* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 23, 2011

၁၃၇၃ ခု မြန်မာနှစ်ဆန်း တစ်ရက်နေ့ (၁၇-ဧပြီ-၂၀၁၁)

၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် တနင်္ဂနွေနေ့၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူးလဆန်း ၁၄ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ စုပေါင်း၍ ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်ကြသည်။

နံနက် ၁၀ နာရီခွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်းပူဇော်ကြပြီး၊ လောကချမ်းသာဆရာတော်ထံမှ ၉-ပါးသီလ ခံယူ ဆောက်တည်ကြသည်။

နံနက် ၁၁ နာရီတွင် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ၏။

တစ်အိမ်လျှင် ဟင်းတစ်ခွက် ယူဆောင်လာကြရာ ဟင်းအမယ် စုံလင်လှ၏။
ဦးစောဝင်း-ဒေါ်ထားကြည်မိသားစုက သင်္ကြန်ထမင်းဖြင့် ဒါနပြုရာ ငါးခြောက်ကြော်၊ သရက်သီးသုတ်၊ ငရုတ်သီးတောင့်ကြော်၊ ဖယောင်းသင်းရေတို့ဖြင့် သင်္ကြန်ရနံ့ မွှေးကြိုင်နေ၏။
သင်္ကြန်ထမင်းကို ယခုမှ စားဖူးသူများပင် အရသာတွေ့သွားကြလေသည်။

မွန်းလွဲ ၁ နာရီတွင် လောကချမ်းသာဆရာတော်ထံမှ ၉-ပါးသီလကို ထပ်မံ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် ဦးဆောင်ကာ မေတ္တာဘာဝနာပွားများခြင်း၊ တစ်နာရီခန့် တရားရှုမှတ်ခြင်းတို့ကို ပြုလုပ်ကြ၏။

မွန်းလွဲ ၃ နာရီ၌ လောကချမ်းသာဆရာတော်ကပင် အနုမောဒနာတရား ချီးမြှင့်ကာ တစ်နေ့တာ ကောင်းမှု ကုသိုလ်အပေါင်းအစုတို့ကို ဝေနေယျသတ္တဝါအားလုံးတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။








0 comments:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP