* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 9, 2011

Quotes (Mark Twain) - ဆိုစကားများ (မာ့ခ်တွိန်း)


A person who won't read has no advantage over one who can't read.
စာမဖတ်တဲ့သူဟာ စာမတတ်သူထက် ပိုပြီး ဘာအကျိုးထူးမှ ရမှာမဟုတ်ပါဘူး။

Better a broken promise than none at all.
လုံးဝ ကတိမပေးတာထက် ကတိမတည်တာက ပိုကောင်းပါတယ်။

Be careful about reading health books. You may die of a misprint.
ကျန်းမာရေးအကြောင်း ရေးတဲ့စာအုပ်တွေဖတ်ရင် သတိထားပါ။ ပုံနှိပ်အမှားကြောင့် အသက်သေရနိုင်ပါတယ်။

Giving up smoking is the easiest thing in the world. I know because I've done it thousands of times.
ဆေးလိပ်ဖြတ်ရတာဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံး အလုပ်ပဲ။ ကျုပ်ကိုယ်တိုင် အကြိမ်ပေါင်း ထောင်ချီပြီး ဆေးလိပ်ဖြတ်ဖူးလို့ ဒါကို သိတာ။

I have never taken any exercise except sleeping and resting.
အိပ်စက်ခြင်း နဲ့ အနားယူခြင်းကလွဲလို့ တစ်ခြားဘာလေ့ကျင့်ခန်းမှ ကျုပ်မလုပ်ဘူး။

Golf is a good walk spoiled.
ဂေါက်သီးရိုက်ခြင်းဟာ ဖျက်ဆီးခံလိုက်ရတဲ့ လမ်းလျှောက်လေ့ကျင့်ခန်းကောင်း ဖြစ်ပါတယ်။

When you fish for love, bait with your heart, not your brain.
အချစ်(ငါး)ကို မျှားမယ်ဆိုရင် နှလုံးသားကို အစာတပ်ပါ။ ဦးနှောက်ကို မတပ်ပါနဲ့။

Always do right. This will gratify some people and astonish the rest.
မှန်တာကို အမြဲလုပ်ပါ။ လူတစ်ချို့ကို အကြိုက်တွေ့စေပါလိမ့်မယ်။ ကျန်တဲ့သူတွေကို အံ့အားသင့် စေပါလိမ့်မယ်။

The best way to cheer yourself up is to try to cheer somebody else up.
ကိုယ်တိုင်ပျော်ရွှင်ဖို့ အကောင်းဆုံးနည်းလမ်းဟာ သူတစ်ပါးကို ပျော်ရွှင်စေခြင်း ဖြစ်ပါတယ်။

All you need is ignorance and confidence and the success is sure.
မိုက်မဲမှု နဲ့ ယုံကြည်ချက်ပဲ လိုပါတယ်။ ဒါဆို အောင်မြင်မှုရဖို့ သေချာပါတယ်။



Ref (8 November 2010):
http://www.lib.berkeley.edu/give/bene62/MarkTwain.jpg

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP