ဗုဒ္ဓမိန့်မြွက် အရေးအကြီးဆုံးလုပ်ရပ်
ဦးခေါင်းဆံပင်မီးလောင်ခံသူမှာ
ထိုမီးကိုငြိမ်းသတ်ရန်ထက်
အရေးကြီးသော အလုပ်မရှိ၊
ရင်ဝကို လှံစူးခံရသူမှာ
ထိုလှံကိုနှုတ်၍ ဆေးကုသရန်ထက်
အရေးကြီးသော အလုပ်မရှိ၊
ထို့ဥပမာနည်းအတူ
ဗုဒ္ဓသာဝကတို့မှာ
ခန္ဓာ(၅)ပါးကို ငါဟုအထင်မှားနေသော
သက္ကာယဒိဋ္ဌိကို
ဝိပဿနာဥာဏ်နှင့်ပယ်သတ်ရန်ထက်
အရေးကြီးသော အလုပ်မရှိ။ (ဗုဒ္ဓ)
၎င်းဒိဋ္ဌိရှိနေလျှင် ခွေးဝဲစား၊ ကြောင်ပိန်ညှောင်ဘဝနှင့်
တစ္ဆေ၊ သရဲ၊ ဥစ္စာစောင့်၊ ငရဲမှာဖြစ်သွားနှိုင်သည်။

0 comments:
Post a Comment