* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 11, 2011

*အလွမ်းသင်္ကြန်*

အတာတန်ခူး၊ နွေလေရူးနှင့်
နှစ်ကူးသင်္ကြန်၊ ရောက်လာပြန်ရင်
(ဒီတစ်နှစ်တော့ ) လွဲရပြန်ပြီ ... လွမ်းရပြန်ပြီ ချစ်မြန်ပြည်။
အို...သင်္ကြန်ပွဲ၊ ဆင်ကာနွှဲချိန်၊
စဉ်မြဲပွင့်အာ၊ ပန်းငုဝါနှင့်၊
ရွှေဝါရောင်ဆင်း၊ ပျံ့ပျံ့သင်းသည့်၊
ပန်းမင်းပိတောက်၊ လမ်းတလျှောက်မှာ၊
မို့မောက်ပွင့်ဖူး၊ တူယှဉ်မြူးကြွ၊
ထူးပယှဉ်တွဲ၊ ရေသဘင်ပွဲနှင့်၊
ရင်ထဲထိအေး၊ ဘယာဝေးဖို့၊
အတာရေလေး၊ ဖျန်းပက်ပေးကြ၊
အတွေးထင်တိုင်း၊ ယှဉ်ကြည့်နှိုင်းမိ၊
ဘယ်တိုင်းဌာနီ၊ မမှီနိုင်ပါ၊
မြန်မာရိုးရာ၊ အစဉ်လာကို၊
ချိန်ခါတွေရွေ့၊ ရင်မှာဓလေ့က၊
မမေ့စိတ်တည်၊ လွမ်းစိတ်ကိုယ်စီ၊
(ဒီတစ်နှစ်လည်း)...
လွမ်းရပြန်ပြီ ချစ်မြန်ပြည်..။
တောသားလေး(မြန်အောင်)

အားလုံးသော ဓမ္မမိတ်ဆွေများ အတာတန်ခူးနှစ်ကူးမှာ လိုအင်ဆန္ဒတွေအားလုံး ပြည့်စုံပြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ နှစ်သစ်ကူးမှာ ဆုတောင်းပေးလိုက်ပါတယ်။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP