* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 23, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၅)

ပျော်ရွှင်သည့် အိမ်ထောင်သည် ဘဝ
စစ်မှန်သည့် အိမ်ထောင် တစ်ခုတွင် ခင်ပွန်းနှင့် ဇနီးသည်တို့ဟာ သူတို့ကိုယ်တိုင် ဆိုတာထက် မျှဝေရတဲ့ လုပ်ဖော်ကိုင်ဖက်များလို့ ပိုမိုယူဆကြပါတယ်။ လက်ထပ်တယ်ဆိုတာ နှစ်ယောက်စီးဖို့ လုပ်ထားတဲ့ စက်ဘီး တစ်စင်းပါ။

လုံခြုံမှုနှင့် ကျေနပ်မှုဆိုတဲ့ ခံစားမှုဟာ နှစ်ဦးနှစ်ဖက်ထံက လာပါတယ်။ မိသားစု ပြဿနာ အများဆုံးဟာ သည်းမခံမှုနှင့် နားလည်မှု လွဲမှားမှုများကြောင့် ဖြစ်ရတာပါ။ ဇနီးသည်ဆိုတာ ခင်ပွန်းသည်ရဲ့ အစေခံ မဟုတ်ပါဘူး။ သူမဟာ တန်းတူ ရည်တူ လေးစားဖို့ ထိုက်တန်ပါတယ်။ ခင်ပွန်းသည်ဟာ မိသားစုရဲ့ အဓိကဝင်ငွေရှာသူ ဖြစ်ပေမယ့်လည်း အိမ်မှုကိစ္စတွေကို ဝိုင်းကူလုပ်ပေးခြင်းဟာ ခင်ပွန်းသည်ရဲ့ ယောက်ျား သိက္ခာကို မလျော့ကျစေပါဘူး။ တစ်ချိန်တည်းမှာပဲ နားပူ နားဆာလုပ်တတ်၊ စိတ်တိုတတ်တဲ့ ဇနီးသည်ဟာ အိမ်မှာ ပြတ်လပ်နေတာတွေကို အစားထိုးပေးနိုင်မှာ မဟုတ်ပါဘူး။

ခင်ပွန်းသည် အပေါ်မှာ သံသယဝင်မှုကလည်း ပျော်ရွှင်ကြည်နူးဖွယ် အိမ်ထောင်သည်ဘဝကို ကူညီ ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။ ခင်ပွန်းသည်မှာ အပြစ်အနာအဆာတွေ ရှိခဲ့လျှင် သည်းခံမှုနှင့် အကြင်နာ စကားများကသာလျှင် အဆုံးမှာတော့ နားလည် သဘောပေါက်စေမှာပါ။ မှန်မှန်ကန်ကန် နားလည်မှုနှင့် သိက္ခာရှိရှိ ပြုမူနေထိုင်မှုသည် ဉာဏ်ပညာ၏ လက်တွေ့ကျသည့် သွင်ပြင်လက္ခဏာများ ဖြစ်ပါသည်။

လက်ထပ်ထိမ်းမြားခြင်းဟာ မင်္ဂလာတစ်ပါးပါ။ သို့သော်လည်း လူအများအပြားက သူတို့တွေရဲ့ အိမ်ထောင်သည် ဘဝတွေကို ကျိန်စာအဖြစ် ပြောင်းလဲပစ်တတ်ကြပါတယ်။ ဆင်းရဲတာက ပျော်ရွှင်ချမ်းမြေ့မှု ကင်းတဲ့ အိမ်ထောင်သည် ဘဝရဲ့ အဓိကအကြောင်း မဟုတ်ပါဘူး။ ခင်ပွန်းသည်ရော ဇနီးသည်ပါ သူတို့ ဘဝရဲ့ သုခ ဒုက္ခကို မျှဝေဖို့ လေ့လာကြရပါမယ်။ နှစ်ဦးနှစ်ဖက် နားလည်မှုရှိတာက ကြည်နူးပျော်ရွှင်ရသည့် မိသားစုဘဝ တစ်ခု၏ လျှို့ဝှက်ချက် ဖြစ်ပါတယ်။

စိတ်မပူပါနဲ့
ပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်တဲ့ နေထိုင်မှုဘဝရဲ့ လျှို့ဝှက်ချက်က လက်ရှိ လုပ်ဖို့ လိုအပ်တာကို လုပ်ကိုင်ခြင်းနှင့် အတိတ် သို့မဟုတ် အနာဂတ်နှင့် ပတ်သက်လို့ ပူပန်သောက မရှိတာပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ အတိတ်ကို ပြန်ပုံဖော်လို့ မရသလို အနာဂတ်မှာ ဖြစ်မည့် အရာတိုင်းကိုလည်း မျှော်လင့်စောင့်စားလို့ မဖြစ်ပြန်ပါဘူး။ ကျွန်ုပ်တို့မှာ နိုးနိုးကြားကြား ထိမ်းချုပ်မှု ရှိတဲ့ အချိန်ဆိုတဲ့ တစ်ခဏလေးပဲ ရှိပြီး၊ အဲဒါကတော့ ပစ္စုပ္ပန်ကာလပဲ ဖြစ်ပါတယ်။

လူအများအပြားက အနာဂတ်နှင့် ပတ်သက်လို့ပဲ ပူပန်ကြတယ်။ သူတို့တွေဟာ အခြေအနေတွေနှင့် ကိုက်ညီအောင် ညှိတတ်ဖို့ လေ့လာကြရပါမယ်။ လေထဲမှာ ဘယ်လို တိုက်အိမ်ကြီးတွေပဲ ဆောက်ဆောက်၊ ဘယ်လို စိတ်ကူးယဉ် အိပ်မက်တွေပဲ မက်မက်၊ သူတို့ အမြဲတမ်း သတိယရမှာက သူတို့တွေဟာ အတောမသတ်နိုင်သည့် ပဋိပက္ခများနှင့် အပြောင်းအလဲတွေရှိတဲ့ ဒီကမ္ဘာလောကကြီးထဲမှာ နေထိုင်နေကြတယ် ဆိုတာကိုပါ။

ကျွန်ုပ်တို့ ယုံကြည်နိုင်တဲ့ ကြယ်တာရာတွေ မရှိဘူး၊
လမ်းပြပေးနေတဲ့ အလင်းရောင် ဆိုတာလည်း မရှိဘူး။
ဒါပေမဲ့ ကျွန်ုပ်တို့ သိတာက ကျွန်ုပ်တို့ဟာ
ကောင်းမြတ်ရမယ်၊ တရား မျှတပြီး မှန်ကန်ရမယ်ဆိုတာကိုပါပဲ။

(ဆက်ပါဦးမည်)

ဘုန်းဉာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP