* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 6, 2011

ယောအသင်း(မလေးရှား)ရဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ယောအသင်း(မလေးရှား) အသင်းသူ အသင်းသားများ
ယောအသင်းဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြသည့် သံဃာတော်များ

စင်္ကာပူရောက် ယောနယ်သူ ယောနယ်သားများစုပေါင်း၍ ယောအသင်း(စင်္ကာပူ)ကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းသကဲ့သို့ မလေးရှားနိုင်ငံရောက် ယောသူ ယောသားများကလည်း ၂၀၀၈ ခုနှစ်မှာပင် ယောအသင်း(မလေးရှား)ကို စတင်ဖွဲ့စည်းခဲ့သည်။
ယောသူ ယောသားအချင်းချင်း မကြာမကြာတွေ့ဆုံနိုင်ရန်၊ လူမှုရေးအခက်အခဲများ ၀ိုင်းဝန်းဖြေရှင်း၇န်နှင့် အခါအားလျော်စွာ ကုသိုလ်ကောင်းမှု စုပေါင်းပြုလုပ်ကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ယောအသင်းသည် ယခုအခါ ၂ နှစ်ကျော်၍ သုံးနှစ်တာ ကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်သစ်ကူးပွဲများ သီတင်းကျွတ် တန်ဆောင်တိုင်နှင့် အားလပ်ရက်များတွင် ယောသူ ယောသားအချင်းချင်းစုပေါင်း၍ ကုသိုလ်ကောင်းမှုပြုဖြစ်ခဲ့ကြသည်၊ တွေးလိုက်တိုင်း ကြည်နူးဝမ်းမြောက်စရာ ကောင်းလှ၏။ ယခုလည်း ယောအသင်း မလေးရှားမှ ကွာလာလမ်ပူရှိ ရတနာရာမကျောင်း၌ သံဃာတော် (၄၅)ပါးအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဂန့်ဂေါမြို့ ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်မြတ် ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေ ၂ သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ကြသည်။ သူတော်ကောင်းတို့ ချီးမွမ်းသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြခြင်းလည်းဖြစ်ပါ၏။

ထို့အပြင် ယောအသင်း(မလေးရှား)သည် ထောင်အတွင်းရောက်ရှိနေသော ယောသူ ယောသားများအား ငွေကြေးစိုက်ထုတ်၍ အပြင်ဖက်ရောက်အောင် ကူညီပေးခြင်း မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ဘုရားရှင်၏လမ်းစဉ်ဖြစ်သော ဆွေတော်မျိုးတော်များအကျိုးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးကြခြင်းလည်း ဖြစ်ပါ၏။
မှန်ပါ၏.. ကုသိုလ်ကောင်းမှုကို နည်းသည်ဟူ၍ အထင်မသေးရာ၊ ကောင်းကင်မှ မိုးပေါက်သည် အနည်းငယ်စီပင်ဖြစ်သော်လည်း ရေအိုးစသည်ကိုပြည့်စေသကဲ့သို့ ကောင်းမှုကုသိုလ်ကိုလည်း အနည်းစီပြုလုပ် ဆည်းပူလျှက် တိုးအောင်များအောင် ပြုလုပ်ရာ၏..ဟု ဘုရားရှင်ကိုယ်တိုင် လမ်းညွှန်တော်မူခဲ့လေသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP