တရားနှလုံးသွင်းပုံ မှတ်စုများ (ebook) ရယူနိုင်ပါပြီ။
ဓမ္မ မိတ်ဆွေများ ခင်ဗျား-- သံလျှင်သဘာဝရိပ်သာ ဆရာတော် (ဆူနာမီဆရာတော်) ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်(တရား နှလုံးသွင်းပုံ များ)ကို ကျွန်ုပ်ဥာဏ်မီသလောက် ကို လက်တွေ့ ဘ၀မှာရော- တရား အားထုတ်မှုတွင်ပါ တစုံတရာ အကျိုးရှိမည်ဟု မျှော်လင့်လျှက် မျှဝေအပ် ပါသည်။
- တရားနှလုံးသွင်းပုံ လမ်းညွှန်စာသားများသည် ကျွန်ုပ်တို့ ယခုလက်ရှိ ခံယူထား မိနေသော သဘောထား တချို့နှင့် ၀ိရောဓိဖြစ်ကောင်းဖြစ် မည်ဖြစ်သော်လည်း လောဘ-ဒေါသ- သောက-မာန-အတ္တ အယူများကို တစတစ စွန့်လွတ်လာနိုင်ကြောင်း တွေ့ရှိရသဖြင့် အကျိုးကျေးဇူးများ စေခြင်းငှာ ဓမ္မဒါန မျှဝေအပ်ပါသည်။
- ဓမ္မဒါနများကို လွယ်လွယ်နှင့်လည်း မသိမ်းပိုက်ရန် လွယ်လွယ်နှင့် လည်း မပစ်ပယ်ရန် အကြံပြုအပ်ပါသည်။
- တရားနှလုံးသွင်းပုံများကို ပိုမိုသိရှိနားလည်စေရန် ဆရာတော် ဦးဥတ္တမသာရ ဟောကြားတော်မူသော guided meditation တရားတော်များအား နားဆင်လျှက် ကြိမ်ဖန်များစွာ တရားနှလုံးသွင်းမှုကို လေ့ကျင့် ပြုလုပ်ကြည့်ရန် လေးစားစွာ အကြံပြုအပ်ပါသည်။
ebook စာအုပ်ရယူရန် လင့် -
http://www.mediafire.com/?hx14747cak6xdd9
ebook ကို စာအုပ်အဖြစ် ကျောကပ်ပရင့် ထုတ်ယူရန် -
http://www.mediafire.com/?1delyo8pufn43ds
လေးစားစွာဖြင့်

0 comments:
Post a Comment