* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 9, 2011

လူတိုင်းသိထားသင့်တဲ့ ကံအကြောင်း အပိုင်း(၈)

Saturday, 08 January 2011 19:30 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/719-2011-01-09-03-37-07.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/719-2011-01-09-03-37-07.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzcxOS0yMDExLTAxLTA5LTAzLTM3LTA3Lmh0bWw%3D] အီးမေးလ်[/LINK]
လူတိုင်းသိထားသင့်တဲ့ ကံအကြောင်း အပိုင်း(၈)

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

(၃) ကာလသမ္ပတ္တိဆိုတာ “ချိန်သင့်ခါညီ” အင်္ဂါရပ်နဲ့ ပြည့်စုံခြင်းကို ဆိုလိုတာပါ။ မြတ်စွာဘုရားရှင် လက်ထက်က ရဟန်းတစ်ပါးဟာ အလွန် သဒ္ဓါတရား ကောင်းတယ်လို့ (ယခုအထိ) ထင်ရှားကျော်စောတဲ့ ဝိသာခါ ကျောင်းအမကြီး အိမ်ကို ဆွမ်းခံကြွ ပါတယ်။ ပထမ အကြိမ်မှာ အလွန် စောလွန်း ချိန်ရောက်သွားတော့ ဆွမ်းကျက်ချိန် မဟုတ်တဲ့အတွက် ဆွမ်းမရခဲ့ဘူး၊ နောက် တစ်ကြိမ် အလွန်နောက်ကျပြီး သွားတဲ့အခါမှာလည်း ဆွမ်းလောင်းပြီးလို့ အိုးခွက်ပန်းကန်တွေ သိမ်းပြီး ချိန်ရောက်နေပြီဖြစ်လို့ ဆွမ်းမရပြန်ပါဘူး၊



ဒါဟာ ဝိသာခါ ကျောင်းအမကြီးက သဒ္ဓါတရားမရှိလို့လည်း မဟုတ်ဘူး၊ ရဟန်းက ကံမကောင်းလို့လည်း မဟုတ်ပါဘူး၊ “ကာလသမ္ပတ္တိ” ချွတ်ယွင်းပြီး ကာလဝိပ္ပတ္တိနဲ့ ကြုံတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာလူမျိုးတို့ ဩကာသကန်တော့ကျိုးမှာ ဆိုလေ့ရှိဘေ့ရှိတဲ့ “ရပ်ပြစ်ရှစ်ပါး” ဆိုတာ ကံကြမ္မာနဲ့တန်ရာ ကောင်းကျိုးကို မရနိုင်တဲ့ ကာလဝိပ္ပတ္တိတွေပဲ ဖြစ်ပါတယ်။ သာသနာပကာလဆိုတာဟာလည်း ကောင်းမှုမျိုးစေ့များ စိုက်ပျိုးဖို့ အခွင့်မသာတဲ့ ကာလဝိပ္ပတ္တိကြီးပါပဲ။ ကာလသမ္ပတ္တိ ကာလဝိပ္ပတ္တိဆိုတာ လူတို့အတွက်သာ မကပါဘူး သတ္တဝါအားလုံးတို့ရဲ့ ကံကောင်းခြင်း ကံဆိုးခြင်းတို့အတွက်လည်း အလွန်အရေးပါတဲ့အချက်ပါ။



ခင်ပုတ်ငှက်တို့အတွက် ညဥ့်အခါဆိုတာ အစာရှာဖွေ စားသောက်နိုင်ရေး အတွက် ကာလ သမ္ပတ္တိဖြစ်တယ်၊ နေ့အခါကတော့ သူတို့အတွက် ကာလဝိပ္ပတ္တိ ကြီးပါ။ ကျေးငှက်စတဲ့ သတ္တဝါတို့အတွက်ကတော့ နေ့အခါက ကာလသမ္ပတ္တိ၊ ညဥ့်အခါက ကာလဝိပ္ပတ္တိဖြစ်သွားပါတယ်။ စိုက်ပျိုးရေး နယ်ပယ်မှာလည်း ဆန်စပါး စိုက်ပျိုးသူတို့အတွက် မိုးအခါက ကာလသမ္ပတ္တိ၊ နွေအခါက(ပုံမှန်အားဖြစ်တော့) ကာလဝိပ္ပတ္တိပါ။ မြေနုကျွန်း ပေါ်မှာလုပ်ကိုင်စားသောက် သူများအတွက်တော့ ဆောင်းအခါက ကာလသမ္ပတ္တိဖြစ်ပြီး မိုးအခါက ကာလဝိပ္ပတ္တိ ဖြစ်နေပါလိမ့်မယ်။ တိုတိုချုပ် ကတော့ မိမိအတတ်ပညာ အသိပညာကို အသုံးချပြီး အကျိုးပစီးပွားရှာဖွေဖို့ သင့်လျော်လျောက်ပတ်တဲ့ အချိန်အခါက ကာလ သမ္ပတ္တိဖြစ်ပြီး မသင့်လျော်တဲ့ အချိန်အခါက ကာလဝိပ္ပတ္တိပါပဲ။ ၊မိုးကုန်မှ ထွန်ချ၊ မိုးစဲမှ ရေခံ” ဆိုသလို သင့်လျော်တဲ့ အချိန်အခါမှာ မကြိုးစားပဲ အချိန်လွန်မှ ကြိုးစားလို့ အကျိုးစီးပွား မဖြစ်တာဟာ ကံမကောင်းအကြောင်း မလှလို့ မဟုတ်ပါဘူး အချိန်ကာလချို့ယွင်းတဲ့ ကာလဝိပ္ပတ္တိကြောင့်သာ ဖြစ်ပါတယ်။



(၄) ပယောဂသမ္ပတ္တိ ဆိုတာနဲ့ ပတ်သက်လို့တော့ မာန်လည်ဆေရာတော်ဆရာတော်ကြီးရဲ့ မဃဒေဝလင်္ကာပိုဒ် ရှင်းပြစဉ်က ပြောခဲ့တဲ့အတိုင်းပါပဲ ကာယပယောဂလို့ ဆိုရမယ့် ဝီရိယ ပယောဂရယ်၊ ဉာဏပယောဂရယ် နှစ်မျိုးစုံမှ ပယောဂသမ္ပတ္တိဖြစ်တာပါ၊



ဒေးဒရဲမှာ နေစဉ်က ကိုယ်တွေ့မျက်မြင်ကြုံရဖူးတဲ့ ဖြစ်ရပ်တစ်ခုရှိပါတယ်၊ ပင်လယ်ဆုတ်သွားပြီး တင်ကျန်ရစ်တဲ့ နူံးညွန်ထဲကျသွားသူ တစ်ယောက်ဟာ ခါးလောက်အထိ နစ်သွားရာက လွတ်အောင်ဆိုပြီး အတင်းကန်ရုန်းလိုက်တာ ရင်စို့လောက်အထိ နစ်သွားလို့ ငြိမ်ငြိမ်နေခိုင်း ပြီး နားလည်သိမှီသူတစ်ဦးကို ခေါ်ယူအကူ အညီတောင်းကြည့်တော့မှ “အပေါ်ကို မရုန်းနဲ့၊ နောက်ကိုအသာ ပက်လက်လှန်ချပြီး ကျောပြင်နဲ့ ပွတ်ရုန်း”ဆိုလို့ သူပြောတဲ့အတိုင်း ရုန်းလိုက်တော့မှ ကမ်းစပ်အထိရောက်လာပြီး အသက်ချမ်းသာရာ ရခဲ့ဖူးပါတယ်။



ပယောဂသမ္ပတ္တိ ဆိုတာ ဒီသဘောကို ပြောတာပါပဲ။

(၅) ဉာဏသမ္ပတ္တိဆိုတာလဲ ဉာဏပယောဂမှာ ပြောခဲ့တဲ့အတိုင်း အရာရာကို နှိုင်းယှဉ်ဝေဖန်၊ စီမံတတ်တဲ့ အသိဉာဏ်ပြည့်စုံ

မှုကို ဆိုလိုတာပါပဲ။ မြန်မာစကားမှာ “ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်”လို့ ဆိုရိုးစကားရှိသော်လည်း ဥစ္စာ၊ ဘောဂ၊ ဇီဝိတအားလုံးကို ကံ ဉာဏ်လုံ့လတို့ ပူးပေါင်းစောင့်ပေးမှ ကောင်းကျိုး တာရှည်ခိုင်မြဲပါတယ်။ ကုဋေ ရှစ်ဆယ်သူဋ္ဌေးသားဟာ ကံကောင်းလို့ ဇနီးခင်ပွန်းစုံတဲ့ အခါမှာ ကုဋေ ၁၆၀ြွကယ်ဝပေမယ့် Óဏ်နဲ့ မစောင့်တတ်၊ မစီမံတတ်တဲ့အတွက် ခွက်လက်စွဲတောင်းစားရပြီး မြောင်းကြားမှာ ဘဝဆုံးသွားရတာဖြစ်တယ်ဆိုတာကို သတိပြုမိကြဖို့ပါ။



ဇာတကပါဠိတော်မှာတော့ -

အလုပ်ကို ဉာဏ်နဲ့ မစီမံ မပြုလုပ်တတ်သူ၊ ကောင်းဆိုးယုတ်မြတ်ကို သိတတ်တဲ့ ဉာဏ်ပညာမရှိဘဲ ပညာမဲ့သူတို့နဲ့သာ

အခါခပ်သိမ်း တိုင်ပင်လုပ်ကိုင်လေ့ရှိသူ လူမိုက်ကို စည်းစိမ်ချမ်းသာတို့က စွန့်ခွာသွားမြဲဖြစ်တယ်၊ ဥပမာပြောရရင်တော့ြွေမသတ္တဝါဟာ ဆွေးမြေ့ဟောင်းမြင်းတဲ့ အရေဟောင်းကို စွန့်ခွာသွားသလိုပါပဲ}}တဲ့။ (ဇာတက၊ပ၊၃၂၂။ ဋ္ဌ၊ပ၊၁၀၄)



နီတိကျမ်းဆရာတို့ကတော့ -

ဉာဏ်ပညာဗဟုသုတရှိတဲ့ လူကောင်းသူကောင်းတို့မှာရှိတဲ့ ရွှေငွေဘဏ္ဍာ စည်းစိမ်ဥစ္စာဆိုတာ မပြောပလောက်တဲ့ အနည်းငယ် လေးပင်ဖြစ်စေ တွင်းရေလို ချိုမြိန်ကောင်းမြတ်တယ်။ အားထားမှီခိုရာလည်းဖြစ်တယ်။ ဉာဏ်ပညာ ဗဟုသုတမရှိသူတို့ရဲ့ ရွှေငွေ ဘဏ္ဍာ စည်းစိမ်ဥစ္စာတွေကတော့ ဘယ်လောက်ပဲ များနေ များနေနေ၊ ပင်လယ်ဆားငံရေလိုပဲ၊ မှီခိုအားထားရာ မဖြစ်ဘူး လို့ဆိုပါတယ်။

(စံကျောင်းဆရာတော်၊ ကံ ဉာ ဏ်çဝီရိယ အကျယ်လက်စွဲကျမ်း)



ဉာဏသမ္ပတ္တိချွတ်ယွင်းပြီး ဉာဏဝိပ္ပတ္တိဖြစ်ကြသူတို့ ရွှေငွေဘဏ္ဍာစည်းစိမ်ဥစ္စာတွေ များစွာပိုင်ဆိုင်ထားခြင်းနှင့် ပတ်သက်လို့ မိမိသူတစ်ပါး နှစ်ဦးသားလုံး ကောင်းကျိုးမဲ့တတ်ပုံ၊ ဆင်းရဲဒုက္ခရောက်တတ်ကြပုံတို့နဲ့ ပတ်သက်လို့လည်း အထက်ပါကျမ်းမှာပဲ စံကျောင်း ဆရာတော်ဘုရားကြီး သုံးသပ်ပြထားတာကတော့ -

“ဥစ္စာသာရှိ၍၊ အသိအလိမ္မာ ဉာဏ်ပညာဗဟုသုတ မရှိသော သူတို့သည်၊ (၁) ကျော်စောထင်ရှားခြင်း၊ (၂) သူတကာတို့ ချစ်နှစ်သက်ခြင်း၊ (၃) ပရိသတ်လေးပါးတို့ အလယ်၌ မကြောက်မရွံ့ရဲဝံ့စွာနေနိုင်ခြင်း၊ (၄) သူတော်ကောင်းများ မိမိထံသို့လာရောက်ခြင်း စသော ယခုပစ္စုပ္ပန်အကျိုး၊ (၅) တမလွန်ဘဝ၌ လူ့စည်းစိမ်၊ နတ်စည်းစိမ်နှင့်တကွ၊ နိဗ္ဗာန်ချမ်းသာကို ရနိုင်ခြင်း ဟုဆိုအပ်သော ငါးပါးသော အကျိုးတို့ကို ရစေခြင်းငှာစွမ်းနိုင်သော အလှူဒါနကို ပြုလုပ်ခြင်း၊ ဖုန်းတောင်းယာစကာတို့အား ထိုက်သည့်အားလျော်စွာ စွန့်ကြဲခြင်း၊ ဆွေမျိုးတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊ မိဘတို့အား လုပ်ကျွေးမွေးမြူခြင်း၊ သားမယားတို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်း၊ ပူဇော်ထိုက်သော သူတို့အား ပူဇော်ခြင်း၊ ရဟန်းသံဃာတို့အား အလှူဒါနပြုခြင်းစသော ကောင်းမှုကို ဆည်းပူးလျက်၊ ဒုက္ခအပေါင်းမှ ထွက်မြောက်စေခြင်းငှာ မပြုလုပ်တတ်ကြမူ၍၊ ]မျောက် မီးစ ရဘိသကဲ့သို့ゞင်း၊ အရူး ဓား ရဘိသကဲ့သို့ゞင်း} အမျိုးသားအချင်းချင်းတို့ အပေါ်၌ ထောင်လွှားခြင်း၊ မာန်မူခြင်း၊ ရိုသေထိုက် ပူဇော်မြတ်နိုးထိုက်သော ရဟန်းသံဃာ၊ ဆရာမိဘ၊ မိကြီး မိထွေး၊ ဦးကြီးဦလေး၊ အကိုကြီး အမကြီးစသော သူတို့အား မထီလေးစားပြုခြင်း၊ မူးယစ်သေစာ သုံးစွဲခြင်း၊ ပွဲလမ်းသဘင်၊ အပျော်အရွှင် လိုက်စားကျူးခြင်း၊

သူတစ်ပါး သားမယားတို့ကို ကျူးလွန်စော်ကားခြင်းစသဖြင့် (ဒု၊ သ၊ န၊ သော)ဟု ဆိုအပ်သော သူဋ္ဌေးသားလေးယောက်တို့အလား၊ ဤဘဝ၊ နောင်ဘဝ၊ နှစ်ဘဝလုံး အကျိုးစီးပွားပျက်ပြား ဆုတ်ယုတ်ဖို့ရာ အကြောင်း၊ မကောင်းမှုတို့သာ ဆည်းပူးတတ်ကြကုန်၏” တဲ့။



(စံကျောင်း ဆရာတော်၊ ကံ၊ ဉာဏ်၊ ဝီရိယအကျယ် လက်စွဲကျမ်း ၇၇-၇၈) ပြဆိုခဲ့ပြီးတဲ့ အထောက်အထား သာဓကများအရ ) “ ဉာဏ်မပါလျင် ကံအရာ မရောက်နိုင်ကြောင်း” ကို အလေးအနက်သဘောပေါက်ရမှာ ဖြစ်ပါတယ်။



ကမ္မပစ္စည်းနဲ့ ပတ်သက်လို့ အခုပြောခဲ့တဲ့ စကားရပ်များကို အကျဉ်းချုပ်သဘောပေါက်ရမှာကတော့ -

(က) ကောင်းတဲ့ “ကံ” ဆိုတာ နေရာကောင်းခြင်း၊ အသွင်အပြင် အဆောက်အဦ ကိရိယာတန်ဆာပလာကောင်းခြင်း၊ အခါကောင်းခြင်း၊ လုံ့လ ဝီရိယကောင်းခြင်း၊ ဉာဏ်အစီအမံကောင်းခြင်းဆိုတဲ့ ကောင်းခြင်းငါးပါး သမ္ပတ္တိတရားတို့ရဲ့ အထောက်အကူ ရမှသာ ကောင်းကျိုးပေးနိုင် တယ်။ ကောင်းခြင်းငါးဖြာဖော်သဟာ ကင်းမဲ့ရင် ကောင်းကျိုးပေးဖို့ မစွမ်းနိုင်ဘူး။

(ခ) မကောင်းတဲ့ “ကံ”များဟာလည်း နေရာမကောင်းခြင်းစတဲ့ မကောင်းခြင်းငါးပါး ဝိပ္ပတ္တိတရားတို့ရဲ့ အကူအညီကို ရမှသာ

မကောင်းကျိုးကိုပေးကြတယ်။ နေရာကောင်းခြင်းစတဲ့ ကောင်းခြင်းငါးပါး သမ္ပတ္တိတရားများကို အမှီသဟဲရနေသမျှ မကောင်းကျိုးများ

မပေးနိုင်ကြပါဘူး ဆိုတာပဲဖြစ်ပါတယ်။

မှန်ပါတယ်။ ကံတွေမှာ -

(၁) ကိုယ်တိုင်ပဋိသန္ဓေကျိုး ပဝတ္တိကျိုးတွေကို ဖြစ်စေနိုင်တဲ့ “ဇနက ကံ” ။

(၂) ဇနကကံတို့ အကျိုးပေးခွင့်သာအောင်၊ အကျိုးပေးထက်သန်အောင် ထောက်ပံ့ကူညီပေးတတ်တဲ့ “ဥပတ္ထမ္ဘက ကံ” ။

(၃) ဆန့်ကျင်ဘက် ကံတို့ အကျိုးပေးခွင့်မရအောင်၊ ရပြန်ရင်လည်း အကျိုးပေး မထက်သန်အောင် နှောက်ယှက်ဟန့်တား

နှိပ်စက်တတ်တဲ့ “ဥပပီဠက ကံ” ။

(၄) ဆန့်ကျင်ဘက်ကံတို့ရဲ့ အကျိုးပေးခွင့်ကို နှောက်ယှက်ဟန့်တားရုံမျှမက အကျိုးပေးခွင့်ကို လုံးဝဆိတ်သုဉ်း သွားအောင် ပယ်သတ်တတ်တဲ့ “ဥပဃာတက ကံ” ဆိုပြီး လုပ်ငန်းဆောင်ရွက်ပုံ ကိစ္စအစွမ်းအားဖြင့် လေးပါးပြား ပါသေးတယ်။

ကောင်းခြင်းငါးပါး သမ္ပတ္တိတရားတွေနဲ့ တွေ့ကြုံတဲ့အခါ ပစ္စုပ္ပန်မှာပြုလုပ်တဲ့ ကုသိုလ်ကံတွေထဲက ဥပတ္ထမ္ဘကကံတွေက အတိတ် ကုသိုလ်ကံတွေရဲ့ ဇနကသတ္တိကို အားဖြည့်ကူညီပေးတဲ့အတွက် ကံကောင်းထောက်မချိန်ရောက်ပါတယ်။

အဲဒီလို သမ္ပတ္တိအခွင့် ကောင်းမျိုးကြုံရခိုက်မှာ ကုသိုလ် ဥပပီဠကကံတွေကလည်း အတိတ်အကုသိုလ်ဇနကကံတွေရဲ့ ဆိုးကျိုးပေးခွင့်ကို ဟန့်တားပေးထားပြီး ပစ္စုပ္ပန်မှာပြုတဲ့ ကုသိုလ်ကံတွေထဲက ဒိဋ္ဌဓမ္မဝေဒနိယကံတွေရဲ့ ဇနကသတ္တိ၊ ဥပတ္ထမ္ဘက သတ္တိတွေသာ အကျိုးပေးခွင့် ရကြလို့ ချမ်းသာသုခနဲ့သာ ကြုံနေတတ်ကြပါတယ်။ အကုသိုလ်ကံတွေဟာ လုံးဝဆိတ်သုဉ်း သွားတာတော့ မဟုတ်ပါဘူး၊ ပစ္စုပ္ပန် ကုသိုလ်ကံနဲ့ သမ္ပတ္တိတရားတို့ အရှိန်အဝါကြောင့် ငြိမ်ဝပ်နေတဲ့ သဘောပါ။



ဝိပ္ပတ္တိငါးမျိုးဖြစ်တဲ့ အဆိုးငါးပါးနဲ့ ကြုံရချိန်မှာတော့ ပစ္စုပ္ပန်အကုသိုလ်တွေရဲ့ ဥပတ္ထမ္ဘကသတ္တိက အတိတ် အကုသိုလ်ကံ တို့ရဲ့ ဇနကသတ္တိကို ထောက်ပံ့အားပြုပေးတဲ့အတွက် အကုသိုလ်ကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခတွေကို လှလှကြီးခံစားရတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ အတိတ်ကကုသိုလ်ကံမျိုးစေ့ပါသူများဟာလည်း ပစ္စုပ္ပန်မှာ ကြုံရဆုံရတဲ့ပတ်ဝန်းကျင် ဥပနိဿယများ ကြောင့် အကုသိုလ် ကံတွေကို ကျူးလွန်လာကြတယ်။ အဲဒီပစ္စုပ္ပန်အကုသိုလ်ကံတွေရဲ့ ဥပပီဠကသတ္တိကပဲ အတိတ်ကုသိုလ်ကံ တို့ရဲ့ ဇနကသတ္တိကိုလည်း နှောက်ယှက် ဟန့်တားထားနိုင်တဲ့အတွက် ကုသိုလ်ကံတွေက ငုပ်လျှိုးနေရပြီး ပစ္စုပ္ပန်အကုသိုလ်ကံတွေ ထဲက ဒိဋ္ဌဓမ္မဝေဒနိယ ကံရဲ့ အကျိုးအဖြစ်နဲ့ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားကြရတာပါ။

ကောင်းခြင်းငါးပါး၊ ဆိုးခြင်းငါးပါးတို့ဆိုတာတွေကလည်း ပဋိသန္ဓေကျိုးက ပစ်ချလိုက်တဲ့အတိုင်း ပုံသေကြီး ဖြစ်နေကြရတာ မဟုတ်ဘဲ၊ ပဝတ္တိကာလမှာ လူစွမ်းလူစဆိုတဲ့ အတ္တသမ္မာပဏိဓိမင်္ဂလာအားလျှော်စွာ ပြုလုပ်ဖန်တီးနိုင်တဲ့ တရားများ ဖြစ်ကြတာကြောင့် မိမိတို့ရဲ့ ကိုယ်စိတ်နှစ်ပါးလုံးကို ဉာဏ် ဝီရိယ ပယောဂတို့နဲ့ ပေါင်းစုံပုံဖော်ပြီး ပြည့်စုံတဲ့ အတ္တသမ္မာပဏိဓိမင်္ဂလာ ရှိသူများဖြစ်အောင် အထူးကြိုးစား အားထုတ်ခြင်းဖြင့် နေရာမရွေး၊ ကာလမရွေး ကံကောင်းထောက်မ အောင် ဖန်တီးနိုင်ကြပါတယ်။



“ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း”ဆိုတဲ့ မဃဒေဝလင်္ကာစကားကို ဘဝတန်ဆောင်၊ မီးရှူးရောင်ပမာ၊ အမြဲမပြတ်လက်ကိုင်ထား ကြိုးစားကြဖို့ပါပဲ။

ဒီလောက်ဆိုရင် ကမ္မပစ္စည်းနဲ့ပတ်သက်လို့ အတော်လေးပြည့်စုံလောက်ပါပြီ။

ကံကောင်းထောက်မကြပါစေ

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP