ပရဟိတများနှင့်ပျော်မွေ့သူ
အတော်များများ ပရဟိတလုပ်ဆောင်နေတကြတာကို ကြားသိမြင်တွေ့ကြမှာပါ။ ပရဟိတဆိုတဲ့ စိတ်ထားတွေနဲ့အတူ မိမိတို့နိုင်တဲ့ နေရာလေးကလေ တစ်ထောင့် တစ်နေရာဆိုသလို အဆင်ပြေစခြင်းငှါ လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ လူရယ်လို့ဖြစ်ပြီ ဆိုကတည်းက အတ္တ,ပရအကျိုးတော့ မလွဲမသွေ ထမ်းဆောင်ရမည် ဟူသော မင်္ဂသုတ်တော် တွင်မတ်စွာ ဘုရား ဟောကြားတော် မူခဲ့သည်။လာကတ္ထစရိယ လောကကာင်းကျိုးအတွက် လုပ်ဆောင်ရမည်ဖြစ် သည်။
လောကတ္ထစရိယ လောကကောင်းကျိုးအတွက် မနိုင်တောင် ဉာတတ္ထစရိယဆိုသော ဆွေမျိုး များ၏ ကောင်းကျိုးကို မလွဲမသွေ လုပ်ဆောင်သင့်ပါသည်။ ဆွေမျိုးများ၏ အကျိုးဆိုသည်မှာ မိမိ၏ အမိဘက် အဖဘက်မှ တော်စပ်သော ဆွေမျိုးများကို မဆိုလို၊ မိမိဝန်းကျင်၊ ကျေးရွာ၊ တိုင်းနိုင်ငံ ကိုဆိုလိုပါသည်။
ထိုပရဟိတစိတ်ထား လောကတ္ထစရိယစိတ်ထားတို့ကြောင့် ကိုယ်လွတ်မရုံးပဲ ကရုဏာစိတ်ထား များနှင့် မြတ်စွာဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင်ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူပြီး ဘုရားအဖြစ်ကိုရောက်ရှိခဲ့လေသည်ကို ထောက်သောအားဖြင့် လူသားတိုင်း သည် မြတ်စွာ ဘုရားရှင်နည်းတူ စိတ်ထားများဖြင့် မိမိတို့နိုင်သည့် ၀န်ထမ်းသောအားဖြင့် ပရဟိတစိတ်ထား တွေနှင့်အတူ လုပ်ဆောင် သင့်ပါ၏။

၁. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊
၂.ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊
၃. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊
၎.ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊
ဒီလူတန်းစား လေးမျိုးထဲမှာမှာ သင်ဘယ်နေရာမှာရှိနေသလဲ?

ရွှေပြည်သာမြို့နယ်မှ ပရဟိတ
ပရဟိတအလုပ်ဆိုတာ ကိုယ့်ဖက်က တတ်နိင်သမျှပေးဆပ်ဖို့ပါတဲ့
နေစရာ အဆင်မပြေတော့လည်း သူတို့လေးတွေအတွက် စိတ်ပူရပါတယ်
ပေးပို့သူ..
ဆက်သွယ်ရန်
စလင်းကျောင်းတိုက်၊
ရွှေပြည်သာမြို့နယ်၊
ဖုန်း...0973128730
ဒီဆိုက်ကလေးသို့ လည်း သွားလည်နိုင်ပါသည်

0 comments:
Post a Comment