* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 6, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၇)

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပါ
အခြားသူများနှင့် ပတ်သက်ပြီး သံသယတွေ ပွားမနေပဲ မိမိ၏ လုပ်ဆောင်ဖွယ်ရာများကို အာရုံစိုက်နိုင်စွမ်း ရှိလျှင်ကား များစွာ ဝမ်းမြောက်ဖွယ်ရာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ၏ သြဝါဒတော်ကား -

သူတစ်ပါးတို့၏ အပြစ် အနာအဆာတို့ကို မရှာပါနှင့်၊ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှုတို့ကို မကြည့်ပါ မမြင်ပါနှင့်။ မိမိ၏ ကောင်းမှု မကောင်းမှု ပြုပြီး မပြုပြီးတို့ကို သာလျှင် ကြည့်ရှုရာ၏။

သူတစ်ပါး၏ အပြစ်ကို အစဉ်ကြည့်ရှုလျက် ငြိုငြင် ကဲ့ရဲ့တတ်သောသူအား အာသဝေါတရား တို့သည် တိုးပွားကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

အခြားသူများ၏ အပြစ်များကို မြင်ရန်လွယ်ကူသော်လည်း မိမိကိုယ်တိုင်၏ အပြစ်များကား မြင်ရန် ခက်ခဲလှ၏။ အခြားသူများ၏ အပြစ်များကို ဖွဲကို ဆန်ခါချသလို လှေ့တတ်သော်လည်း မိမိ၏ အပြစ်ကိုကား စဉ်းလဲသော ငှက်မုဆိုးသည် သူ့ကိုယ်သူ ဖုန်းကွယ်သလို ဖုန်းကွယ်တတ်၏။

ဘယ်သူတစ်ဦးတစ်ယောက်မှ အပြစ်တင်ခံရတာ၊ ဝေဖန်ခံရတာက မလွတ်ကင်းပါဘူး။ ရှင်တော်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သည်ကား -

လူတို့သည် ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြကုန်၏၊ စကားများများပြောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ အသင့်အတင့် (နှိုင်းချိန်၍) ပြောဆိုသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ ထို့ကြောင့် လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိပေ။” ရှင်တော်ဗုဒ္ဓ ဆက်၍ မိန့်တော်မူသည်မှာ - 

လုံးဝ အကဲ့ရဲ့ ခံရသူ သို့မဟုတ် လုံးဝ ချီးမွမ်းခံရသောသူမည်သည် ရှေးကလည်း မရှိခဲ့ဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်၊ ယခုလည်း မရှိပါချေ။

သင့်ကို ဝေဖန်ကြသူအားလုံး သင်၏ ရန်သူများ မဟုတ်ပါ။ သူတို့၏ ဝေဖန်ချက်များကို သင်ကိုယ်တိုင် မမြင်နိုင်သည့် သင်၏ အားနည်း ချွတ်ယွင်းချက်များကို ရှာဖွေဖို့ သင် အသုံပြုနိုင်ပါသည်။

အပြစ်ရှာ ဝေဖန်တာကြောင့်မျှတော့ သင်၏ လုပ်ရပ်ကောင်းကို မစွန့်လွှတ်သင့်ပါ။ သင်၏ ချွတ်ယွင်း အားနည်းချက်များကို ဝန်ခံရဲလျှင်ကား အောင်မြင်ဖို့ရာ ဥာဏ်စွမ်းအားများ သင့်တွင် အမှန်တကယ် ရှိနေပါပြီ။

ပညာရှိများကား ဘာပဲဖြစ်နေပါစေ၊ လမ်းမှန်မှ မသွေဖီကြ၊ လောကီရေးရာ ပျော်ရွှင်ဖွယ်ရာများကိုလည်း မက်မောတွယ်တာ မရှိပါချေ။ ပျော်ရွှင်ဖွယ်ရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ် ပညာရှိများကား စိတ်တည်ငြိမ် ခိုင်ခန့်စွာ ရှိမြဲသာပင်။

(ဆက်ပါဦးမည်။)
ဘုန်းဥာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP