရာတစ်ယောက်ကို တစ်နာရီကို ဟောပြောခ ဒေါ်လာတစ်ရာပေးပါ့မယ်။ ကျွန်တော့် ထောင်သားတွေ ခဏခဏဆိုသလိုပဲ ထောင်ထဲကိုပြန်ပြန်ရောက်လာနေကြတယ်။ အသိစိတ်ဝင်ပြီးတော့ ပြန်မလာဖြစ်အောင် ဆရာဟောပြောပေးပါ ဆိုပြီးတော့ ပြောပါတယ်။
ဒီတော့ တရားဟောဆရာကလည်း ကောင်းပါပြီ ကျွန်ုပ်လာပြီး ဟောပြောပေးပ့ါမယ်ဆိုပြီး ကတိက၀တ်ပြုကာ ရက်ချိန်းထားလိုက်တယ်ပေါ့။
ဟောပြောမယ့်နေ့မှာ ထောင်မှူးက ထောင်သားတွေကို စုဝေးပြီး အသင့်စောင့်ခိုင်းထားစေပါတယ်။ အဲဒီအချိန်မှာ တရားဟောဆရာက ဟောပြောဖို့အတွက် စင်ပေါ်ကိုတက်လာပါတယ်။ စင်ပေါ်တက်လိုက်စဉ်မှာပဲ လှေကားပေါ်ကနေပြီး ဆရာ ပြုတ်ကျပြီး မှောက်လျက်သားလဲကျသွားပါတယ်။ အရုပ်ကြိုးပျက်ကျသွားတာဆိုတော့ အိပ်ထောင်မှာညှပ်ထားတဲ့ ဘောပင်လေးလဲပြုတ်ကျသွားမယ်ပေါ့။ တပ်ထားတဲ့ ပါဝါမျက်မှန်လေးလဲ ပြုတ်ကျသွားမယ်ပေါ့။ တရားဟောဆရာက ကပျာကယာ ဘောပင်လေးကောက်ထည့်၊ မျက်မှန်လေးကောက်တပ်ပြီးတက်လာပါတယ်။ ဒီတော့ ထောင်သားတွေအတွက် ဟာသဖြစ်သွားတာပေါ့။ ဟာ…….တို့ကိုဟောပြမယ်ဆိုတဲ့ ဆရာကြီးကတော့ကွာ ဆိုပြီး လှောင်သလိုသဘောနဲ့ သူတို့ဝိုင်းရယ်ကြတယ်။
စင်ပေါ်ကဟောပြောမယ့်နေရာ ရောက်တယ်ဆိုရင်ပဲ သူစတင်ဟောပြောပါတယ်။ သူဟောပြောတာက……………….”ထောင်သားများခင်ဗျား………………ကျွန်တော်ပြောချင်တာကတော့………ဒါပါပဲခင်ဗျား………..” ဆိုတာလေးပဲ ပြောပြီး စင်ပေါ်ကနေ ဆင်းသွားပါတယ်။


0 comments:
Post a Comment