* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 11, 2011

လစဉ်တရားပွဲ၊ နှစ်သစ်ဦးအလှူပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲ ဖိတ်ကြားလွှာ

ဒယ်ဂူးမြို၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပုံမှန်ကျင်းပမြဲဖြစ်သည့် တစ်လတစ်ကြိမ် လစဉ်တရားပွဲနှင့် ရွှေမြန်မာတွေ့ဆုံပွဲ၊ ဂျီလယန်းစက်မှုဇုံ ရွှေမြန်မာညီအကိုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နှစ်သစ်ကူး နှစ်ဦးကုသိုလ်အလှူပွဲ၊ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့မှ နှစ်စဉ်ဦးဆောင် ပြုလုပ်နေကျဖြစ်သည့် ဇီဝိတဒါန ငါးလွှတ်ပွဲစသည့် အများပေါင်းစုံ၍ ကောင်းမှုအစုံ ပြုလုပ်ကြမည့် အထွေထွေ ကုသိုလ်ပွဲကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေမြန်မာအပေါင်းတို့အား အတူတကွ ကြွရောက်ပါဝင် ကုသိုလ်ဆင်ကြပါရန် အကျိုးဆောင်များနှင့် ကုသိုလ်ရှင် အပေါင်းတို့က လေးစားစွာ အထူးဖိတ်ကြားအပ်ပါသည်။

- နေ့ရက် = ၁၇-၄-၂၀၁၁၊ (၁၃၇၃ခုနှစ်၊ တန်ခူးလဆန်း ၁၄ရက်၊ နှစ်ဆန်းတစ်ရက်)၊ တနင်္ဂနွေနေ့
-
ဧည့်ခံချိန် = နံနက် ၁၀နာရီမှ နေ့လည် ၂နာရီအထိ
-
တရားနာချိန် = နေ့လည် ၁၂နာရီ ၃၀


- ဇီဝိတဒါနကုသိုလ်ချိန် = နေ့လည် ၂ နာရီ
-
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။
အလှူရှင် ဂျီလယန်းရွှေညီအစ်ကိုများမှ အထူးမြန်မာအစားအစာများ၊ ရွှေရင်အေးများဖြင့် ပြည့်စုံလုံလောက်စွာ ကျွေးမွေးလှူဒါန်းမည် ဖြစ်ပါသဖြင့် ချစ်ညီအကိုများ အများအပြား လာရောက်အားပေးကြဖို့ ထပ်မံ၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဂျီလယန်းစက်မှုဇုံ ရွှေညီအစ်ကိုများ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP