* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 6, 2011

နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်မည့် အလေ့အထငါးရပ်

နှလုံးကျန်းမာရေးကို ပိုကောင်းလာစေမည့် အလေ့အထငါးရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒါကို စားပါ-ငါးအဆီ ---
ငါးအဆီမှာ အကျိုးကျေးဇူးများစွာ ပါဝင်ပါတယ်။ လေ့လာမှုများစွာအရ ကိုလက်စထရောပမာဏ မြင့်မားနေသူတွေမှာ ငါးအဆီစားပေးတာဟာ နှလုံးသွေးကြောပြဿနာကို ၂၀-ရာခိုင်နှုန်းနီးပါး လျောကျသွားကြောင်း၊ နှလုံးရောဂါ ထဖူးသူတွေမှာ ငါးအဆီစားပေးတာဟာ ဒုတိယအကြိမ် နှလုံးရောဂါ ထနှုန်းကို ၁၅-၃၀ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ကျန်းမာနေတဲ့ လူအားလုံးဟာ တနေ့မှာ ဖက်တီးအက်စစ် EPA နဲ့  DHA ပေါင်း ၅၀၀ မီလီဂရမ်လောက် မှီဝဲသင့်ပါတယ်။ ဒီပမာဏကိုရဖို့ တပတ်မှာ ငါးဟင်းနှစ်ကြိမ် စားတာ ဒါမှမဟုတ် အားဖြည့်ဆေး မှီဝဲတာတွေ လုပ်ပေးနိုင်ပါတယ်။

၂။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဒါကို သောက်ပါ---အက်စပရင် ဆေးပြား---
အက်စပရင်ဆေးပြားဟာ အမျိုးသားတွေမှာ နှလုံးရောဂါထခြင်းနဲ့ အမျိုးသမီးတွေမှာ လေဖြတ်ခြင်း အန္တရာယ်တွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ အက်စပရင်ဆေးပြားကို ကိုယ့်သဘောနဲ့ကိုယ် မှီဝဲနေတာဟာ အစာအိမ် သွေးယိုမှုဖြစ်နိုင်ခြေရှိကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့ အသက် ၄၅-နှစ်မတိုင်ခင်၊ အမျိုးသမီးတွေအနေနဲ့ အသက် ၅၅-နှစ်မတိုင်ခင် အက်စပရင်ကို မမှီဝဲသင့်သေးပါဘူး။ အသက် ၇၉-နှစ်ရောက်ချိန်မှာ အက်စပရင်ဆေး မှီဝဲတာကို ရပ်ပစ်သင့်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါကာကွယ်ဖို့ အက်စပရင်ဆေးမှီဝဲမယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်ရပါမယ်။

၃။ ဒါကို ကုသပါ-စိတ်ဓာတ်ကျခြင်း ---
စိတ်ဓာတ်ကျခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်စေတဲ့၊ အန္တရာယ်ရှိတဲ့အချက်ပါ။ ၁၂-နှစ်ကြာ လေ့လာမှုအရ စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီး ၆၃၀၀၀ ယောက်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက်သေဆုံးနိုင်ခြေနှစ်ဆ မြင့်မားကြောင်း သိရပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေရင် စိတ်ဓာတ်ကျရောဂါကုဆေးမှီဝဲဖို့ လိုအပ်ပါတယ်။

၎။ ဒါကို ပြုလုပ်ပါ-တရားထိုင်ခြင်း ---
လေ့လာမှုတွေအရ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့နည်းလမ်းတွေဟာ သွေးဖိအားလျော့ကျစေပြီး သွေးလွှတ်ကြောတွေမှာ အဆီခဲပိတ်ဆို့မှုကို လျော့ပါးစေကြောင်း သိရပါတယ်။ နှလုံးသွေးကြာရောဂါရှိတဲ့ အာဖရိကန်-အမေရိကန် လူမျိုး ၂၀၁-ဦးဟာ တရားထိုင်လိုက်တဲ့အခါ တရားမထိုင်သူတွေထက် နှလုံးရောဂါထခြင်း ဒါမှမဟုတ် လေဖြတ်ခြင်းနဲ့ သေဆုံးနိုင်ခြေ ၄၇-ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

၅။ ဒါကို အားပေးပါ-ဆေးလိပ်မသောက်ရ တားမြစ်နေရာများ---
ဆေးလိပ်မသောက်ရဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေဟာ ၂၀၀၆-ခုနှစ်လောက်က စပြီး အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ တော်တော်များလာပါတယ်။ ကိုလံဘီယာဆေးပညာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်မသောက်ရ တားမြစ်ပြီးနောက်ပိုင်းမှာ နှလုံးရောဂါထသူ ဦးရေဟာ ၄၇-ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်)
(Good Health 3-17-10)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP