* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 23, 2011

ပဋိစ္စသမုပ္ပါဒ်အခြေခံသောဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှု (တနင်္ဂနွေအပတ်စဉ်) သင်တန်း

၇)တန်းဖြေဆိုပြီးမှတက္ကသိုလ်အထိကျောင်းသား-ကျောင်းသူများအတွက် (၁၇.၅.၂၀၀၉) မှစတင်၍အပတ်စဉ်တနင်္ဂနွေနေ့တိုင်၊ နံနက် (၈)နာရီမှ(၁၀း၃၀) နာရီအထိ၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်တွင်သင်တန်းဖွင့်လှစ်လျှက်ရှိရာ အောင်စင်္ကြာဆရာတော်အရှင်စန္ဒသိရီ (ဓမ္မစရိယ) က ပဋိစ္စသမုပ္ပါဒ် သင်ခန်းစာနှင့် ရွှေဝါ၀င်းဆရာတော် ဒေါက်တာဦးအာသဘ (Ph.D) ကဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာကို မြန်မာအင်္ဂလိပ် နှစ်ဘာသာတို့ဖြင့် ပို့ချမည်ဖြစ်ပြီးတတ်ရောက်လိုသူများသည် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၊ အမှတ် (၈၂) နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း ၅၄၁၈၀၆ ၇၂၅၁၃၂ တွင် စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းသားများသင်တန်းဝတ်စုံဖြစ်သည့်ကျောင်းဝတ်စုံ (အဖြူ၊ အစိမ်း) (သို့မဟုတ်) ယောဂီဝတ်စုံ (အဖြူ၊ အညို) တို့ကိုဝတ်ဆင်ရမည်ဖြစ်ပြီးတနင်္ဂနွေနေ့တိုင်းတစ်နှစ်ပတ်လုံးလွတ်လပ်စွာတက်ရောက်နိုင်ပါသည်။ သားသမီးများကိုပို့ပေးသော မိဘများနှင့်ပြင်ပမှ မည်သူမဆိုသင်တန်းချိန်များတွင် တရားနာယူနိုင်ပါသည်။

Read more...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP