* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 6, 2011

Three Gods - နတ္သံုးမ်ိဳး


ဒီနေ့တော့ ဘုန်းကြီးတွေကို အိမ်ပင့်ကြပါတယ်။ အထူးသဖြင့် ကျောင်းမလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီကို ဘုန်းကြီးတွေက ကြွပေးရတာ ဖြစ်ပါတယ်။ ငါးပါးသီလယူ၊ ဘုရားရှိခိုး၊ ပရိတ်ရွတ်။ မြန်မာနှစ်ဆန်းပရိတ်နဲ့ နည်းနည်းဆင်ပါတယ်။ ထူးတာက မြန်မာတွေလို စုပေါင်းပြီး ပရိတ်နာတာ မဟုတ်ကြပါဘူး။ တစ်အိမ်စီမှာ သီးသန့်လုပ်ကြတာပါ။ ဘုရားရှိခိုး၊ ပရိတ်ရွတ်တော့ လူဒကာဒကာမတွေလည်း ဘုန်းကြီးတွေနဲ့အတူ လိုက်ရွတ်ကြပါတယ်။ ပရိတ်နာရုံသက်သက် မဟုတ်ပါဘူး။ ဘုန်းကြီးတွေက လူတွေကို ပရိတ်ရေ ဖျန်းပေးတာကတော့ မြန်မာမှာ မရှိတဲ့ အလေ့အကျင့်ပေါ့။ ပိုထူးတဲ့ အလေ့အကျင့် တွေ့ခဲ့ရသေးတယ်။ အိမ် တစ်အိမ်မှာ တွေ့ခဲ့တာပါ။ နတ်သုံးမျိုး။ Kitchen God။ Sakka။ Earth God တဲ့။ သူတို့ရဲ့ တရုတ်နတ်တွေကို သင့်တော်သလို အင်္ဂလိပ် ဘာသာပြန်လိုက်တာ ဖြစ်ပါလိမ့်မယ်။ မီးဖိုချောင်နတ်၊ သိကြား၊ မြေနတ် (၀သုနြေ္ဒ) ဆိုပါစို့။ စင်္ကာပူတရုတ်ထေရ၀ါဒဗုဒ္ဓဘာသာ အိမ်တစ်အိမ်က ရိုးရားနတ်တွေ ဆိုပါစို့။ ၃၇-မင်းဆိုတဲ့ မြန်မာ့ရိုးရာနတ်တွေနဲ့ စာရင် အရေအတွက် တော်တော်နည်းသေးတယ် ပြောရပါမယ်။  ကနဦးကတော့ သူတို့ရဲ့ နတ်တွေလည်း အရေအတွက် မနည်းလောက်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် လျှော့ရင်းလျှော့ရင်း ဆန်ကာတင် ကျန်ခဲ့တဲ့ ရိုးရာနတ်သုံးမျိုး ဖြစ်နိုင်ပါတယ်။ မိဘတွေ ကိုးကွယ်ခဲ့လို့ ဆက်ပြီး ကိုးကွယ်တာ၊ မိဘတွေက သင်ပေးခဲ့လို့ . . . တစ်ခုခုပေါ့။ နတ်ရုပ်တွေတော့ မတွေ့ခဲ့ရပါဘူး။

Kitchen God ဆိုတဲ့ မီးဖိုချောင်နတ်ကို မီးဖိုချောင်ထဲမှာ ပူဇော်ထားပါတယ်။ 
ယုံကြည်တာက အစားအစာနဲ့ ပတ်သက်လို့ အန္တရာယ် မဖြစ်အောင်၊ အစားအစာ ဖူလုံအောင် စောင့်ရှောက်ပါသတဲ့။ နှစ်ကုန်ခါနီးရင် အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေး အခြေအနေကို နတ်ချုပ်ကြီးဆီမှာ အစီရင်ခံစာ တင်ပေးပါသတဲ့။  ရှင်းပြပုံ ကြည့်ရတာ လိုအပ်ရင် ကူညီမယ့်ပုံ။ အစီရင်ခံစာ သွားတင်တဲ့အခါ မိသားစုက နှုတ်ဆက်ပွဲ လုပ်ပေးပါသတဲ့။ ပြန်လာတဲ့အခါမှာလည်း ကြိုဆိုပွဲလုပ်ပေးပါသတဲ့။ မြန်မာမှာလို ဆိုင်းတွေဗုံတွေ အကအခုံတွေ အရက်တွေ ကြက်တွေ့နဲ့တော့ ဟုတ်ပုံမရပါဘူး။ သဘောလောက် လုပ်တယ် ထင်ပါတယ်။

Sakka ဆိုတာကတော့ သက္က-ဆိုတဲ့ သိကြားမင်း။ မြန်မာတွေရဲ့ အိမ်တွင်းမင်းမဟာဂီရိ ဆိုတာနဲ့ နီးစပ်မယ် ထင်ပါတယ်။ ပိုထူးတာက အိမ်မှာတင် မကဘဲ သွားလေရာရာ နေရာတိုင်းမှာပါ စောင့်ရှောက်နိုင်ပါသတဲ့။ စောင့်ရှောက်နိုင်စွမ်း တန်ခိုးကြီးမားပေမယ့် အိမ်မှာနေရာပေး ကိုးကွယ်ထားတာကတော့ အိမ်စောင့်သဘောမျိုး အ၀င်တံခါးနားမှာ ဖြစ်ပါတယ်။

Earth God ဆိုတဲ့ မြေနတ် (၀သုနြေ္ဒ)ကတော့ အိမ်တွင်းရေး ကိစ္စတွေမှာ ကူညီမှိုင်းမပါသတဲ့။ ဒါလည်း  မြန်မာတွေရဲ့ အိမ်တွင်းမင်းမဟာဂီရိ ဆိုတာနဲ့ နီးစပ်မယ် ထင်ပါတယ်။ သူ့ရဲ့ နေရာ အဆင့်အတန်းကတော့ သိပ်မဆိုးဘူး ပြောရမယ်။ သူ့ကို ဘုရားရဲ့ အောက်မှာ ထားပါတယ်။

လူနေမှုအဆင့်အတန်း စီးပွားရေးအဆင့်အတန်း ပညာရေးအဆင့်အတန်း . . . တွေ မြင့်လာကြပေမယ့်၊ ဘာသာရေးအသိ မနိမ့်လှပေမယ့် ရိုးရာနတ်တွေကို အစဉ်အလာမပျက် ဆက်လက်ပူဇော်နေကြတဲ့ ကြားထဲမှာ ဘုရားရှင်ကိုတော့ ပူဇော်စရာ အားလုံးရဲ့ အထက်မှာ ထားတာကို တွေ့ခဲ့ရပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP