* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 12, 2011

ရဟန်းတုလော၊ တံဆိပ်တုလော


ဟိုတနေ့က ဒကာတစ်ယောက် လာလျှောက်တယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ
အရှင်ဣဒ္ဓိပါလ အမည်ရှိ ရဟန်းတစ်ပါး ရောက်ရှိနေကြောင်း၊
အဲ့ဒီရဟန်းဟာ ဗုဒ္ဓဘာသာသာသနာတော်နဲ့ လုံးဝ မဆီလျှော်တဲ့
အပြုအမူ အပြောအဆို အကျင့်အကြံတွေနဲ့
ရိုးသားတဲ့ မြန်မာ ဗုဒ္ဓဘာသာတွေကို စည်းရုံးသိမ်းသွင်းနေကြောင်း
၁၅၊ ၅၊ ၂၀၁၀ မှာ မြို့ထဲမှာ သူ့ရဲ့ ပွဲရှိကြောင်း
လျှောက်ကြားလာပါတယ်။

ဒါနဲ့ အဲ့ဒီရဟန်းနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို လိုက်လံ ဖတ်ကြည့်မိပါတယ်။

သိလာရတာက ဒီပုဂ္ဂိုလ်ဟာ
တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုဒ္ဓဘာသာသာသနာကို
စော်ကား ဖျက်ဆီးထားတာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်များဝတ်ရတဲ့
သင်္ကန်းတော်ကို ၀တ်ဆင်ပြီး
ဗုဒ္ဓဘုရားရှင် ချမှတ်ထားတဲ့ ၀ိနည်းဥပဒေကို
လုံးဝလိုက်နာခြင်းမရှိဘဲ
ပြောင်ပြောင်တင်းတင်းဆန့်ကျင်တာကို တွေ့ရပါတယ်။

သူ့ကိုယ်သူ ဗုဒ္ဓဘုရားရှင်သားတော်ဆိုပြီး
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို ဘာလို့မဟောရတာလဲ။
ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ကို မဟောချင်ဘူးဆိုရင်
လူအ၀တ်အစားနဲ့ ကိုယ်ဟောချင်ရာ ဟောပါလား။
ကိုယ်တတ်ထားတဲ့ပညာကို ကိုယ်ကိုယ်တိုင် မယုံကြည်လို့
သင်္ကန်းဝတ်ပြီး သင်္ကန်းအားကိုးနဲ့ စီးပွါးရှာနေတာလား။ လူတွေကို သိမ်းသွင်းနေတာလား။

ဒီလိုမျိုးလုပ်နေတာဟာ
ကိုယ်ထုတ်တဲ့ကုန်ပစ္စည်း ရောင်းမကောင်းမှာစိုးလို့
သူများရဲ့ နာမည်ကြီးပြီးသား အမှတ်တံဆိပ်ကို
ခိုးတပ်ပြီး ရောင်းစားတာနဲ့ တူနေပါတယ်။

တကယ်တော့
ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အ၀တ်ကို ၀တ်ပြီး
ကိုယ်ပြောချင်တာ ပြောနေတာ စီးပွါ့းရှာနေတာတွေဟာ
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
ခုတုံးလုပ်နေတာပါ။
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်တွေကို
စော်ကားနေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီ

http://swenaing.blogspot.com/2011/01/blog-post_6331.html

http://www.youtube.com/watch?v=-8wFYodeGJA&feature=player_embedded

မှာ ဒီလို တွေ့ရပါတယ်။

ဗုဒ္ဓဘာသာ ကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီး

No.1 စိတ်ဓါတ်မြှင့်တင်ရေး သင်တန်း၏ ခေါင်းဆောင်
ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ကုလားဘုန်းကြီးတစ်ဦး
ရန်ကုန်မြို့တွင်း စည်းရုံးသိမ်းသွင်းခြင်များ ပြုလုပ်နေကြာင်းသိရသည်။
ကုလား ဘုန်းကြီး၏ ဘွဲ့အမည်ကို
ဆရာတော် အရှင် Eiddidpala ဟု ပေးထားသည်။
ကုလားဘုန်းကြီးမှ No.1 စိတ်ဓါတ်မြှင့်တင်ရေး သန်းတန်းသားဦးရေ တိုးပွါးရေးအတွက်
လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့
စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း သိရသည်။
“သင်္ကန်းဝတ်ထားလို့ ဘုန်းကြီးလို့ သာခေါ်ရတယ်။
သူ့လုပ်ရပ်တွေက ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ တခြားစီပဲ။
ဟောကြားချက်တွေထဲမှာ သာဓုမခေါ်နဲ့၊
ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။
သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ သင်တန်းသားတွေက လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတာပဲ။ ဘယ်လိုတွေလဲမသိဖူးဗျာ ကြည့်ရ အတော်ဆိုးတယ်။”
ဟု ရန်ကုန်မြိုခံ တစ်ဦးက ပြောပြသည်။
Read more...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP